Header Ads


စီေရာ္နယ္ဒိုထက္ပရီးမီးယားလိဂ္သြင္းဂိုးပိုမ်ားသြားျပီျဖစ္တဲ့ဟာဇက္



ဟာဇက္အေနနဲ႕မေန႔ညက ကစားခဲ့တဲ့ ဝက္ဟမ္းနဲ႔ ပြဲမွာ ၂ဂိုးသြင္းယူျပီးေနာက္ ပရီးမီးယားလိဂ္ ဂိုးသြင္းမွတ္တမ္းမွာ စီေရာ္နယ္ဒိုထက္ ေက်ာင္လြန္သြားျပီျဖစ္ပါတယ္။ 

ခ်ယ္ဆီးအတြက္ အဖြင့္ဂိုးသြင္းေပးခဲ့သလို ဒုတိယပိုင္းမွာလည္း အနိုင္ေသခ်ာေစမယ့္ ဂိုးတစ္ဂိုးထပ္သြင္းျပီး အသင္းရဲ႕နိုင္ပြဲမွာ အဓိကေနရာက ပါဝင္ခဲ့ပါတယ္။ဒီနွစ္ဂိုးသြင္းျပီးေနာက္ ပရီးမီးယားသမိုင္းရဲ႕ဂိုးသြင္းအမ်ားဆံုးစာရင္းမမွာ အဆင့္(၄၀)အတြင္းေရာက္လာျပီး Ballon d'Or ငါးဆုရွင္ စီေရာ္နယ္ဒိုထက္လည္း သာလြန္သြားပါတယ္။ေရာ္နယ္ဒိုကPLသြင္းဂိုး84ဂိုး႐ ရွိထားတာျဖစ္ျပီး ဟာဇက္ကေတာ့  မန္ယူနိုက္တက္ကစားသမားေဟာင္း ဆာဟာ,လီဗာပူးဖန္ေတြရဲ႕အသဲစြဲ ေတာရက္တို႔နဲ႕အတူသြင္းဂိုး 85ဂိုးထိရွိလာတာပါ။
သူ႕အထက္အဆင့္38ေနရာမွာေတာ့ အာဆင္နယ္ ဂႏၲဝင္ကစားသမား ဘားကမ့္က87ဂိုးနဲ႔ရပ္တည္ေနပါတယ္။ ဒါ့အျပင္ သူတင္ထားတဲ့မွတ္တမ္းတစ္ခုကိုလည္းခ်ိဳးဖ်က္နိုင္ဖို႔နီးစပ္ေနပါတယ္။ ခ်ယ္ဆီးအသင္းမွာ ဟာဇက္တစ္ရာသီအတြင္းျပိဳင္ပြဲစံုဂိုးအမ်ားဆံုသြင္းဖူးတာက2014-15ရာသီကျဖစ္ျပီး 19ဂိုးသြင္းခဲ့တာပါ။လက္ရွိမွာေတာ့ ရာသီကုန္ဖို႔နွစ္လေလာက္လိုေသးခ်ိန္မွာ၁၈ဂိုးထိရထားတာေျကာင့္ သူ႔စံခ်ိန္ေဟာင္းကို ေက်ာ္ျဖတ္ျပနိုင္ဖို႕ နီးစပ္ေနပါတယ္။

အသင္းမွာ၇ရာသီျကာ ကစားခဲ့ျပီးေနာက္မွာေတာ့ ရီးရဲကိုေျပာင္းေတာ့မယ္လို႔သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာပါတယ္။ဆာရီကေတာ့ ဟာဇက္ရဲ႕အနာဂတ္ကသူ႕လက္ထဲရွိေပမယ့္ အာမခံခ်က္ေတာ့ မေပးခဲ့ပါဘူး။ဆာရီက''ဟာဇက္အေနနဲ႕အေတြ႕အျကံုသစ္ေတြရွာေဖြလိုေနတယ္ဆိုရင္ေတာ့ သူ႔ကို ထိန္းထားဖို႔ခက္လိမ့္မယ္။ညကေတာ့ပြဲေကာင္းတစ္ပြဲကိုသူကစားျပခဲ့တယ္။သူဒီလိုေကာင္းေကာင္းကစားနိုင္ရင္အသင္းလည္း နိုင္ဖို႔လြယ္တာေပါ့။သူ႔ရဲ႕တန္ဖိုးက သန္းတစ္ရာဆိုရင္ေတာ့ နည္းလြန္းပါတယ္။ေစ်းကြက္တန္ဖိုးေတြကို ခင္မ်ားလည္း ျမင္ေနျကားေနတာပဲ။အသင္းကလည္း သူ႔ကိုဆက္ထိန္းလိုေနတယ္။က်ေနာ္ကေတာ့အသင္းကို ပိုတိုးတက္ေအာင္တည္ေဆာက္သြားမယ္။အဂၤရဲ႕အေကာင္းဆံုးအသင္း။အဲ့ဒီေနာက္ ဥေရာပရဲ႕အေကာင္းဆံုးအသင္းအျဖစ္။ ဒါေပမယ့္ သူ႔ရဲ႕ဆံုးျဖတ္ခ်က္ကိုလည္းေလးစားရမွာပါ''လို႕ထုတ္ေျပာခဲ့ပါတယ္။


ဟာဇက္ကေတာ့ ေႏြေစ်းကြက္မွာ ရီးရဲကိုေျပာင္းဖို႔ပုဂၢိဳလ္ေရးသေဘာတူညီမႈရထားျပီလို႔လည္း အခ်ိဳ႕ကဆိုပါတယ္။ဘယ္လိုအေျပာင္းအေရြ႕ပံုျပင္မ်ိဳးျဖစ္လာမွာလဲ။

(Unicode)

စီရော်နယ်ဒိုထက်ပရီးမီးယားလိဂ်သွင်းဂိုးပိုများသွားပြီဖြစ်တဲ့ဟာဇက်

ဟာဇက်အနေနဲ့မနေ့ညက ကစားခဲ့တဲ့ ဝက်ဟမ်းနဲ့ ပွဲမှာ ၂ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် ဂိုးသွင်းမှတ်တမ်းမှာ စီရော်နယ်ဒိုထက် ကျောင်လွန်သွားပြီဖြစ်ပါတယ်။ 

ချယ်ဆီးအတွက် အဖွင့်ဂိုးသွင်းပေးခဲ့သလို ဒုတိယပိုင်းမှာလည်း အနိုင်သေချာစေမယ့် ဂိုးတစ်ဂိုးထပ်သွင်းပြီး အသင်းရဲ့နိုင်ပွဲမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ဒီနှစ်ဂိုးသွင်းပြီးနောက် ပရီးမီးယားသမိုင်းရဲ့ဂိုးသွင်းအများဆုံးစာရင်းမမှာ အဆင့်(၄၀)အတွင်းရောက်လာပြီး Ballon d'Or ငါးဆုရှင် စီရော်နယ်ဒိုထက်လည်း သာလွန်သွားပါတယ်။ရော်နယ်ဒိုကPLသွင်းဂိုး84ဂိုးရ ရှိထားတာဖြစ်ပြီး ဟာဇက်ကတော့  မန်ယူနိုက်တက်ကစားသမားဟောင်း ဆာဟာ,လီဗာပူးဖန်တွေရဲ့အသဲစွဲ တောရက်တို့နဲ့အတူသွင်းဂိုး 85ဂိုးထိရှိလာတာပါ။

သူ့အထက်အဆင့်38နေရာမှာတော့ အာဆင်နယ် ဂန္တဝင်ကစားသမား ဘားကမ့်က87ဂိုးနဲ့ရပ်တည်နေပါတယ်။ ဒါ့အပြင် သူတင်ထားတဲ့မှတ်တမ်းတစ်ခုကိုလည်းချိုးဖျက်နိုင်ဖို့နီးစပ်နေပါတယ်။ ချယ်ဆီးအသင်းမှာ ဟာဇက်တစ်ရာသီအတွင်းပြိုင်ပွဲစုံဂိုးအများဆုံသွင်းဖူးတာက2014-15ရာသီကဖြစ်ပြီး 19ဂိုးသွင်းခဲ့တာပါ။လက်ရှိမှာတော့ ရာသီကုန်ဖို့နှစ်လလောက်လိုသေးချိန်မှာ၁၈ဂိုးထိရထားတာကြောင့် သူ့စံချိန်ဟောင်းကို ကျော်
ဖြတ်ပြနိုင်ဖို့ နီးစပ်နေပါတယ်။

အသင်းမှာ၇ရာသီကြာ ကစားခဲ့ပြီးနောက်မှာတော့ ရီးရဲကိုပြောင်းတော့မယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ဆာရီကတော့ ဟာဇက်ရဲ့အနာဂတ်ကသူ့လက်ထဲရှိပေမယ့် အာမခံချက်တော့ မပေးခဲ့ပါဘူး။ဆာရီက''ဟာဇက်အနေနဲ့အတွေ့အကြုံသစ်တွေရှာဖွေလိုနေတယ်ဆိုရင်တော့ သူ့ကို ထိန်းထားဖို့ခက်လိမ့်မယ်။ညကတော့ပွဲကောင်းတစ်ပွဲကိုသူကစားပြခဲ့တယ်။သူဒီလိုကောင်းကောင်းကစားနိုင်ရင်အသင်းလည်း နိုင်ဖို့လွယ်တာပေါ့။သူ့ရဲ့တန်ဖိုးက သန်းတစ်ရာဆိုရင်တော့ နည်းလွန်းပါတယ်။ဈေးကွက်တန်ဖိုးတွေကို ခင်များလည်း မြင်နေကြားနေတာပဲ။အသင်းကလည်း သူ့ကိုဆက်ထိန်းလိုနေတယ်။ကျနော်ကတော့အသင်းကို ပိုတိုးတက်အောင်တည်ဆောက်သွားမယ်။အင်္ဂရဲ့အကောင်းဆုံးအသင်း။အဲ့ဒီနောက် ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ်။ ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်းလေးစားရမှာပါ''လို့ထုတ်ပြောခဲ့ပါတယ်။

ဟာဇက်ကတော့ နွေဈေးကွက်မှာ ရီးရဲကိုပြောင်းဖို့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီလို့လည်း အချို့ကဆိုပါတယ်။ဘယ်လိုအပြောင်းအရွေ့ပုံပြင်မျိုးဖြစ်လာမှာလဲ။

No comments

Powered by Blogger.