အသင္းပရိတ္သတ္ေတြနဲ ့စကားမ်ားခဲ့တဲ့ အစၥကိုတစ္ေယာက္အသင္းကေနထြက္ခြာေတာ့မွာလား?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲအသင္းအေနနဲ႕ အိမ္ကြင္းမွာCSKAေမာ္စကို ,ကို အရွက္ရဖြယ္ရံႈးနိမ့္ျပီးေနာက္ ထြက္ေပၚလာတဲ့သတင္းေတြအရ အစၥကိုရဲ႕အနာဂတ္ဟာ အသင္းမွာဆက္ရွိဖို႔ မေသမခ်ာျဖစ္လာခဲ့ပါတယ္။ရီးရဲအသင္ရဲ႕ခ်န္ပီယံလိဂ္ျပိဳင္ပြဲသမိုင္းတေလ်ွာက္ အဆိုးရြားဆံုးအိမ္ကြင္းရံႈးပြဲအျဖစ္ CSKAကို ၃-၀နဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲ့တာပါ။ဒီပြဲအတြင္းပရိတ္သတ္ေတြက အစၥကို ကို ေလွာင္ေျပာင္မႈေတြျပဳလုပ္ခဲ့တာေၾကာင့္ အသင္းကထြက္ခြာဖို႔ တစ္ေန႔ထက္တစ္ေန႔ နီးစပ္လာပါျပီ။
အစၥကိုကို ပရီးမီးယားလိဂ္ကို ေျပာင္းေရြ႕နိုင္တယ္လို႔ ဒီရက္ပိုင္းမွာ ေကာလဟာလေတြထြက္ေပၚလာပါတယ္။ဘာေနဗ်ဴး ပြဲျကည့္စင္မွာေတာ့ ဆူပူမႈေတြ ထပ္ျဖစ္လာမယ့္အေျခအေနပါပဲ။အစၥကိုအပိုင္အခြင့္အေရး လြဲေခ်ာ္ျပီးေနာက္ ၁၀မိနစ္ခန္႔အျကာမွာ ရီးရဲပရိတ္သတ္ေတြကစတင္ေလွာင္ေျပာင္ခဲ့ျကျပီး ''မင္းတို ့ဘာလိုခ်င္ေနတာလဲ''လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ရီးရဲအသင္း အက်ပ္ရိုက္ခ်ိန္မွာ အစၥကိုတစ္ေယာက္ အသင္းကေနထြက္ခြာသြားရင္ေတာ့ ေရနစ္သူဝါးကူထိုး သလိုျဖစ္လာမွာပါ။ရီးရဲအသင္းရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္ကေတာ့ အစၥကိုရဲ႕ အေျခအေနကို ရွင္းလင္းခဲ့ပါတယ္။''အစၥကိုရဲ႕အေျခေနမွန္လား။သူထြက္ခြာခြင့္ေတာင္းခဲ့တယ္လို႔ က်ေနာ္မထင္ပါဘူး။အသင္းအက်ပ္အတည္းျဖစ္ေနခ်ိန္မွာ က်ေနာ္တို႔စည္းစည္းလံုးလံုးရွိေနပါတယ္။ကစားသမားတစ္ေယာက္ထဲကို ေလွာင္ေျပာင္တာ သဘာဝမက်ပါဘူး။က်ေနာ္တို႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္းျကိဳးစားခဲ့ပါတယ္
ဒီရလဒ္က က်ေနာ္တို႔နဲ႕ မထိုက္တန္ပါဘူး''လို႔ေျပာသြားခဲ့ပါတယ္။အစၥကိုအေနနဲ႕ အသင္းမွာဆက္ေနျပီး ေနရာလုတိုက္ပြဲဆင္ႏြဲသြားမလား ေစာင့္ျကည့္ရံုပါပဲ။
(Uniocode)
အသင်းပရိတ်သတ်တွေနဲ့စကားများခဲ့တဲ့ အစ္စကိုတစ်ယောက်အသင်းကနေထွက်ခွာတော့မှာလား?
ရီးရဲအသင်းအနေနဲ့ အိမ်ကွင်းမှာCSKAမော်စကို ,ကို အရှက်ရဖွယ်ရှုံးနိမ့်ပြီးနောက် ထွက်ပေါ်လာတဲ့သတင်းတွေအရ အစ္စကိုရဲ့အနာဂတ်ဟာ အသင်းမှာဆက်ရှိဖို့ မသေမချာဖြစ်လာခဲ့ပါတယ်။ရီးရဲအသင်ရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲအဖြစ် CSKAကို ၃-ဝနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ဒီပွဲအတွင်းပရိတ်သတ်တွေက အစ္စကို ကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာကြောင့် အသင်းကထွက်ခွာဖို့ တစ်နေ့ထက်တစ်နေ့ နီးစပ်လာပါပြီ။
အစ္စကိုကို ပရီးမီးယားလိဂ်ကို ပြောင်းရွေ့နိုင်တယ်လို့ ဒီရက်ပိုင်းမှာ ကောလဟာလတွေထွက်ပေါ်လာပါတယ်။ဘာနေဗျူး ပွဲကြည့်စင်မှာတော့ ဆူပူမှုတွေ ထပ်ဖြစ်လာမယ့်အခြေအနေပါပဲ။အစ္စကိုအပိုင်အခွင့်အရေး လွဲချော်ပြီးနောက် ၁၀မိနစ်ခန့်အကြာမှာ ရီးရဲပရိတ်သတ်တွေကစတင်လှောင်ပြောင်ခဲ့ကြပြီး ''မင်းတို့ဘာလိုချင်နေတာလဲ''လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ရီးရဲအသင်း အကျပ်ရိုက်ချိန်မှာ အစ္စကိုတစ်ယောက် အသင်းကနေထွက်ခွာသွားရင်တော့ ရေနစ်သူဝါးကူထိုး သလိုဖြစ်လာမှာပါ။ရီးရဲအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ အစ္စကိုရဲ့ အခြေအနေကို ရှင်းလင်းခဲ့ပါတယ်။''အစ္စကိုရဲ့အခြေနေမှန်လား။သူထွက်ခွာခွင့်တောင်းခဲ့တယ်လို့ ကျနော်မထင်ပါဘူး။အသင်းအကျပ်အတည်းဖြစ်နေချိန်မှာ ကျနော်တို့စည်းစည်းလုံးလုံးရှိနေပါတယ်။ကစားသမားတစ်ယောက်ထဲကို လှောင်ပြောင်တာ သဘာဝမကျပါဘူး။ကျနော်တို့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်းကြိုးစားခဲ့ပါတယ်
ဒီရလဒ်က ကျနော်တို့နဲ့ မထိုက်တန်ပါဘူး''လို့ပြောသွားခဲ့ပါတယ်။အစ္စကိုအနေနဲ့ အသင်းမှာဆက်နေပြီး နေရာလုတိုက်ပွဲဆင်နွဲသွားမလား စောင့်ကြည့်ရုံပါပဲ။
Post a Comment