Header Ads


စေနေန ့ပြဲစဥ္မ်ားအၿပီးေနာက္ဆံုးရေဘာလံုးသတင္းတိုမ်ားစုစည္းတင္ဆက္မႈ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္ကြင္းလယ္လူေပါလ္ေပါ့ဘာက သူဟာ နည္းျပေမာ္ရင္ဟိုနဲ့ပတ္သတ္ၿပီး ဆုဖလားေတြရယူခဲ့ရတာရယ္ သူ ့ကိုပုဂိၢဳလ္တစ္ဦးအေနနဲ ့တိုးတက္ေအာင္လုပ္ေပးခဲ့တာေတြေၾကာင့္ေက်းဇူးတင္မိေၾကာင္း၊ အဆင္မေျပတဲ့အရာေတြရိွေသာ္လည္းတစ္ခ်ိဳ ့အရာေတြလည္းအဆင္ေျပေၾကာင္းေျပာၾကားခဲ့ပါတယ္။ယူနိုက္တက္ကစားသမားေဟာင္း၀ိ္န္းရြန္နီးကလည္း ေမာ္ရင္ဟိုကိုထုတ္ပယ္ၿပီး ဆိုလ္ရွားကိုနည္းျပအျဖစ္ခန္ ့အပ္တဲ့ ကလပ္ရဲ ့လုပ္ရပ္ကို ေထာက္ခံေၾကာင္းေျပာၾကားခဲ့ပါတယ္။



ကာဒဖ္အသင္းကို - ျဖင့္အနိုင္ရခဲ့တဲ့ယူနိုက္တက္အသင္းဟာ နည္းျပဖာဂူဆန္အနားယူၿပီးေနာက္ပိုင္းအေကာင္းဆံုးတိုက္စစ္စြမ္းေဆာင္ရည္ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပဆာရီကလက္စတာစီးတီးအသင္းကိုရံႈးနိမ့္ခဲ့တဲ့ပြဲအၿပီးေနာက္ အဆင့္၁က လီဗာပူးလ္အသင္းကိုလိုက္မွီဖို ့မျဖစ္နိုင္ေတာ့ဘူးလို ့၀န္ခံေျပာၾကားလိုက္ပါတယ္။ဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းနဲ ့ခ်ဲလ္ဆီးအသင္းတို ့ဟာ ၁၁မွတ္ထိ အမွတ္ျပတ္ေနတာပဲျဖစ္ပါတယ္။

ယူနိုက္္တက္ေနာက္ခံလူအက္ရွ္ေလယန္းက သူတို ့အတြက္ဒီရက္သတၱပတ္ဟာ ခက္ခဲတဲ့ကာလျဖစ္ခဲ့တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။

ဘန္ေလအသင္းနဲ့ ပြဲမွာ အာဆင္နယ္ကြင္းလယ္လူရမ္ေဆးရဲ ့ထူးခၽြန္ေျပာင္ေျမာက္တဲ့ ဖန္တီးေပးမႈကိုနည္းျပအူနို္င္းအမ္မရီက ခ်ီးက်ဳးေျပာၾကားခဲ့ေသာ္လည္း အာဆင္နယ္စတားအေနနဲ ့ပံုမွန္ေျခစြမ္းမ်ိဳးျပဖို ့အေရးၾကီးတယ္လို ့သတိေပးေျပာၾကားလိုက္ပါေသးတယ္။


ခရစ္စတယ္ပဲေလ့စ္အသင္းကိုရံႈးနိမ့္ခဲ့ၿပီးေနာက္ မန္စီးတီးနည္းျပဂြာဒီယိုလာက လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ရဲ ့မန္စီးတီးအသင္းဟာဘာအားနည္းခ်က္မွမရိွတဲ့အသင္းဆိုတဲ့အခ်က္ကို ျငင္းပယ္ေျပာၾကားလိုက္ပါတယ္။

ဘန္ေလအသင္းနဲ ့ပြဲမွာ တတိယဦးေဆာင္ဂိုးကိုသြင္းယူခဲ့တဲ့အီ၀ိုဘီက ဒါဟာ ေပ်ာ္ရႊႈင္စရာ ခရစ္စမတ္အၾကိဳကာလပါလို ့ေျပာၾကားလိုက္ပါတယ္။

(Unicode)

စနေနေ့ပွဲစဉ်များအပြီးနောက်ဆုံးရဘောလုံးသတင်းတိုများစုစည်းတင်ဆက်မှု

ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာက သူဟာ နည်းပြမော်ရင်ဟိုနဲ့ပတ်သတ်ပြီး ဆုဖလားတွေရယူခဲ့ရတာရယ် သူ့ကိုပုဂ္ဂိုလ်တစ်ဦးအနေနဲ့တိုးတက်အောင်လုပ်ပေးခဲ့တာတွေကြောင့်ကျေးဇူးတင်မိကြောင်း၊ အဆင်မပြေတဲ့အရာတွေရှိသော်လည်းတစ်ချို့အရာတွေလည်းအဆင်ပြေကြောင်းပြောကြားခဲ့ပါတယ်။ယူနိုက်တက်ကစားသမားဟောင်းဝိန်းရွန်နီးကလည်း မော်ရင်ဟိုကိုထုတ်ပယ်ပြီး ဆိုလ်ရှားကိုနည်းပြအဖြစ်ခန့်အပ်တဲ့ ကလပ်ရဲ့လုပ်ရပ်ကို ထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။


ကာဒဖ်အသင်းကို ၅-၁ ဖြင့်အနိုင်ရခဲ့တဲ့ယူနိုက်တက်အသင်းဟာ နည်းပြဖာဂူဆန်အနားယူပြီးနောက်ပိုင်းအကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည်ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဆာရီကလက်စတာစီးတီးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးနောက် အဆင့်၁က လီဗာပူးလ်အသင်းကိုလိုက်မှီဖို့မဖြစ်နိုင်တော့ဘူးလို့ဝန်ခံပြောကြားလိုက်ပါတယ်။ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းနဲ့ချဲလ်ဆီးအသင်းတို့ဟာ ၁၁မှတ်ထိ အမှတ်ပြတ်နေတာပဲဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူအက်ရှ်လေယန်းက သူတို့အတွက်ဒီရက်သတ္တပတ်ဟာ ခက်ခဲတဲ့ကာလဖြစ်ခဲ့တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။


ဘန်လေအသင်းနဲ့ ပွဲမှာ အာဆင်နယ်ကွင်းလယ်လူရမ်ဆေးရဲ့ထူးချွန်ပြောင်မြောက်တဲ့ ဖန်တီးပေးမှုကိုနည်းပြအူနိုင်းအမ်မရီက ချီးကျုးပြောကြားခဲ့သော်လည်း အာဆင်နယ်စတားအနေနဲ့ပုံမှန်ခြေစွမ်းမျိုးပြဖို့အရေးကြီးတယ်လို့သတိပေးပြောကြားလိုက်ပါသေးတယ်။


ခရစ်စတယ်ပဲလေ့စ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာက လီဗာပူးလ်နည်းပြဂျာဂန်ကလော့ရဲ့မန်စီးတီးအသင်းဟာဘာအားနည်းချက်မှမရှိတဲ့အသင်းဆိုတဲ့အချက်ကို ငြင်းပယ်ပြောကြားလိုက်ပါတယ်။

ဘန်လေအသင်းနဲ့ပွဲမှာ တတိယဦးဆောင်ဂိုးကိုသွင်းယူခဲ့တဲ့အီဝိုဘီက ဒါဟာ ပျော်ရွှှုင်စရာ ခရစ်စမတ်အကြိုကာလပါလို့ပြောကြားလိုက်ပါတယ်။



No comments

Powered by Blogger.