ေနာက္ဆံုးအၾကိမ္ေတြ ့ဆံုၾကတုန္းကေနမာကိုသူ ့အိတ္ကပ္ထဲေအးေဆးထည့္ထားနိုင္ခဲ့တဲ့ဖယ္လာနီီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္အသင္းနဲ ့PSG အသင္းတို ့ဟာ ခ်န္ပီယံလိပ္၁၆သင္းရံႈးထြက္အဆင့္မွာ ထိပ္တိုက္ေတြ ့ဆံုေနၾကတာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ကမာၻ ့ဖလားၿပိဳင္ပြဲရဲ ့ကြာတားဖိုင္နယ္ပြဲစဥ္မွာေတာ့ ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဖယ္လာနီဟာ ဘရာဇီးစတားေနမာ ကိုအေကာင္းဆံုးထိန္းခ်ဳပ္ျပနိုင္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္ေတြကလည္း PSG အသင္းကို ရင္ဆိုင္ဖို ့အတြက္ ဖယ္လာနီကို အဓိကထားေမ ွ်ာ္လင့္လို ့ေနလ်က္ရိွေနပါတယ္။
ဘယ္လ္ဂ်ီယံအသင္းဟာ အဆုိပါပြဲမွာ ဒီဘရိုင္း၊ဖာနန္ဒင္ဟိုရဲ ့own goal ေတြနဲ ့ဆီမီးဖိုင္နယ္အဆင့္ကိုတက္ေရာက္သြားခဲ့ေသာ္လည္း ခ်ိန္းေျခာက္မႈအျပည့္ရိွတဲ့ ဘရာဇီးစတားေတာ္ေတာ္မ်ားကို ရပ္တန္ ့ျပခဲ့တဲ့ဖယ္လာနီရဲ ့စြမ္းေဆာင္ရည္က ဒီနိုင္ပြဲရဲ ့ေနာက္ကြယ္ကၾကီးမားတဲ့အေၾကာင္းျပခ်က္ျဖစ္ခဲ့ပါတယ္။
သူဟာ ကြင္းလယ္ဗဟိုလူအျဖစ္ကစားၿပီး ဘရာဇီးအသင္းရဲ ့တိုက္စစ္ဆင္မႈေတြကို ျဖတ္ေတာက္ပစ္ရတဲ့တာ၀န္ကိုအဓိကယူရတာျဖစ္ကာ အထူးသျဖင့္ ေနမာ့ဆီက ေဘာလံုးကိုဟန္ ့တားျဖတ္ထုတ္ရတာပဲျဖစ္ပါတယ္။
လာမယ့္ ေဖေဖၚ၀ါရီနဲ ့မတ္လမွာ ကစားမယ့္ ၁၆သင္းရံႈးထြက္အဆင့္မွာ အဆိုပါ ၂ေယာက္ဟာ ျပန္လည္ထိပ္တိုက္ရင္ဆိုင္ေတြ ့ဆံုရေတာ့မွာပဲျဖစ္ပါတယ္။ဒါပင္မယ့္ အသက္၃၁ နွစ္အရြယ္ၾကီးက ေနမာကိုေနာက္တစ္ၾကိမ္ ျပန္ရပ္တန္ ့ျပနိုင္ပါ့မလား?
တစ္ခ်ိဳ ့ေသာမန္ခ်က္ဖန္ေတြကေတာ့ သမိုင္းတစ္ပတ္ျပန္လည္ၿပီလို ့ဆိုေနၾကပါတယ္။
ေနမာ vs ဖယ္လာနီ ပြဲဟာေစာင့္ၾကည့္ခ်င္စရာေကာင္းသလို ယူနိုက္တက္ဟာလည္းေနာက္တစ္ဆင့္ကိုတက္ေရာက္နိုင္မလား ဒါမွမဟုတ္ ေသာမတ္စ္တူခ်ယ္ရဲ ့ဥေရာပသင္ခန္းစာပို ့ခ်ျခင္းကိုခံရမလား?
(UNICODE)
နောက်ဆုံးအကြိမ်တွေ့ဆုံကြတုန်းကနေမာကိုသူ့အိတ်ကပ်ထဲအေးဆေးထည့်ထားနိုင်ခဲ့တဲ့ဖယ်လာနီ
မန်ချက်စတာယူနိုက်တက်အသင်းနဲ့PSG အသင်းတို့ဟာ ချန်ပီယံလိပ်၁၆သင်းရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဖယ်လာနီဟာ ဘရာဇီးစတားနေမာ ကိုအကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေကလည်း PSG အသင်းကို ရင်ဆိုင်ဖို့အတွက် ဖယ်လာနီကို အဓိကထားမေ ျှာ်လင့်လို့နေလျက်ရှိနေပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ အဆိုပါပွဲမှာ ဒီဘရိုင်း၊ဖာနန်ဒင်ဟိုရဲ့own goal တွေနဲ့ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့သော်လည်း ချိန်းခြောက်မှုအပြည့်ရှိတဲ့ ဘရာဇီးစတားတော်တော်များကို ရပ်တန့်ပြခဲ့တဲ့ဖယ်လာနီရဲ့စွမ်းဆောင်ရည်က ဒီနိုင်ပွဲရဲ့နောက်ကွယ်ကကြီးမားတဲ့အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။
သူဟာ ကွင်းလယ်ဗဟိုလူအဖြစ်ကစားပြီး ဘရာဇီးအသင်းရဲ့တိုက်စစ်ဆင်မှုတွေကို ဖြတ်တောက်ပစ်ရတဲ့တာဝန်ကိုအဓိကယူရတာဖြစ်ကာ အထူးသဖြင့် နေမာ့ဆီက ဘောလုံးကိုဟန့်တားဖြတ်ထုတ်ရတာပဲဖြစ်ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီနဲ့မတ်လမှာ ကစားမယ့် ၁၆သင်းရှုံးထွက်အဆင့်မှာ အဆိုပါ ၂ယောက်ဟာ ပြန်လည်ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။ဒါပင်မယ့် အသက်၃၁ နှစ်အရွယ်ကြီးက နေမာကိုနောက်တစ်ကြိမ် ပြန်ရပ်တန့်ပြနိုင်ပါ့မလား?
တစ်ချို့သောမန်ချက်ဖန်တွေကတော့ သမိုင်းတစ်ပတ်ပြန်လည်ပြီလို့ဆိုနေကြပါတယ်။
နေမာ vs ဖယ်လာနီ ပွဲဟာစောင့်ကြည့်ချင်စရာကောင်းသလို ယူနိုက်တက်ဟာလည်းနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မလား ဒါမှမဟုတ် သောမတ်စ်တူချယ်ရဲ့ဥရောပသင်ခန်းစာပို့ချခြင်းကိုခံရမလား?
Post a Comment