စာချုပ်ပါအပြောင်းအရွှေ့ အချက်အလက်တစ်ခုကြောင့်အန်ဒါဝီးယာဒ်ကိုအမြန်သက်တမ်းတိုးနေရတဲ့စပါးလ်
(Unicode)
တော့တင်ဟမ်အသင်းဟာ အန်ဒါဝီးယာဒ်ကိုချုပ်ဆိုခဲ့စဉ်က စာချုပ်ပါအချက်အလက်တစ်ခုကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာပေါင် ၂၅ သန်းနဲ့လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပြီးတော့ ကစားသမားနဲ့နောက်ထပ်စာချုပ်သစ် ချုပ်ဆိုဖို့ အတော်လေးကြိုးစားနေတယ်လို့ သိရပါတယ်။
အယ်ဒါဝီးယာဒ်နဲ့ တော့တင်ဟမ်အသင်းတို့ရဲ့စာချုပ်ဟာ လာမယ့် ၂၀၁၉ မှာအကုန်မှာပြည့်မှာ ဖြစ်ပါတယ်။ အဆိုပါစာချုပ်ပါအချက်အလက်တစ်ခုအရ စာချုပ်သက်တမ်း မပြည့်မီနောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်ပြီးချိန်နှစ်ပတ်မှာသူ့ကိုအသင်းတစ်သင်းကသာပေါင် ၂၅ သန်းပေးကမ်လှမ်းမယ်ဆိုပါက ရောင်းချဖို့ သဘောတူရမယ့်အချက်ပါရှိတာမို့၊ လာမယ့်နွေရာသီ သူ့ရဲ့နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်မှာအသင်း တစ်သင်းအနေနဲ့သူ့ကိုခေါ်ယူဖို့ပေါင် ၂၅ သန်းပေးလာပါက လက်လွှတ်ဆုံးရှုံးရဖို့ရှိနေပါတယ်။
ဒီအခြေအနေကိုသိတဲ့ ယူနိုက်တအသင်းကအယ်ဒါဝီးယာဒ်ကိုလာမယ့်ဇန်နဝါရီမှာ ပေါင်သန်း ၅၀ နီးပါးကုန်ကျခံပြီး ခေါ်ယူတော့မှာမဟုတ်ပါဘူး။ယူနိုက်တက်တို့ဟာ နွေရာသီထိစောင့်ပြီး ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ကြိုးစားနေတာမို့ တော့တင်ဟမ်အသင်းဟာ သူ့ကစား သမားကို ဒီအတိုင်းလက်လွှတ်မခံချင်တာကြောင့် ခုလိုစာချုပ်သက်တမ်းတိုးဖို့ အလျင်အမြန်စီစဉ်ခဲ့ကြတာပါ။
နောက်ထပ်ချုပ်ဆိုမယ့်စာချုပ်သစ်မှာ တစ်နှစ်သက်တမ်းသာဖြစ်ပြီး အယ်ဒါဝီးယာဒ်မှာ ၂၀၂၀ အထိတော့တင်ဟမ်အသင်းမှာ ဆက် ရှိနေဦးမှာဖြစ်ပါတယ်။
နည်းပြပိုချက်တီနိုက အယ်ဒါဝီရာရယ်နဲ့ပတ်သက်ပြီး ” ဟုတ်ပါတယ်၊ သူ့အခြေအနေက ဗန်တွန်ဂန်ရဲ့ အခြေအနေတိုင်းကိုဖြစ်နေတာပါပဲ။ သူ့ကိုဒီအတိုင်းလက်လွှတ်မခံချင်လို့ စာချုပ်သစ်ထပ်ချုပ်ဖို့ကြိုးစားရတာပါ ” လို့ပြောခဲ့ပါတယ်။
Post a Comment