Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
PSGမှာမြင်တွေ့လိုတဲ့ကစားသမားသစ်တစ်ယောက်အမည်ကိုထုတ်ဖော်လိုက်တဲ့အမ်ဘာပေး
ဘာပေး ဟာ ဥရောပထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်လာပြီဆိုတာ သံသယဖြစ်စရာမရှိပဲ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ''ကိုပါ''ဆုကို ရရှိခဲ့ပါသေးတယ်။19နှစ်အရွယ်သာရှိသေးပေမယ့် 2018ခုနှစ်အတွင်း ကလပ်အသင်းနဲ့ရောနိုင်ငံအသင်းနဲ့ပါ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။
PSGနဲ့ ပြည်တွင်းဖလား၃လုံးရခဲ့သလို ပြင်သစ်ရဲ့ကမ္ဘာ့ဖလားအောင်ပွဲမှာလည်း အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ဘာပေးဟာ မိုနာကို အသင်းကနေ ပေါင်းသန်း၁၈၀ကျော်နဲ့ ပဲရစ်ကိုရောက်လာတာပါ။ အခုလည်း ကစားသမားတစ်ယောက်ဒီကိုရောက်လာဖို့ဆန္ဒရှိနေပါတယ်။
သူကတော့ အေဂျက်ကစားသမား ဖရန်ကီဒီဂျောင်ပဲဖြစ်ပါတယ်။ဘာပေးက ဒီဂျောင်နဲ့ပတ်သတ်ပြီး အခုလိုပြောခဲ့ပါသေးတယ်။''သူ့ရဲ့ပွဲတစ်ပွဲအပေါ်ထိုးထွင်းသိမြင်နိုင်စွမ်းက ဆရာကျလွန်းပါတယ်။ခံစစ်တန်းတစ်ခုလုံးကို ဖြတ်ကျော်ပေးပို့နိုင်တဲ့ အရည်အသွေးတွေကလည်း သူ့ကိုတန်ဖိုးပိုတက်စေပါတယ်။သူ့ကိုကျနော်ပဲရစ်ကနေအမြဲကြိုဆိုနေမှာပါ။သူသာရောက်လာခဲ့ရင်အသင်းအတွက်အထောက်အကူ အများကြီးဖြစ်နိုင်ပါတယ်''လို့ဘာပေးကဆိုသွားခဲ့ပါတယ်။
အသက်၂၁အရွယ်သာရှိသေးတဲ့ဒတ်ချ်သား ဒီဂျောင်ကိုရီးရဲ,ဘာစီ,မန်စီးတီးတို့အပါအဝင် ဥရောပထိပ်သီးအသင်းအများအပြားကစိတ်ဝင်စားနေပါတယ်။အေဂျက်ကတော့ ဒီကစားသမားကို ဆက်ထိန်းထားလိုပြီး မြင့်မားတဲ့ပြောင်းရွေ့ကြေးတစ်ရပ်နဲ့ကမ်းလှမ်းမှသာ စဉ်းစားမယ်လို့ထုတ်ပြောထားပါတယ်။ မန်ချက်စတာစီးတီးကတော့ ပေါင်75သန်းနဲ့ခေါ်ယူဖို့လေသံပစ်ထားပြီး PSGကကြားဖြတ်ခေါ်ယူသွားနိုင်မလားစောင့်ကြည့်ရမှာပါ။
Post a Comment