၁၉ရာစုုအတြင္းဒီေန ့လိုု ့ေနရက္မ်ိဳးမွာေဘာလံုုးေလာကမွာအံၾသစရာေတြျဖစ္ခဲ့တာသိၿပီးၿပီလား?
၁၉၉၉ ခုုနွစ္
ဒီေန႔လိုေန႔ရက္မွာေတာ့ လီဗာပူးလ္အသင္းရဲ႕ ဂႏၲဝင္ကစားသမားစတိီဗင္ဂ်ာရတ္က လီဗာပူးလ္အသင္းအတြက္သူရဲ႕ပထမဦးဆံုးဂိုးကို ဂ်ာစီနံပါတ္၂၈ဝတ္ဆင္ကာ သြင္းယူေပးခဲ့ပါတယ္။အဆိုပါဂိုးကိုသူရဲ႕အားသန္ၿပီးမာန္ပါလွတဲ့ညာဖက္ေျခေထာက္ႏွင့္သြင္းယူခဲ့ပါတယ္။
၁၉၀၅ ခုုနွစ္
ဒီေန႔လိုေန႔မွာပဲ အာဆင္နယ္အသင္းရဲ႕သမိုင္းမွာဂိုးအျပတ္ဆံုးဂိုးအမ်ားဆံုးသြင္းယူႏိုင္ခဲ့တဲ့ေန႔ေလးျဖစ္ပါတယ္။အာဆင္နယ္အသင္းက၁၉၀၅မွာပဲရစ္XIအသင္းကို ၂၆ဂိုး ၁ဂိုးသြင္းယူကာအသင္းရဲ႕သမိုင္းကိုေရးခဲ့တဲ့ေန႔ရက္ေလးပဲျဖစ္ပါတယ္။
အဆိုပါအာဆင္နယ္အသင္းကိုနည္းျပဖီးလ္ကဲလ္ဆိုကကိုင္တြယ္ခဲ့ၿပီးသူရဲ႕ဒုတိယေျမာက္ရာသီလည္းျဖစ္ပါတယ္။သူကအသင္းကိုျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ အဆင့္၁၀ခ်ိတ္ေအာင္စြမ္းေဆာင္ေပးခဲ့ပါတယ္။
၁၉၉၅ ခုုနွစ္
ဒီေန႔ကေတာ့ယူႏိုက္တက္အသင္းတိုက္စစ္မႈး အန္တိုနီမာ႐ွယ္ရဲ႕အသက္၂၃ႏွစ္ေျမာက္ေမြးေန႔ျဖစ္ပါတယ္။သူဟာယူႏိုက္တက္အသင္းႏွင့္အတူ၂၀၁၅ခုႏွစ္မွာေရြလူငယ္ဆုကိုရ႐ွိထားသူတစ္ဦးျဖစ္ပါတယ္။ယခုႏွစ္ရာသီမွာယူႏိုက္တက္အသင္းအတြက္ပထမဦးဆံုးပြဲကိုဘ႐ိုက္တန္အသင္းကို၂ဂိုး၃ဂိုးႏွင့္႐ွံုးနိမ့္ခဲ့တဲ့ပြဲစဥ္မွစတင္ကစားခြင့္ရထားသူျဖစ္ပါတယ္။ယခုနွစ္ပရီးမီးယားလိဂ္သူရဲ႕အဖြင့္ဂိုးကိုနယူးကာဆယ္အသင္းကိုအႏိုင္ရ႐ွိခဲ့တဲ့ပြဲစဥ္မွာသြင္းယူခဲ့ပါတယ္။ေအာက္တိုဘာလရဲ႕ယူႏိုက္တက္အေကာင္းဆံုးကစားသမားဆုကိုလည္းဆြတ္ခူးရ႐ွိထားပါတယ္။သူရဲ႕ေမြးေန႔မွာယွဥ္ၿပိဳင္ကစားမည့္အာဆင္နယ္အသင္းႏွင့္ပြဲစဥ္မွာသူဂိုးသြင္းယူႏိုင္မလားဆိုတာေစာင့္ၾကည့္ရမယ္ျဖစ္ပါတယ္။
၁၉၀၈ ခုုနွစ္
ဒီေန႔ဟာနယူးကာဆယ္အသင္းရဲ႕အိမ္ကြင္းစိန္ဂ်ိမ္းပတ္မွာဆန္းဒါးလန္းအသင္းဂိုးမုန္တိုင္းဝင္တိုက္ခဲ့တဲ့ေန႔လည္းျဖစ္ပါတယ္။၁၉၀၈ခုႏွစ္မွာ ဆန္းဒါးလန္းအသင္းက နယူးကာဆယ္အသင္းကို ပထမပိုင္း၂၈မိနစ္မွာပဲ၈ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ပြဲၿပီးရလဒ္ကေတာ့၁ဂိုး၉ဂိုးႏွင့္ဆန္းဒါးလန္းအသင္းကအႏိုင္ရ႐ွိခဲ့ပါတယ္။
၁၉၂၁ ခုုနွစ္
၁၉၂၁ခုႏွစ္ရဲ႕ဒီေန႔လိုေန႔မွာေဘာလံုးေလာကဟာအမ်ိဳးသမီးေတြႏွင့္မသက္ဆိုင္ဟုဆံုးျဖတ္ကာအမ်ဳိးသမီးမ်ားကိုေဘာလံုးကစားခြင့္ပိတ္ခဲ့တဲ့ေန႔ျဖစ္ပါတယ္။ဒါေပမယ့္၂၀၀၈ခုႏွစ္မွာအဆိုပါပိတ္ပင္မႈအတြက္ေတာင္းပန္ပါတယ္ဆိုတဲ့အေၾကာင္းကိုတရားဝင္ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
(Unicode)
၁၉ရာစုအတွင်းဒီနေ့လို့နေရက်မျိုးမှာဘောလုံးလောကမှာအံသြစရာတွေဖြစ်ခဲ့တာသိပြီးပြီလား?
၁၉၉၉ ခုနှစ်
ဒီနေ့လိုနေ့ရက်မှာတော့ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားစတီဗင်ဂျာရတ်က လီဗာပူးလ်အသင်းအတွက်သူရဲ့ပထမဦးဆုံးဂိုးကို ဂျာစီနံပါတ်၂၈ဝတ်ဆင်ကာ သွင်းယူပေးခဲ့ပါတယ်။အဆိုပါဂိုးကိုသူရဲ့အားသန်ပြီးမာန်ပါလှတဲ့ညာဖက်ခြေထောက်နှင့်သွင်းယူခဲ့ပါတယ်။
၁၉၀၅ ခုနှစ်
ဒီနေ့လိုနေ့မှာပဲ အာဆင်နယ်အသင်းရဲ့သမိုင်းမှာဂိုးအပြတ်ဆုံးဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့နေ့လေးဖြစ်ပါတယ်။အာဆင်နယ်အသင်းက၁၉၀၅မှာပဲရစ်XIအသင်းကို ၂၆ဂိုး ၁ဂိုးသွင်းယူကာအသင်းရဲ့သမိုင်းကိုရေးခဲ့တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။
အဆိုပါအာဆင်နယ်အသင်းကိုနည်းပြဖီးလ်ကဲလ်ဆိုကကိုင်တွယ်ခဲ့ပြီးသူရဲ့ဒုတိယမြောက်ရာသီလည်းဖြစ်ပါတယ်။သူကအသင်းကိုပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အဆင့်၁၀ချိတ်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။
၁၉၉၅ ခုနှစ်
ဒီနေ့ကတော့ယူနိုက်တက်အသင်းတိုက်စစ်မှုး အန်တိုနီမာရှယ်ရဲ့အသက်၂၃နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။သူဟာယူနိုက်တက်အသင်းနှင့်အတူ၂၀၁၅ခုနှစ်မှာရွေလူငယ်ဆုကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။ယခုနှစ်ရာသီမှာယူနိုက်တက်အသင်းအတွက်ပထမဦးဆုံးပွဲကိုဘရိုက်တန်အသင်းကို၂ဂိုး၃ဂိုးနှင့်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှစတင်ကစားခွင့်ရထားသူဖြစ်ပါတယ်။ယခုနှစ်ပရီးမီးယားလိဂ်သူရဲ့အဖွင့်ဂိုးကိုနယူးကာဆယ်အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာသွင်းယူခဲ့ပါတယ်။အောက်တိုဘာလရဲ့ယူနိုက်တက်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးရရှိထားပါတယ်။သူရဲ့မွေးနေ့မှာယှဉ်ပြိုင်ကစားမည့်အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာသူဂိုးသွင်းယူနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဖြစ်ပါတယ်။
၁၉၀၈ ခုနှစ်
ဒီနေ့ဟာနယူးကာဆယ်အသင်းရဲ့အိမ်ကွင်းစိန်ဂျိမ်းပတ်မှာဆန်းဒါးလန်းအသင်းဂိုးမုန်တိုင်းဝင်တိုက်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။၁၉၀၈ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက နယူးကာဆယ်အသင်းကို ပထမပိုင်း၂၈မိနစ်မှာပဲ၈ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ပွဲပြီးရလဒ်ကတော့၁ဂိုး၉ဂိုးနှင့်ဆန်းဒါးလန်းအသင်းကအနိုင်ရရှိခဲ့ပါတယ်။
၁၉၂၁ ခုနှစ်
၁၉၂၁ခုနှစ်ရဲ့ဒီနေ့လိုနေ့မှာဘောလုံးလောကဟာအမျိုးသမီးတွေနှင့်မသက်ဆိုင်ဟုဆုံးဖြတ်ကာအမျိုးသမီးများကိုဘောလုံးကစားခွင့်ပိတ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ဒါပေမယ့်၂၀၀၈ခုနှစ်မှာအဆိုပါပိတ်ပင်မှုအတွက်တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းကိုတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Post a Comment