Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။




















(Unicode)

ဗုဒ္ဓဟူးနေ့ညနေပိုင်းနောက်ဆုံးရဘောလုံးသတင်းတိုများ



ယူနိုက်တက်နည်းပြမော်ရင်ဟိုက သူဟာအာဆင်နယ်အသင်းကိုရင်ဆိုင်မယ့် အသင်းလူစာရင်းကိုအခုထိ မသိသေးဘူးလို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူတော်ရဲရားက နည်းပြအမ်မရီက သူ့ကို တိုက်စစ်ပိုင်းမှာပိုမိုလိုက်ပါကစားဖို့ညွှန်ကြားထားတယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ် CEO ဟောင်း ဂတ်ဇီဒက်ဇ်ဟာ အေစီမီလန်အသင်းရဲ့တရားဝင် CEO အဖြစ်ခန့်အပ်ခေါ်ယူခြင်းကို အေစီမီလန်အသင်းက အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

Standard ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကို ပရုပ်သုတ်ခဖြစ်အောင်လုပ်ဆောင်နေတဲ့ နည်းပြမော်ရင်ဟို ဟာ သူ့ရဲ့ကယ်တင်ရှင် ထွက်ပေါက်အသင်းအဖြစ် ယခင်အသင်းဟောင်းရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ရှိနေတယ်လို့သိရပါတယ်။

ယူနိုက်တက်နည်းပြမော်ရင်ဟို က သူတို့အသင်းကလွဲပြီး ကျန်တဲ့အသင်းတိုင်းဟာ လူတိုင်းဟာ တိုးတက်လာနေတာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖို့ဒ်က အာဆင်နယ်အသင်းဟာ လတ်တလောမှာအကောင်းဆုံးပုံစံလမ်းကြောင်းပေါ်မှာရှိနေတယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာက မော်ရင်ဟို ရဲ့အပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သတ်ပြီး သူ့ကိုချည်းပဲဝေဖန်နေတာကို မလုပ်ပါနဲ့တော့လို့မော်ရင်ဟို ကိုတုံ့ပြန်ခဲ့ကြောင်း The Sun ကဆိုထားတာပဲဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာက ဝတ်ဖို့ဒ်အသင်းကို ကျဉ်းမြောင်းတဲ့အနိုင်ရခဲ့အပေါ် အသင်းသားတွေကို သင်ခန်းစာယူဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။

မန်စီးတီးနောက်ခံလူက ဝတ်ဖို့ဒ်အသင်းကို ကပ်နိုင်ခဲ့တဲ့အပေါ် စီးတီးအသင်းဟာ အမြဲတမ်းတော့ မတောက်ပနိုင်ဘူးလို့ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

The Times  သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်တယ်လို့သိရပါတယ်။

No comments

Powered by Blogger.