Header Ads


လီဗာပူးလ္အသင္းရဲ ့အနိုင္ရလဒ္အတြက္ၾကိတ္ေအာင္ပြဲခံသြားတဲ့ဒိုင္လူၾကီး



ဂိုးရသြားျပီးေနာက္ လီဗာပူးလ္အသင္း ေပ်ာ္ရႊင္ေနခ်ိန္မွာေတာ့ စတုတၳဒိုင္ျဖစ္သူကလည္း ထိုင္ခံုေပၚမွာ ထိုင္ေနခဲ့ျပီး ျပံဳးရယ္ေနခဲ့ကာ လက္သီးဆုပ္ေအာင္ပြဲခံခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

မေန႔ညက ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ စပါးတို႔ရဲ႕ ပြဲစဥ္မွာ အယ္ဒါ၀ီရယ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တဲ့ ဂိုးနဲ႔ လီဗာပူးလ္အသင္း အႏိုင္ဂိုးရသြားခ်ိန္မွာေတာ့ အဆုိပါပြဲရဲ႕ စတုတၳဒိုင္အျဖစ္တာ၀န္ယူခဲ့တဲ့ သူဟာ ေအာင္ပြဲခံေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အန္ဖီးလ္မွာ လီဗာပူးလ္က အေရးပါတဲ့ အႏိုင္()မွတ္ကို ေမွ်ာ္လင့္မထားပဲ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။



မိုဟာမက္ဆာလာရဲ႕ ေခါင္းတိုက္မႈကတဆင့္ လိုရစ္ နဲ႔ အယ္ဒါ၀ီရယ္တို႔ၾကားမွာ နားလည္မႈလြဲမွားခဲ့ကာ အယ္ဒါ၀ီရယ္က ကိုယ့္ဂိုးကိုယ္သြင္းယူမိသလို ျဖစ္သြားခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ လီဗာပူးလ္ဟာ အမွတ္ေပးဇယားထိပ္ဆံုးကို ျပန္လည္ေရာက္ရွိသြားခဲ့ျပီး ပရီးမီးယားလိဂ္ ဆုဖလားအတြက္ အေျခအေနေကာင္းေတြကို ပိုင္ဆိုင္ေနဆဲလည္း ျဖစ္ပါတယ္။
ဂိုးရသြားျပီးေနာက္ လီဗာပူးလ္အသင္း ေပ်ာ္ရႊင္ေနခ်ိန္မွာေတာ့ စတုတၳဒိုင္ျဖစ္သူကလည္း ထိုင္ခံုေပၚမွာ ထိုင္ေနခဲ့ျပီး ျပံဳးရယ္ေနခဲ့ကာ လက္သီးဆုပ္ေအာင္ပြဲခံခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ သူ႔ရဲ႕ လက္တစ္ဖက္ကို အက်ီအိတ္ထဲထည့္ထားခဲ့ေပမယ့္ ညာဘက္လက္နဲ႔ ေအာင္ပြဲခံတဲ့ အမူအရာကို ျပဳလုပ္သြားခဲ့တာကို အတိုင္းသားေတြ႕ျမင္ခဲ့ရပါတယ္။



တြစ္တာေပၚမွာေတာ့ အဆိုပါဒိုင္လူၾကီးရဲ႕ ေအာင္ပြဲခံမႈနဲ႔ ပတ္သက္ျပီး လူေျပာမ်ားေနခဲ့ျပီး ေရပန္းစားေနခဲ့ပါတယ္။ ဒိုင္လူၾကီးေတြထိုင္ရာ ခံုတန္းနဲ႔ လီဗာပူးလ္အသင္းရဲ႕ အရန္ခံုတန္းက နီးကပ္ေနျပီးေတာ့ အဆိုပါဒိုင္ဟာ လီဗာပူးလ္အသင္းသားေတြ ထုိင္ေနတဲ့ဘက္ကိုလွည့္ကာ ေအာင္ပြဲခံခဲ့တာလည္း ျဖစ္ပါတယ္။

ေဘာလံုးေလာကမွာေတာ့ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြကို မၾကာခဏဆိုသလို ျမင္ေတြ႕ေနခဲ့ရျပီး ရံဖန္ရံခါမွာ ကြင္းလယ္ဒိုင္လူၾကီးေတြေတာင္မွ ေအာင္ပြဲခံခဲ့မိတဲ့ အေနအထားမ်ိဳးေတြ ရွိခဲ့ဖူးပါတယ္။ မေန႔ကပြဲမွာေတာ့ လီဗာပူးလ္က ဖာမီႏိုရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ျပီး လူးကပ္စ္ေမာ္ရာက ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ အယ္ဒါ၀ီရယ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈေၾကာင့္ လီဗာပူးလ္တို႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

(Unicode)

လီဗာပူးလ်အသင်းရဲ့အနိုင်ရလဒ်အတွက်ကြိတ်အောင်ပွဲခံသွားတဲ့ဒိုင်လူကြီး

ဂိုးရသွားပြီးနောက် လီဗာပူးလ်အသင်း ပျော်ရွှင်နေချိန်မှာတော့ စတုတ္ထဒိုင်ဖြစ်သူကလည်း ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့ပြီး ပြုံးရယ်နေခဲ့ကာ လက်သီးဆုပ်အောင်ပွဲခံခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ အယ်ဒါဝီရယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ ဂိုးနဲ့ လီဗာပူးလ်အသင်း အနိုင်ဂိုးရသွားချိန်မှာတော့ အဆိုပါပွဲရဲ့ စတုတ္ထဒိုင်အဖြစ်တာဝန်ယူခဲ့တဲ့ သူဟာ အောင်ပွဲခံနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အန်ဖီးလ်မှာ လီဗာပူးလ်က အရေးပါတဲ့ အနိုင်(၃)မှတ်ကို မျှော်လင့်မထားပဲ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မိုဟာမက်ဆာလာရဲ့ ခေါင်းတိုက်မှုကတဆင့် လိုရစ် နဲ့ အယ်ဒါဝီရယ်တို့ကြားမှာ နားလည်မှုလွဲမှားခဲ့ကာ အယ်ဒါဝီရယ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိသလို ဖြစ်သွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးလ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားအတွက် အခြေအနေကောင်းတွေကို ပိုင်ဆိုင်နေဆဲလည်း ဖြစ်ပါတယ်။
ဂိုးရသွားပြီးနောက် လီဗာပူးလ်အသင်း ပျော်ရွှင်နေချိန်မှာတော့ စတုတ္ထဒိုင်ဖြစ်သူကလည်း ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့ပြီး ပြုံးရယ်နေခဲ့ကာ လက်သီးဆုပ်အောင်ပွဲခံခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ သူ့ရဲ့ လက်တစ်ဖက်ကို အကျီအိတ်ထဲထည့်ထားခဲ့ပေမယ့် ညာဘက်လက်နဲ့ အောင်ပွဲခံတဲ့ အမူအရာကို ပြုလုပ်သွားခဲ့တာကို အတိုင်းသားတွေ့မြင်ခဲ့ရပါတယ်။
တွစ်တာပေါ်မှာတော့ အဆိုပါဒိုင်လူကြီးရဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး လူပြောများနေခဲ့ပြီး ရေပန်းစားနေခဲ့ပါတယ်။ ဒိုင်လူကြီးတွေထိုင်ရာ ခုံတန်းနဲ့ လီဗာပူးလ်အသင်းရဲ့ အရန်ခုံတန်းက နီးကပ်နေပြီးတော့ အဆိုပါဒိုင်ဟာ လီဗာပူးလ်အသင်းသားတွေ ထိုင်နေတဲ့ဘက်ကိုလှည့်ကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။
ဘောလုံးလောကမှာတော့ ဒီလိုအဖြစ်အပျက်မျိုးတွေကို မကြာခဏဆိုသလို မြင်တွေ့နေခဲ့ရပြီး ရံဖန်ရံခါမှာ ကွင်းလယ်ဒိုင်လူကြီးတွေတောင်မှ အောင်ပွဲခံခဲ့မိတဲ့ အနေအထားမျိုးတွေ ရှိခဲ့ဖူးပါတယ်။ မနေ့ကပွဲမှာတော့ လီဗာပူးလ်က ဖာမီနိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး လူးကပ်စ်မော်ရာက ချေပဂိုးသွင်းယူခဲ့ပေမယ့် အယ်ဒါဝီရယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် လီဗာပူးလ်တို့ အနိုင်ရရှိသွားခဲ့ပါတယ်။

No comments

Powered by Blogger.