မက္ဆီကုိရင္ဆိုင္ကစားရမွာမို ့ေက်နပ္ေပ်ာ္ရႊင္ေနတဲ့စေမာလင္း
စေမာလင္းအေနနဲ႔ ဒီႏွစ္ ခ်န္ပီယံလိဂ္မွာ ထိပ္တန္း တိုက္စစ္မွဴးေတြနဲ႔သာ ေတြ႕ဆုံေနတာ ျဖစ္ၿပီး ေရာ္နယ္ဒို၊ ဘတ္ေပတို႔နဲ႔ေတြ႕ဆုံအၿပီး အခုတစ္ႀကိိမ္ မက္ဆီကို ထပ္မံ ရင္ဆိုင္ရမယ့္အေပၚ ေပ်ာ္စရာအျဖစ္သာ သတ္မွတ္ လိုက္တယ္လို႔ ဆိုလာျခင္းျဖစ္ပါတယ္။
ဒီည ကစားမယ့္ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲမတိုင္ခင္မွာ မန္ယူေနာက္ခံလူ စေမာလင္းကေတာ့ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီနဲ႔ေတြ႕ဆုံေနမႈအေပၚ ေပ်ာ္ရႊင္စရာပဲလို႔ ထုတ္ေဖာ္ေျပာလာတဲ့အေၾကာင္း Daily Mailကေဖာ္ျပလာပါတယ္။
မက္ဆီက ဒီရာသီ ဘာစီလိုနာအသင္းနဲ႔အတူ ကစားထားတဲ့ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ပြဲ ၄၀ မွာ ၄၃ ဂိုးအထိ သြင္းယူ ထားႏိုင္ၿပီး ဒီကစားသမားကို စေမာလင္းတစ္ေယာက္ ဒီညမွာ ထိန္းခ်ဳပ္ရေတာ့မွာ ျဖစ္ပါတယ္။
“တခါတရံမွာ ေပ်ာ္စရာပါပဲ၊ ဒီရာသီမွာ ကၽြန္ေတာ္ အမ်ားႀကီး ကံေကာင္းခဲ့ၿပီးပါၿပီ၊ ကၽြန္ေတာ့္အေနနဲ႔ ေရာ္နယ္ဒို ၊ ဘတ္ေပစတဲ့ ကစားသမားေတြနဲ႔ ေတြ႕ဆုံဖို႔ ကံပါလာကတည္းကိုက ေတာ္ေတာ္ေလး ကံေကာင္းေနၿပီလို႔ ေျပာရမွာပါ။ အခုလည္း မက္ဆီနဲ႔ေတြ႕ေနတဲ့အေပၚ စိန္ေခၚမႈ တစ္ရပ္အေနနဲ႔ ေပ်ာ္ရႊင္မိပါ တယ္။” လို႔စေမာလင္းက ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။
စေမာလင္းအေနနဲ႔ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အုပ္စုတြင္းတုန္းက ေရာ္နယ္ဒိုပါ၀င္တဲ့ ဂ်ဴဗင္တပ္နဲ႔ ကစားခဲ့ရသလို၊ ၁၆ သင္းအဆင့္မွာလည္း လက္ရွိ အေတာက္ပဆုံး တိုက္စစ္မွဴး ဘတ္ေပပါတဲ့ ပီအက္စ္ဂ်ီအသင္းနဲဲ႔ ရင္ဆိုင္ခဲ့ရ ၿပီး ျဖစ္ပါတယ္။
မန္ယူအသင္းကေတာ့ လက္ရွိ နည္းျပ ဆိုးလ္ရွားလက္ထက္မွာ ပုံစံေကာင္း ရေနတယ္ ဆိုေပမယ့္လည္း ေနာက္ဆုံ းကစားထားတဲ့ ၿပိဳင္ပြဲစုံ ၄ ပြဲမွာ ၃ ပြဲရႈံးထားပါတယ္။
ဒါ့အျပင္ ၂၀၁၁ ခုႏွစ္က စတင္ၿပီး ခ်န္ပီယံလိဂ္မွာ ကြာတားဖို္င္နယ္ကို ေက်ာ္လြန္ႏိုင္ျခင္း မရွိေတာ့တာကလည္း မန္ယူအတြက္ ႀကီးမားတဲ့ ဖိအား တစ္ရပ္ ျဖစ္ေနေစပါတယ္။
(Unicode)
မက်ဆီကိုရင်ဆိုင်ကစားရမှာမို့ကျေနပ်ပျော်ရွှင်နေတဲ့စမောလင်း
စမောလင်းအနေနဲ့ ဒီနှစ် ချန်ပီယံလိဂ်မှာ ထိပ်တန်း တိုက်စစ်မှူးတွေနဲ့သာ တွေ့ဆုံနေတာ ဖြစ်ပြီး ရော်နယ်ဒို၊ ဘတ်ပေတို့နဲ့တွေ့ဆုံအပြီး အခုတစ်ကြိမ် မက်ဆီကို ထပ်မံ ရင်ဆိုင်ရမယ့်အပေါ် ပျော်စရာအဖြစ်သာ သတ်မှတ် လိုက်တယ်လို့ ဆိုလာခြင်းဖြစ်ပါတယ်။
ဒီည ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမတိုင်ခင်မှာ မန်ယူနောက်ခံလူ စမောလင်းကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့တွေ့ဆုံနေမှုအပေါ် ပျော်ရွှင်စရာပဲလို့ ထုတ်ဖော်ပြောလာတဲ့အကြောင်း Daily Mailကဖော်ပြလာပါတယ်။
မက်ဆီက ဒီရာသီ ဘာစီလိုနာအသင်းနဲ့အတူ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ပွဲ ၄၀ မှာ ၄၃ ဂိုးအထိ သွင်းယူ ထားနိုင်ပြီး ဒီကစားသမားကို စမောလင်းတစ်ယောက် ဒီညမှာ ထိန်းချုပ်ရတော့မှာ ဖြစ်ပါတယ်။
“တခါတရံမှာ ပျော်စရာပါပဲ၊ ဒီရာသီမှာ ကျွန်တော် အများကြီး ကံကောင်းခဲ့ပြီးပါပြီ၊ ကျွန်တော့်အနေနဲ့ ရော်နယ်ဒို ၊ ဘတ်ပေစတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံဖို့ ကံပါလာကတည်းကိုက တော်တော်လေး ကံကောင်းနေပြီလို့ ပြောရမှာပါ။ အခုလည်း မက်ဆီနဲ့တွေ့နေတဲ့အပေါ် စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ပျော်ရွှင်မိပါ တယ်။” လို့စမောလင်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
စမောလင်းအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုတွင်းတုန်းက ရော်နယ်ဒိုပါဝင်တဲ့ ဂျူဗင်တပ်နဲ့ ကစားခဲ့ရသလို၊ ၁၆ သင်းအဆင့်မှာလည်း လက်ရှိ အတောက်ပဆုံး တိုက်စစ်မှူး ဘတ်ပေပါတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ခဲ့ရ ပြီး ဖြစ်ပါတယ်။
မန်ယူအသင်းကတော့ လက်ရှိ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပုံစံကောင်း ရနေတယ် ဆိုပေမယ့်လည်း နောက်ဆုံ းကစားထားတဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲရှုံးထားပါတယ်။
ဒါ့အပြင် ၂၀၁၁ ခုနှစ်က စတင်ပြီး ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို ကျော်လွန်နိုင်ခြင်း မရှိတော့တာကလည်း မန်ယူအတွက် ကြီးမားတဲ့ ဖိအား တစ်ရပ် ဖြစ်နေစေပါတယ်။
Post a Comment