Header Ads


မာေနးေနရာအစားထိုးဖို ့ဒီေပးကိုခ်ိန္ရြယ္လာတဲ့လီဗာပူးအသင္း



လီဗာပူးအသင္းအေနနဲ႕ ေႏြရာသီမွာ ဒီေပးကိုအလြယ္တကူေခၚယူနိုင္ဖို႔ ေစာင့္ျကည့္မႈေတြျပဳလုပ္ေနပါျပီ။အသက္၂၅သာရွိေသးတဲ့ ဒီေပးဟာ မန္ခ်က္စတာယူနိုက္တက္မွာေတာ့ ဖိအားေတြေအာက္နွစ္ျမွပ္ျပီး အဂၤလန္ေျမက လြင့္စင္ခဲ့ဖူးပါတယ္။မီဒီယာေတြရဲ႕ေျမွာက္လံုးေတြေအာက္မွာ နထင္ေသြးေရာက္သလိုျဖစ္သြားတာေျကာင့္ အိမ္မက္တစ္ခ်ိဳ႕ကိုစြန္႔လႊတ္ခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္ လိုင္ယြန္ကို ေရာက္ခ်ိန္မွာေတာ့ talent ရွိတဲ့ ဒီေပးဟာ တစ္စတစ္စ ျပန္ေတာက္ပလာျပီး ပံုမွန္ေျခစြမ္းျပန္ရလာပါတယ္။မနွစ္ကဆိုရင္ ျပိဳင္ပြဲစံု ၂၂ဂိုးထိသြင္းခဲ့တာက ေတာင္ပံကစားသမားတစ္ဦးအတြက္ ခ်ီးက်ဴးစရာအေရအတြက္ပါပဲ။ဒါေျကာင့္ မာေနးကို လက္လႊတ္ရဖို႔ အႏၲရာယ္ရွိေနတဲ့ လီဗာပူးအသင္းက ဒီေပးကို မ်က္စိက်လာတာပါ။

ရီးရဲကေတာ့ ေႏြေစ်းကြက္မွာ ျကီးမားတဲ့ အင္အားျဖည့္တင္းမႈေတြျပဳလုပ္ျပီး ျပန္လည္တည္ေဆာက္မယ့္ အေျခအေနမွာ မာေနးပါအဝယ္စာရင္းထဲေရာက္ေနတာပါ။သူဟာ လက္ရွိလီဗာပူးမွာေပ်ာ္ရႊင္ေနတဲ့ဆိုေပမယ့္ သစၥာတရားေတြရွားပါးလာတဲ့ ေဘာလံုးေလာကမွာ ဇီဒန္းရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ဖို႕မေသခ်ာပါဘူး။အသင္းကမေရာင္းခ်င္ေပမယ့္ ဘာမဆိုျဖစ္သြားနိုင္တဲ့ အေနအထားပါ။


ဒါေျကာင့္ ေပါင္သန္း၅၀ေလာက္သံုးရင္ ေသခ်ာေပါက္ေခၚယူနိုင္ဖြယ္ရွိတဲ့ ဒီေပးကို ပစ္မွတ္ထားလာတာပါ။လီဗာပူးဖန္ေတြကေတာ့ အျမင္နွစ္မ်ိဳးကြဲလြဲေနပါတယ္။တခ်ိဳ႕က ဒီရာသီ ဂိုး၂၀ထိသြင္းထားတဲ့ မာေနးလိုကစားသမားမ်ိဳးထြက္ရင္ ပံုရိပ္ျကီးတဲ့ကစားသမားမ်ိဳး ေငြပံုေပးေခၚဖို႕အလိုရွိေနပါတယ္။


အခ်ိဳ႕ကလည္း ခ်ယ္ဆီးမွာအလုပ္မျဖစ္ခဲ့တဲ့ဆာလက္ေတာင္ ရိုးမားကေနျပန္ေရာက္လာေတာ့ အေကာင္းဆံုးျဖစ္ေသးတာ။ဒီေပးလည္းဘာလို႔မျဖစ္နိုင္ရမွာလည္းဆိုျပီးမစားရဝခမန္းေတြေျပာေနပါတယ္။စာရႈသူတို႔အေနနဲ႕ေရာ္ ဒီေပးေရာက္ခဲ့ရင္ဘယ္လို အေျပာင္းအေရြ႕မ်ိဳးျဖစ္လာမယ္ထင္လဲ။

(Unicode)

မာနေးနေရာအစားထိုးဖို့ဒီပေးကိုချိန်ရွယ်လာတဲ့လီဗာပူးအသင်း

လီဗာပူးအသင်းအနေနဲ့ နွေရာသီမှာ ဒီပေးကိုအလွယ်တကူခေါ်ယူနိုင်ဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပါပြီ။အသက်၂၅သာရှိသေးတဲ့ ဒီပေးဟာ မန်ချက်စတာယူနိုက်တက်မှာတော့ ဖိအားတွေအောက်နှစ်မြှပ်ပြီး အင်္ဂလန်မြေက လွင့်စင်ခဲ့ဖူးပါတယ်။မီဒီယာတွေရဲ့မြှောက်လုံးတွေအောက်မှာ နထင်သွေးရောက်သလိုဖြစ်သွားတာကြောင့် အိမ်မက်တစ်ချို့ကိုစွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် လိုင်ယွန်ကို ရောက်ချိန်မှာတော့ talent ရှိတဲ့ ဒီပေးဟာ တစ်စတစ်စ ပြန်တောက်ပလာပြီး ပုံမှန်ခြေစွမ်းပြန်ရလာပါတယ်။မနှစ်ကဆိုရင် ပြိုင်ပွဲစုံ ၂၂ဂိုးထိသွင်းခဲ့တာက တောင်ပံကစားသမားတစ်ဦးအတွက် ချီးကျူးစရာအရေအတွက်ပါပဲ။ဒါကြောင့် မာနေးကို လက်လွှတ်ရဖို့ အန္တရာယ်ရှိနေတဲ့ လီဗာပူးအသင်းက ဒီပေးကို မျက်စိကျလာတာပါ။

ရီးရဲကတော့ နွေဈေးကွက်မှာ ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေပြုလုပ်ပြီး ပြန်လည်တည်ဆောက်မယ့် အခြေအနေမှာ မာနေးပါအဝယ်စာရင်းထဲရောက်နေတာပါ။သူဟာ လက်ရှိလီဗာပူးမှာပျော်ရွှင်နေတဲ့ဆိုပေမယ့် သစ္စာတရားတွေရှားပါးလာတဲ့ ဘောလုံးလောကမှာ ဇီဒန်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့မသေချာပါဘူး။အသင်းကမရောင်းချင်ပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားပါ။

ဒါကြောင့် ပေါင်သန်း၅၀လောက်သုံးရင် သေချာပေါက်ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ဒီပေးကို ပစ်မှတ်ထားလာတာပါ။လီဗာပူးဖန်တွေကတော့ အမြင်နှစ်မျိုးကွဲလွဲနေပါတယ်။တချို့က ဒီရာသီ ဂိုး၂၀ထိသွင်းထားတဲ့ မာနေးလိုကစားသမားမျိုးထွက်ရင် ပုံရိပ်ကြီးတဲ့ကစားသမားမျိုး ငွေပုံပေးခေါ်ဖို့အလိုရှိနေပါတယ်။

အချို့ကလည်း ချယ်ဆီးမှာအလုပ်မဖြစ်ခဲ့တဲ့ဆာလက်တောင် ရိုးမားကနေပြန်ရောက်လာတော့ အကောင်းဆုံးဖြစ်သေးတာ။ဒီပေးလည်းဘာလို့မဖြစ်နိုင်ရမှာလည်းဆိုပြီးမစားရဝခမန်းတွေပြောနေပါတယ်။စာရှုသူတို့အနေနဲ့ရော် ဒီပေးရောက်ခဲ့ရင်ဘယ်လို အပြောင်းအရွေ့မျိုးဖြစ်လာမယ်ထင်လဲ။

No comments

Powered by Blogger.