2020 တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲရဲ ့ေျခစစ္ပြဲတတိယအဆင့္ကိုတက္လွမ္းနိုင္ခဲ့တဲ့ျမန္မာအသင္း
ဂ်ပန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပမယ့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ ေျခစစ္ပြဲကို အိမ္ရွင္ဂ်ပန္အပါ အ၀င္ အာရွက အသင္း ၅ သင္းပါ၀င္ခြင့္ရမွာ ျဖစ္ၿပီး လက္က်န္ တတိိယအဆင့္မွာ ေလးေနရာစာအတြက္ ယွဥ္ၿပိဳင္ ၾကရမွာ ျဖစ္ပါတယ္။
ျမန္မာ့လက္ေရြးစင္အမ်ိဳးသမီးေဘာလုံးအသင္းကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္ ေျခစစ္ပြဲ တတိယအဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
ဒီကေန႔ ညေနမွာ ကစားခဲ့တဲ့ အိႏိၵယ လက္ေရြးစင္အသင္းနဲ႔ပြဲမွာ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ျမန္မာ အသင္းဟာ ၂ ပြဲႏိုင္ တစ္ပြဲသေရ ရမွတ္ ၇ မွတ္ရရွိၿပီး အိႏိၵယအသင္းနဲ႔ ရမွတ္တူအေနအထားမွာ ရဂိုး အသာရ မႈနဲ႔ တတိယအဆင့္ကို တက္လွမ္းခဲ့တာပါ။
ျမန္မာအသင္းအေနနဲ႔ ယခု ဒုတိယအဆင့္ အုပ္စုတြင္းမွာ နီေပါ၊အင္ဒိုနီးရွား၊အိႏိၵယတို႔နဲ႔ အတူ က်ေရာက္ခဲ့ၿပီး အုပ္စုဗုိလ္ တစ္သင္းတည္း တတိယအဆင့္ တက္ေရာက္မယ့္ အေနအထားမွာ အုပ္စုဗုိလ္အျဖစ္နဲ႔ တက္လွမ္း ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒီေန႔ကစားခဲ့တဲ့ အိႏိၵယနဲ႔ပြဲမွာေတာ့ အိႏိၵယအသင္းရဲ႕ ဦးေဆာင္မႈကို ခံခဲ့ရေပမယ့္ ျမန္မာ တိုက္စစ္မွဴး ၀င္းသိဂီ ၤထြန္းက ဟက္ထရစ္ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
တတိယအဆင့္မွာေတာ့ ၾသစေၾတးလ်၊ေျမာက္ကိုရီးယား၊ေတာင္ကိုရီးယား၊ထိုင္းနဲ႔တရုတ္အသင္းတို႔က ရွိႏွင့္ ထားၿပီး ျဖစ္ၿပီး ဒီအသင္းေတြနဲ႔အတူ ဒုတိယအဆင့္ ေျခစစ္ပြဲေအာင္လာတဲ့ ျမန္မာအသင္းအပါအ၀င္ အျခား ေျခစစ္ပြဲဒုတိယအဆင့္ အုပ္စု(၂)စုက အသင္း၂ သင္းနဲ႔ေပါင္းကာ စုစုေပါင္း အသင္း ၈ သင္း ဆက္လက္ကစား ၾကမွာပါ။
တတိယအဆင့္ပြဲစဥ္ေတြကိုေတာ့ ေလးသင္းပါ အုပ္စု ၂ အုပ္စုခြဲကာ လာမယ့္ ၂၀၂၀ ဇန္န၀ါရီလ(သို႔)ေဖေဖာ္၀ါ ရီလမွာ ဆက္လက္ကစားေစမွာ ျဖစ္ၿပီး အုပ္စုတစ္ခုစီက ထိပ္ဆုံး ၂ သင္းစီ ေျခစစ္ပြဲေအာင္မွာ ျဖစ္ပါတယ္။
(Unicode)
2020 တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ခြေစစ်ပွဲတတိယအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့မြန်မာအသင်း
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲကို အိမ်ရှင်ဂျပန်အပါ အဝင် အာရှက အသင်း ၅ သင်းပါဝင်ခွင့်ရမှာ ဖြစ်ပြီး လက်ကျန် တတိယအဆင့်မှာ လေးနေရာစာအတွက် ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့ ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကနေ့ ညနေမှာ ကစားခဲ့တဲ့ အိန္ဒိယ လက်ရွေးစင်အသင်းနဲ့ပွဲမှာ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီးနောက် မြန်မာ အသင်းဟာ ၂ ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၇ မှတ်ရရှိပြီး အိန္ဒိယအသင်းနဲ့ ရမှတ်တူအနေအထားမှာ ရဂိုး အသာရ မှုနဲ့ တတိယအဆင့်ကို တက်လှမ်းခဲ့တာပါ။
မြန်မာအသင်းအနေနဲ့ ယခု ဒုတိယအဆင့် အုပ်စုတွင်းမှာ နီပေါ၊အင်ဒိုနီးရှား၊အိန္ဒိယတို့နဲ့ အတူ ကျရောက်ခဲ့ပြီး အုပ်စုဗိုလ် တစ်သင်းတည်း တတိယအဆင့် တက်ရောက်မယ့် အနေအထားမှာ အုပ်စုဗိုလ်အဖြစ်နဲ့ တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ကစားခဲ့တဲ့ အိန္ဒိယနဲ့ပွဲမှာတော့ အိန္ဒိယအသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် မြန်မာ တိုက်စစ်မှူး ဝင်းသိဂီ ၤထွန်းက ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ သြစတြေးလျ၊မြောက်ကိုရီးယား၊တောင်ကိုရီးယား၊ထိုင်းနဲ့တရုတ်အသင်းတို့က ရှိနှင့် ထားပြီး ဖြစ်ပြီး ဒီအသင်းတွေနဲ့အတူ ဒုတိယအဆင့် ခြေစစ်ပွဲအောင်လာတဲ့ မြန်မာအသင်းအပါအဝင် အခြား ခြေစစ်ပွဲဒုတိယအဆင့် အုပ်စု(၂)စုက အသင်း၂ သင်းနဲ့ပေါင်းကာ စုစုပေါင်း အသင်း ၈ သင်း ဆက်လက်ကစား ကြမှာပါ။
တတိယအဆင့်ပွဲစဉ်တွေကိုတော့ လေးသင်းပါ အုပ်စု ၂ အုပ်စုခွဲကာ လာမယ့် ၂၀၂၀ ဇန်နဝါရီလ(သို့)ဖေဖော်ဝါ ရီလမှာ ဆက်လက်ကစားစေမှာ ဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံး ၂ သင်းစီ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။
Post a Comment