မန္ခ်က္စတာယူနိုက္တက္ကိုဘာစီလိုနာတို ့အရံႈးေပးရဖို ့မ်ားေနပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဂ်က္စ္ပါေအာ္ဆင္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ရံႈးဖို႔ပိုမ်ားတယ္လုိ႔ ယံုၾကည္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက ဘာစီလိုနာကို အႏုုိင္ယူၿပီး ဆီမီးဖိုင္နယ္ကိ္ု တက္ေရာက္ႏုိင္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ ဘာစီလိုနာအသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အျဖစ္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
အိုလီဂန္းနားဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရံႈးထြက္အဆင့္မွာ ပီအက္စ္ဂ်ီအသင္းကို အံ့အားသင့္ဖြယ္ အေဝးကြင္းမွာ အႏုိင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ခဲ့တာျဖစ္ၿပီး ေနာက္ဆံုးယွဥ္ၿပိဳင္ကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၄ ပြဲမွာ ၃ ပြဲရံႈးနိမ့္ထားပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆံုး ၄ ေနရာအတြက္ တုိက္ပြဲဝင္ေနရဆဲျဖစ္ၿပီး ဘာစီလိုနာအသင္းကေတာ့ လာလီဂါအမွတ္ေပးဇယားထိပ္ဆံုးမွာ ၁၁ မွတ္ျဖတ္ၿပီး ရပ္တည္ေနတာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းက ဘာစီလိုုနာကို အႏုိင္ယူႏုိင္္မလားလို႔ ေမးျမန္းခဲ့ရာမွာ ေအာ္ဆင္က Omnisport ကိို အခုလို ျပန္လည္ေျပာၾကားခဲ့ပါတယ္။
“ဟုတ္တာေပ့ါ။ ကြာတားဖိုင္နယ္က ၂ ပြဲေလ။ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ”
“ဘာစီလိုနာက အေတြ႕အႀကံဳအမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္က ဘာစီလိုနာကို အႏုိင္ယူဖို႔ မျဖစ္ႏုိင္ဘူးလုိ႔ ကၽြန္ေတာ္ မထင္ပါဘူး။ ဒါေပမယ့္ အရမ္းေတာ့ ခက္ခဲမွာပါ။ ဟုတ္တာေပါ့”
“ဒီလိုအဆင့္မ်ိဳးမွာ အားလံုးက ခက္ခဲမွာပါ။ မန္ခ်က္စတာယူႏုိက္တက္က ဒီၿပိဳင္ပြဲမွာ တကယ္ကုိ ေရပန္းမစားတဲ့အသင္းလုိ႔ ထင္ပါတယ္။ အဲဒီေတာ့ သူတို႔ေတြ အႏုိင္ရဖို႔ ပိုမ်ားတယ္။ ဘာစီလိုနာကေတာ့ ရံႈးဖုိ႔ ပိုမ်ားပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။
(Unicode)
မန်ချက်စတာယူနိုက်တက်ကိုဘာစီလိုနာတို့အရှုံးပေးရဖို့များနေပါတယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂျက်စ်ပါအော်ဆင်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးဖို့ပိုများတယ်လို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဘာစီလိုနာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အိုလီဂန်းနားဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ် အဝေးကွင်းမှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၁ မှတ်ဖြတ်ပြီး ရပ်တည်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ဘာစီလိုနာကို အနိုင်ယူနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ အော်ဆင်က Omnisport ကို အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။
“ဟုတ်တာပေ့ါ။ ကွာတားဖိုင်နယ်က ၂ ပွဲလေ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ”
“ဘာစီလိုနာက အတွေ့အကြုံအများကြီးရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဘာစီလိုနာကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် အရမ်းတော့ ခက်ခဲမှာပါ။ ဟုတ်တာပေါ့”
“ဒီလိုအဆင့်မျိုးမှာ အားလုံးက ခက်ခဲမှာပါ။ မန်ချက်စတာယူနိုက်တက်က ဒီပြိုင်ပွဲမှာ တကယ်ကို ရေပန်းမစားတဲ့အသင်းလို့ ထင်ပါတယ်။ အဲဒီတော့ သူတို့တွေ အနိုင်ရဖို့ ပိုများတယ်။ ဘာစီလိုနာကတော့ ရှုံးဖို့ ပိုများပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Post a Comment