Header Ads


ပရီးမီးယားလိဂ္မွာဗန္ဒိုက္ကိုေနာက္ဆံုးလွည့္စားေက်ာ္ျဖတ္နိုင္ခဲ့တာ ဘယ္သူျဖစ္မလဲ



က်ေနာ္မွတ္မိေနပါေသးတယ္။ဂ်ာဂ်င္ကေလာ့ဗန္ဒိုက္ကို ေပါင္၇၅သန္းေပးျပီးေခၚယူခဲ့တုန္းက ရူးနွမ္းေနလားဆိုျပီး ေဝဖန္ခဲ့တဲ့ မီဒီယာေတြကိုပါ။ဒါေပမယ့္ဗန္ဒိုက္ကေတာ့ဒီရာသီတစ္ခုလံုးသူ႕ကို တစ္ဦးခ်င္းေက်ာ္ျဖတ္နိုင္သူ တစ္ဦးမွမရွိေသးဘူးဆိုတဲ့ မွတ္တမ္းေကာင္းနဲ႔အတူ ေဝဖန္မႈေတြကိုတိတ္ဆိတ္ေစခဲ့ပါတယ္။ 

ဒီရာသီမွာဆိုရင္ လီဗာပူးကို clean sheetေတြဆက္တိုက္ရေစခဲ့ျပီး သူမေရာက္ခင္က ဖရိုဖရဲျဖစ္ေနတဲ့ေနာက္တန္းကို အေကာင္းဆံုးထိန္းေက်ာင္းကာ သူ႔တန္ဖိုးအမွန္ကိုျပသခဲ့ပါတယ္။ဒါ့အျပင္ ဗန္ဒိုက္ကို ေနာက္ဆံုးတစ္ဦးခ်င္းေက်ာ္ျဖတ္ခံခဲ့ရတဲ့အခ်ိန္က 2018ခုနွစ္ မတ္လ ၃ရက္ေန႔ကပါ။လက္ရွိစပိန္ကလပ္ဆိုစီဒက္မွာကစားေနတဲ့ မိုက္ကယ္မာရီယိုက အဲ့ဒီအခ်ိန္က နယူးကာဆယ္ကစားသမားအျဖစ္နဲ႕ ဗန္ဒိုက္ကို ေက်ာ္ျဖတ္ခဲ့တာပါ။
 

ေနာက္ထပ္ဗန္ဒိုက္ကို ဂုဏ္ျပဳရမယ့္အခ်က္ရွိပါေသးတယ္။သူဟာ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ေတြမွာ ေလထဲကေဘာလံုးကို ျပိဳင္ဘက္ကစားသမားနဲ႔အတူယွဥ္လုရာမွာ ေနာက္ဆံုး ၁၈ျကိမ္ဆက္တိုက္အသာရခဲ့ပါတယ္။


ၿပီးေတာ့  စစ္တမ္းတစ္ခုမွာလည္း လက္ရွိကမာၻ ့အေကာင္းဆံုးေနာက္ခံလူကဗန္ဒိုက္လားလို႔ ပရိတ္သတ္ေတြထံမဲေပးေရြးခ်ယ္ေစရာမွာ ၆၅ရာရာခိုင္းနႈန္းကyesလို႔အေျဖေပးခဲ့ပါတယ္။ပရီးမီးယားလိဂ္အေကာင္းဆံုးကစားသမားဆု(PFA player of the year)မွာလည္း ထူးထူးျခားျခားေနာက္ခံလူုျဖစ္တဲ့ဗန္ဒိုက္ကေရပန္းစားေနပါတယ္။


ဗန္ဒိုက္ကေတာ့ အံ့ဖြယ္စြမ္းေဆာင္ရည္ေတြျပသေနတဲ့ လီဗားပူးရဲ႕ခံစစ္ေက်ာက္ေဆာင္ျကီးျဖစ္ေနပါျပီ။

(Unicode)

ပရီးမီးယားလိဂ်မှာဗန်ဒိုက်ကိုနောက်ဆုံးလှည့်စားကျော်ဖြတ်နိုင်ခဲ့တာ ဘယ်သူဖြစ်မလဲ

ကျနော်မှတ်မိနေပါသေးတယ်။ဂျာဂျင်ကလော့ဗန်ဒိုက်ကို ပေါင်၇၅သန်းပေးပြီးခေါ်ယူခဲ့တုန်းက ရူးနှမ်းနေလားဆိုပြီး ဝေဖန်ခဲ့တဲ့ မီဒီယာတွေကိုပါ။ဒါပေမယ့်ဗန်ဒိုက်ကတော့ဒီရာသီတစ်ခုလုံးသူ့ကို တစ်ဦးချင်းကျော်ဖြတ်နိုင်သူ တစ်ဦးမှမရှိသေးဘူးဆိုတဲ့ မှတ်တမ်းကောင်းနဲ့အတူ ဝေဖန်မှုတွေကိုတိတ်ဆိတ်စေခဲ့ပါတယ်။ 

ဒီရာသီမှာဆိုရင် လီဗာပူးကို clean sheetတွေဆက်တိုက်ရစေခဲ့ပြီး သူမရောက်ခင်က ဖရိုဖရဲဖြစ်နေတဲ့နောက်တန်းကို အကောင်းဆုံးထိန်းကျောင်းကာ သူ့တန်ဖိုးအမှန်ကိုပြသခဲ့ပါတယ်။ဒါ့အပြင် ဗန်ဒိုက်ကို နောက်ဆုံးတစ်ဦးချင်းကျော်ဖြတ်ခံခဲ့ရတဲ့အချိန်က 2018ခုနှစ် မတ်လ ၃ရက်နေ့ကပါ။လက်ရှိစပိန်ကလပ်ဆိုစီဒက်မှာကစားနေတဲ့ မိုက်ကယ်မာရီယိုက အဲ့ဒီအချိန်က နယူးကာဆယ်ကစားသမားအဖြစ်နဲ့ ဗန်ဒိုက်ကို ကျော်ဖြတ်ခဲ့တာပါ။

နောက်ထပ်ဗန်ဒိုက်ကို ဂုဏ်ပြုရမယ့်အချက်ရှိပါသေးတယ်။သူဟာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ လေထဲကဘောလုံးကို ပြိုင်ဘက်ကစားသမားနဲ့အတူယှဉ်လုရာမှာ နောက်ဆုံး ၁၈ကြိမ်ဆက်တိုက်အသာရခဲ့ပါတယ်။

ပြီးတော့  စစ်တမ်းတစ်ခုမှာလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူကဗန်ဒိုက်လားလို့ ပရိတ်သတ်တွေထံမဲပေးရွေးချယ်စေရာမှာ ၆၅ရာရာခိုင်းနှုန်းကyesလို့အဖြေပေးခဲ့ပါတယ်။ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု(PFA player of the year)မှာလည်း ထူးထူးခြားခြားနောက်ခံလူုဖြစ်တဲ့ဗန်ဒိုက်ကရေပန်းစားနေပါတယ်။

ဗန်ဒိုက်ကတော့ အံ့ဖွယ်စွမ်းဆောင်ရည်တွေပြသနေတဲ့ လီဗားပူးရဲ့ခံစစ်ကျောက်ဆောင်ကြီးဖြစ်နေပါပြီ။

No comments

Powered by Blogger.