Header Ads





မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အမြဲတမ်း နည်းပြ ဖြစ် လာခဲ့ တဲ့ အိုလီ ဂန်နာ ဆိုးရှား ဟာ သူ့ရဲ့ ကစား ကွက် အပေါ် ဝေဖန် ပြောဆို ခဲ့တဲ့ လူးဝစ် ဗန်ဟား ကို ပြန်လည် တုန့်ပြန် သွား ခဲ့ ပါတယ် ယူနိုက်တက် နည်းပြ ဟောင်း ဗန်ဟား က ဆိုးရှား အသုံးပြု နေတဲ့ ကစားကွက် ဟာ မော်ရင်ဟို သုံးခဲ့ တဲ့ Bus ခံစစ် ကွက် နဲ့ ခြားနား မှု မရှိ ဘူးလို့ ဆိုခဲ့ ဖူး ပါတယ်

ယူနိုက်တက် အမြဲတမ်း နည်းပြ အဖြစ် နဲ့ ပထမ ဆုံး နိုင်ပွဲ ကို ရယူ အပြီး မှာတော့ ဆိုးရှား ဟာ ဗန်ဟား ကို ပြန် လည် တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ဗန်ဟား ဟာ ယူနိုက်တက် ကို ရာသီ ကိုင်တွယ် ခဲ့ပြီး FA Cup ကို ရယူ ပေးခဲ့ ပေမယ့် ပျင်းရိ စရာ ကောင်းတဲ့ ကစားပုံ ကြောင့် ဝေဖန် ခံ ခဲ့ရ ပါတယ်


ဒါ့အပြင် ဗန်ဟား က သူ့ရဲ့ လက်ထက် က တိုက်စစ် ကစားပုံ ဟာ မော်ရင်ဟို ဆိုးရှား တို့ ထက် သာလွန် ခဲ့ပြီး ဒီ နည်းပြ ဦး စလုံး ဟာ ဆာအဲလက်စ် ခေတ် တုန်း ကလို တိုက်စစ် အသားပေး ကစားပုံ မျိုး ကို မလုပ် ဆောင် နိုင်ခဲ့ ဘူး လို့ ဝေဖန် ခဲ့တာ ဖြစ် ပါတယ်


ဗန်ဟား ဟာ သူ့ရဲ့ ထင်မြင် ချက် ကို ထုတ်ပြော ခဲ့တာပါ ဒါက ကိစ္စ မရှိ ပါဘူး ကျွန်တော် တို့ ကစား ပြီး ခဲ့တဲ့ ပွဲတွေ ရှိ ပါတယ် ခံစစ် နဲ့ တန်ပြန် တိုက်စစ် ကစား ရတဲ့ ပွဲ အချို့ ရှိ ပါတယ် ဒါပေမယ့် ဘောလုံး ပိုင်ဆိုင် မှု များများ ဖိအားပေး မှု များများ နဲ့ တိုက်စစ် ဆင် ကစား ခဲ့တဲ့ ပွဲတွေ လည်း အများကြီး ပါပဲ

ကျွန်တော်တို့ ခံစစ် ကစား ပါတယ် ဒါက ဘောလုံး ကို လုယူ ပြီး ရှေ့ ကို ပို့ နိုင် ဖို့ ပါ ဘောလုံး ခြေထဲ ကို ရောက်လာ တာ နဲ့ တိုက်စစ် ဆင် ဖို့ ကျွန်တော်တို့ ကြိုးစား ပါတယ် ဒါက မစ္စတာ ဗန်ဟား ရဲ့ ထင်မြင် ချက် နဲ့ မတူညီ ပါဘူး

ကျွန်တော် လည်း ပြန်မေး ချင် ပါတယ် သူ့ ရဲ့ တိုက်စစ် က ကျွန်တော်တို့ လောက် မြန်မြန် ကစားနိုင် ခဲ့ သလား ကစား နိုင်တယ် ဆိုရင် ဘာလို့ မကစား ခဲ့ တာလဲ ကျွန်တော် မြင်တာ ကတော့ သူ့ လက်ထက် မှာ ဘောလုံး ရတာ နဲ့ နောက်ပြန် ပေးနေ ခဲ့တာ ပါပဲလို့ ဆိုးရှား က ပြောဆို သွားခဲ့ တာဖြစ် ပါတယ်


မန်ချက်စတာ ယူနိုက်တက် ဟာ စနေနေ့ ညက ၀က်ဖိုဒ့် ကို အိမ်ကွင်းမှာ ရက်ဖိုဒ့် မာရှယ် တို့ ရဲ့ ဂိုးတွေ နဲ့ အနိုင် ရခဲ့ ပါတယ် ဒါကြောင့် တနင်္ဂနွေနေ့ ပွဲစဉ်တွေ အပြီး မှာ အဆင့် နေရာ ကို ရယူ ထားနိုင် ခဲ့ပြီး ( အာဆင်နယ် မကစားရ သေး ) တတိယ နေရာက စပါး နဲ့ လည်း ရမှတ်တူသွား ခဲ့ပြီ ဖြစ် ပါတယ်


ယူနိုက်တက် ဟာ လာမယ့် အင်္ဂါနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ကို ကြိုတင် ကစား ရမှာ ဖြစ်ပြီး FA Cup တုန်းက အရေးနိမ့် ထားတဲ့ ၀ုဗ် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ်

(Unicode)

Bus ကားကွက်လို့ပြောတဲ့ဗန်ဟားကိုဆိုးလ်ရှားတစ်ယောက်ဘယ်လိုတုံ့ပြန်လိုက်ပြီလဲ?

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အမြဲတမ်း နည်းပြ ဖြစ် လာခဲ့ တဲ့ အိုလီ ဂန်နာ ဆိုးရှား ဟာ သူ့ရဲ့ ကစား ကွက် အပေါ် ဝေဖန် ပြောဆို ခဲ့တဲ့ လူးဝစ် ဗန်ဟား ကို ပြန်လည် တုန့်ပြန် သွား ခဲ့ ပါတယ် ။ ယူနိုက်တက် နည်းပြ ဟောင်း ဗန်ဟား က ဆိုးရှား အသုံးပြု နေတဲ့ ကစားကွက် ဟာ မော်ရင်ဟို သုံးခဲ့ တဲ့ Bus ခံစစ် ကွက် နဲ့ ခြားနား မှု မရှိ ဘူးလို့ ဆိုခဲ့ ဖူး ပါတယ် ။

ယူနိုက်တက် အမြဲတမ်း နည်းပြ အဖြစ် နဲ့ ပထမ ဆုံး နိုင်ပွဲ ကို ရယူ အပြီး မှာတော့ ဆိုးရှား ဟာ ဗန်ဟား ကို ပြန် လည် တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။ ဗန်ဟား ဟာ ယူနိုက်တက် ကို ၂ ရာသီ ကိုင်တွယ် ခဲ့ပြီး FA Cup ကို ရယူ ပေးခဲ့ ပေမယ့် ပျင်းရိ စရာ ကောင်းတဲ့ ကစားပုံ ကြောင့် ဝေဖန် ခံ ခဲ့ရ ပါတယ် ။

ဗန်ဟား က လူတွေ က မော်ရင်ဟို ရဲ့ Bus အကွက် အကြောင်း ကို ဝေဖန် ကြပေမယ့် မော်ရင်ဟို ရဲ့ နေရာ ကို အစားထိုးခဲ့ တဲ့ ဆိုးရှား ရဲ့ နည်းဗျုဟာ ကလည်း ခံစစ် ပိတ်ပြီး တန်ပြန် တိုက်စစ် ကို သာ ဆက်လက် အားကိုး ခဲ့တဲ့ ကစားပုံ ဖြစ် တယ် လို့ ဆိုခဲ့ ပြီး ဆိုးရှား လက်ထက် မှာ နိုင်ပွဲတွေ ရနေခြင်း က မော်ရင်ဟို နဲ့ ခြားနား ခဲ့တာ ဖြစ်တယ် လို့ ဆိုခဲ့တာ ဖြစ် ပါတယ် ။

ဒါ့အပြင် ဗန်ဟား က သူ့ရဲ့ လက်ထက် က တိုက်စစ် ကစားပုံ ဟာ မော်ရင်ဟို ၊ ဆိုးရှား တို့ ထက် သာလွန် ခဲ့ပြီး ဒီ နည်းပြ ၂ ဦး စလုံး ဟာ ဆာအဲလက်စ် ခေတ် တုန်း ကလို တိုက်စစ် အသားပေး ကစားပုံ မျိုး ကို မလုပ် ဆောင် နိုင်ခဲ့ ဘူး လို့ ဝေဖန် ခဲ့တာ ဖြစ် ပါတယ် ။

ဆိုးရှား ကတော့ သူ ဟာ အမြဲတမ်း ခံစစ် ကစား နေတာ မဟုတ် သလို ဘောလုံး ပိုင်ဆိုင် မှု များများ နဲ့ ဆက်တိုက် ဖိကစား တဲ့ ပွဲတွေ လည်း အများကြီး ရှိခဲ့ ကြောင်း ဆိုခဲ့ ကာ ဗန်ဟား ရဲ့ ကစားကွက် အပေါ် ပြန်လည် မေးခွန်းထုတ် ထိုးနှက် သွားခဲ့ ပါတယ် ။

“ဗန်ဟား ဟာ သူ့ရဲ့ ထင်မြင် ချက် ကို ထုတ်ပြော ခဲ့တာပါ ။ ဒါက ကိစ္စ မရှိ ပါဘူး ။ ကျွန်တော် တို့ ကစား ပြီး ခဲ့တဲ့ ပွဲတွေ ရှိ ပါတယ် ။ ခံစစ် နဲ့ တန်ပြန် တိုက်စစ် ကစား ရတဲ့ ပွဲ အချို့ ရှိ ပါတယ် ။ ဒါပေမယ့် ဘောလုံး ပိုင်ဆိုင် မှု များများ ၊ ဖိအားပေး မှု များများ နဲ့ တိုက်စစ် ဆင် ကစား ခဲ့တဲ့ ပွဲတွေ လည်း အများကြီး ပါပဲ”

“ကျွန်တော်တို့ ခံစစ် ကစား ပါတယ် ၊ ဒါက ဘောလုံး ကို လုယူ ပြီး ရှေ့ ကို ပို့ နိုင် ဖို့ ပါ ။ ဘောလုံး ခြေထဲ ကို ရောက်လာ တာ နဲ့ တိုက်စစ် ဆင် ဖို့ ကျွန်တော်တို့ ကြိုးစား ပါတယ် ။ ဒါက မစ္စတာ ဗန်ဟား ရဲ့ ထင်မြင် ချက် နဲ့ မတူညီ ပါဘူး”

“ကျွန်တော် လည်း ပြန်မေး ချင် ပါတယ် ။ သူ့ ရဲ့ တိုက်စစ် က ကျွန်တော်တို့ လောက် မြန်မြန် ကစားနိုင် ခဲ့ သလား ၊ ကစား နိုင်တယ် ဆိုရင် ဘာလို့ မကစား ခဲ့ တာလဲ ။ ကျွန်တော် မြင်တာ ကတော့ သူ့ လက်ထက် မှာ ဘောလုံး ရတာ နဲ့ နောက်ပြန် ပေးနေ ခဲ့တာ ပါပဲ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ တာဖြစ် ပါတယ် ။

ဆိုးရှား ရဲ့ ယူနိုက်တက် အသင်း ဖော် ဟောင်း ဖြစ်သူ ဂယ်ရီနဗီးလ် ကလည်း ဗန်ဟား ရဲ့ ဝေဖန် မှု ကို တုန့်ပြန် ပြောဆို ခဲ့ ဖူးပြီး အသင်းရဲ့ ကစားပုံ ဟာ ဗန်ဟား လက်ထက် မှာ အဆိုးရွား ဆုံး ဖြစ်ခဲ့တယ် လို့ ပြောဆို ခဲ့ ဖူး ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ စနေနေ့ ညက ဝက်ဖိုဒ့် ကို အိမ်ကွင်းမှာ ရက်ဖိုဒ့် ၊ မာရှယ် တို့ ရဲ့ ဂိုးတွေ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဒါကြောင့် တနင်္ဂနွေနေ့ ပွဲစဉ်တွေ အပြီး မှာ အဆင့် ၄ နေရာ ကို ရယူ ထားနိုင် ခဲ့ပြီး ( အာဆင်နယ် မကစားရ သေး ) တတိယ နေရာက စပါး နဲ့ လည်း ရမှတ်တူသွား ခဲ့ပြီ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် အင်္ဂါနေ့ ည မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ကို ကြိုတင် ကစား ရမှာ ဖြစ်ပြီး FA Cup တုန်းက အရေးနိမ့် ထားတဲ့ ဝုဗ် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

No comments

Powered by Blogger.