ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေရႊ ့ကစားေတာ့မယ့္ဘာစီလိုနာကြင္းလယ္လူ
ခရိုေအးရွားလက္ေရြးစင္ၾကယ္ပြင့္ ရာကီတစ္ဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီလုိ႔ သိရပါတယ္။ လာမယ့္ရာသီမွာ ေအဂ်က္အသင္းရဲ႕ကြင္းလယ္ၾကယ္ပြင့္ ဖရန္ကီဒီေဂ်ာင္ဟာ ႏူးကမ့္ကို ေျပာင္းေရႊ႕လာေတာ့မွာျဖစ္ၿပီး ရာကီတစ္အတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာေတာ့မွာျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရာကီတစ္ဟာ ယခုရာသီမွာ အျခားကြင္းလယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အာတူရိုုဗီဒယ္နဲ႔ အာသာမယ္လုိတုိ႔နဲ႔ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္ေနရသူျဖစ္ၿပီး ယခုေႏြရာသီမွာ ေအဂ်က္လူငယ္ၾကယ္ပြင့္ ဖရန္ကီဒီေဂ်ာင္က ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕လာေတာ့မွာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ ရာကီတစ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းမႈျပဳလုပ္ရျခင္းမရွိေသးဘူးလုိ႔ သိရၿပီး ရာကီတစ္ဟာ ဘာစီလုိနာအသင္းအတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးေနဆဲျဖစ္ေပမယ့္ မရွိမျဖစ္ကစားသမားမဟုတ္ေတာ့ဘူးလုိ႔ နားလည္ရပါတယ္။
အီတလီသတင္းစာ La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရ ရာကီတစ္ဟာ စီးရီးေအထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းနဲ႔ ဆက္သြယ္မႈျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လုိ႔ သိရၿပီး ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖုိ႔အတြက္ သေဘာတူညီိခဲ့တယ္လုိ႔ သိရပါတယ္။
ရာကီတစ္ဟာ ယခုရာသီမွာ ဘာစီလုိနာအသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ကစားသမားျဖစ္ၿပီး ရာကီတစ္အတြက္ ဘာစီလိုနာအသင္းဟာ ေငြေၾကးအမ်ားအျပား ရရွိဖြယ္ရွိေနၿပီး ဒီေဂ်ာင္ရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ အကူအညီျဖစ္ေစမွာျဖစ္ပါတယ္။
(Unicode)
ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့ကစားတော့မယ့်ဘာစီလိုနာကွင်းလယ်လူ
ခရိုအေးရှားလက်ရွေးစင်ကြယ်ပွင့် ရာကီတစ်ဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ လာမယ့်ရာသီမှာ အေဂျက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ဟာ နူးကမ့်ကို ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး ရာကီတစ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာကီတစ်ဟာ ယခုရာသီမှာ အခြားကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ အာတူရိုဗီဒယ်နဲ့ အာသာမယ်လိုတို့နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နေရသူဖြစ်ပြီး ယခုနွေရာသီမှာ အေဂျက်လူငယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရာကီတစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုပြုလုပ်ရခြင်းမရှိသေးဘူးလို့ သိရပြီး ရာကီတစ်ဟာ ဘာစီလိုနာအသင်းအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေဆဲဖြစ်ပေမယ့် မရှိမဖြစ်ကစားသမားမဟုတ်တော့ဘူးလို့ နားလည်ရပါတယ်။
အီတလီသတင်းစာ La Gazzetta dello Sport ရဲ့ဖော်ပြချက်အရ ရာကီတစ်ဟာ စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
ရာကီတစ်ဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ကစားသမားဖြစ်ပြီး ရာကီတစ်အတွက် ဘာစီလိုနာအသင်းဟာ ငွေကြေးအများအပြား ရရှိဖွယ်ရှိနေပြီး ဒီဂျောင်ရဲ့ပြောင်းရွှေ့ကြေးအတွက် အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
Post a Comment