ခ်န္ပီယံရွစ္ကလပ္အစ္ဆြစ္အသင္းနဲ ့အတူရလဒ္ဆိုးေတြထပ္တူညီေနတဲ့အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီ ကစားထားသမွ် ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္တိုင္းကို ေပးဂိုး ခြင့္ျပဳထားရၿပီး ေနာက္ဆုံး အေ၀းကြင္း ၁၁ ပြဲမွာဆိုရင္ ၇ ပြဲအထိ ရႈံးနိမ့္ထားပါတယ္။
မေန႔ညက အဲဗာတန္အသင္းနဲ႔ ကစားခဲဲ့တဲ့ ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္မွာ အာဆင္နယ္အသင္းအေနနဲ႔ ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ပါတယ္။
ဒီလိုအေရးနိမ့္ခဲ့ရၿပီးေနာက္ အာဆင္နယ္အသင္းဟာ ဒီႏွစ္ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္ေတြတိုင္း ေပးဂိုး ခြင့္ျပဳ ထားရတဲ့ မွတ္တမ္းဆိုးကို ဆက္လက္ပိုင္ဆိုင္ေနရပါတယ္။
ဒီလို ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္တိုင္း ေပးဂိုး ခြင့္ျပဳေနရတဲ့ မွတ္တမ္းဆိုးဟာ ခ်န္ပီယံရွစ္ကလပ္ အစ္ဆြစ္ အသင္းနဲ႔ တူညီေနတယ္လို႔လည္း Daily Mailကေဖာ္ျပလာပါတယ္။
အစ္ဆြစ္အသင္းဟာလည္း ဒီႏွစ္ ခ်န္ပီယံရွစ္ေဘာာလုံးရာသီမွာ အဆင့္ ၂၄ နဲ႔ အမွတ္ေပးဇယားေအာက္ဆုံးမွာ ရပ္တည္ေနရၿပီး ကစားထားသမွ် ခ်န္ပီယံရွစ္ အေ၀းကြင္းပြဲစဥ္တိုင္းမွာ အနည္းဆုံး ေပးဂိုးတစ္ဂိုး ခြင့္ျပဳထားရ တာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းအေနနဲ႔ ဒီႏွစ္ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးကစားထားတဲ့ အေ၀းကြင္း ၁၁ ပြဲကို ျပန္ၾကည့္ မယ္ဆိုရင္လည္း ၇ ပြဲအထိ အေရးနိမ့္ထားတာကိုေတြ႕ျမင္ႏိုင္ပါတယ္။
ဒါေပမယ့္ အာဆင္နယ္အသင္းက အိမ္ကြင္းမွာေတာ့ မာေက်ာတဲ့ ေျခစြမ္းကို ျပသထားႏိုင္ၿပီး ေနာက္ဆုံး ပရီးမီး ယားလိဂ္ အိိမ္ကြင္း ၁၀ ပြဲဆက္ အႏိုင္ရထားတာကိုေတြ႕ျမင္ႏိုင္ပါတယ္။
(Unicode)
ချန်ပီယံရှစ်ကလပ်အစ်ဆွစ်အသင်းနဲ့အတူရလဒ်ဆိုးတွေထပ်တူညီနေတဲ့အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီ ကစားထားသမျှ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တိုင်းကို ပေးဂိုး ခွင့်ပြုထားရပြီး နောက်ဆုံး အဝေးကွင်း ၁၁ ပွဲမှာဆိုရင် ၇ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
မနေ့ညက အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒီလိုအရေးနိမ့်ခဲ့ရပြီးနောက် အာဆင်နယ်အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွေတိုင်း ပေးဂိုး ခွင့်ပြု ထားရတဲ့ မှတ်တမ်းဆိုးကို ဆက်လက်ပိုင်ဆိုင်နေရပါတယ်။
ဒီလို ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တိုင်း ပေးဂိုး ခွင့်ပြုနေရတဲ့ မှတ်တမ်းဆိုးဟာ ချန်ပီယံရှစ်ကလပ် အစ်ဆွစ် အသင်းနဲ့ တူညီနေတယ်လို့လည်း Daily Mailကဖော်ပြလာပါတယ်။
အစ်ဆွစ်အသင်းဟာလည်း ဒီနှစ် ချန်ပီယံရှစ်ဘောာလုံးရာသီမှာ အဆင့် ၂၄ နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေရပြီး ကစားထားသမျှ ချန်ပီယံရှစ် အဝေးကွင်းပွဲစဉ်တိုင်းမှာ အနည်းဆုံး ပေးဂိုးတစ်ဂိုး ခွင့်ပြုထားရ တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားထားတဲ့ အဝေးကွင်း ၁၁ ပွဲကို ပြန်ကြည့် မယ်ဆိုရင်လည်း ၇ ပွဲအထိ အရေးနိမ့်ထားတာကိုတွေ့မြင်နိုင်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းက အိမ်ကွင်းမှာတော့ မာကျောတဲ့ ခြေစွမ်းကို ပြသထားနိုင်ပြီး နောက်ဆုံး ပရီးမီး ယားလိဂ် အိမ်ကွင်း ၁၀ ပွဲဆက် အနိုင်ရထားတာကိုတွေ့မြင်နိုင်ပါတယ်။
Post a Comment