Header Ads


လီဗာပူးလ္ရဲ ့ေလ့က်င့္ခန္းအစီအစဥ္ေတြကရယ္စရာလို ့ဆိုလိုက္တဲ့ကြင္းလယ္လူေဟာင္းခ်မ္



ခ်မ္က လီဗာပူးမွာ ႏွစ္ၾကာ က်င္လည္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္ကို ေျပာင္းခ်ိန္မွာ လီဗာပူးက ခက္ခဲပါတယ္ဆို တဲ့ ေလ့က်င့္ခန္းေတြက ရယ္စရာျဖစ္ခဲ့ရၿပီး ဂ်ဴဗင္တပ္ကို ေရာက္ေရာက္ခ်င္းမွာ ေလ့က်င့္ခန္းေတြက စိန္ေခၚမႈ ေတြ ျဖစ္ခဲ့တယ္လို႔ ေျပာလာခဲ့ပါတယ္။
လီဗာပူးအသင္းကေန ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ အမ္မရီခ်မ္ကေတာ့ ဂ်ဴဗင္တပ္အသင္းရဲ႕ ေလ့က်င့္ခန္းေတြက လီဗာပူးမွာထက္ ပိုမို ျပင္းထန္ ခက္ခဲတယ္လို႔ ထုတ္ေဖာ္ေျပာလာ ခဲ့တဲ့အေၾကာင္း Goal.comက ေဖာ္ျပလာပါတယ္။


ခ်မ္ရဲ႕ ေျပာျပခ်က္အရ ဂ်ဴဗင္တပ္အသင္းရဲ႕ ေလ့က်င့္ခန္းေတြက လီဗာပူးအသင္းရဲ႕ ေလ့က်င့္ခန္းေတြထက္ ပိုမို ျပင္းထန္ၿပီး ခက္ခဲတယ္လို႔ သိရၿပီး ကေလာ့ပ္လက္ေအာက္မွာ ျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းေတြက ဂ်ဴဗင္တပ္ ေရာက္မွ ရယ္စရာေတြ ျဖစ္ကုန္ေရာလို႔ ထုတ္ေဖာ္ေျပာလာခဲ့ပါတယ္။
အမ္မရီခ်မ္ကေတာ့ ၂၀၁၃ တုန္းက ေလဗာကူဆင္အသင္းကေန လီဗာပူးကို ေရာက္လာၿပီး အသင္းမွာ ႏွစ္ၾကာ က်င္လည္ခဲ့ကာ ၁၆၆ ပြဲ ပါ၀င္ကစားေပးခဲ့ပါတယ္။


၂၀၁၇-၁၈ ေဘာလုံးရာသီမွာေတာ့ လီဗာပူးကေန ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့သူ ျဖစ္ၿပီး ဒီရာသီ ဂ်ဴဗင္တပ္အတြက္ ၿပိဳင္ပြဲစုံ ၃၁ ပြဲမွာ ဂိုးအထိ သြင္းယူေပးထားႏိုင္သူပါ။
ကၽြန္ေတာ္ အရင္ကတည္းက ကေလာ့ပ္ရဲ႕ ျပင္းထန္တယ္ဆိုတဲ့ ေလ့က်င့္ခန္းေတြကို ေမးခြန္းထုတ္ခဲ့ဖူးပါ တယ္၊ အခု ဂ်ဴဗင္တပ္မွာက ပိုမို ျပင္းထန္ပါတယ္၊ အျမဲတမ္း ေျပးေနရတယ္၊ အျမဲတမ္း ေလ့က်င့္ခန္းေတြကို ျပင္းျပင္းထန္ထန္လုပ္ေနတယ္၊ဒါေတြက ကၽြန္ေတာ့္အတြက္ အစမွာ စိန္ေခၚမႈေတြ ျဖစ္ေစခဲ့ပါတယ္၊ အခုေတာ့ ကၽြန္ေတာ္ ဒီေလ့က်င့္ခန္းေတြနဲ႔ အကၽြမ္းတ၀င္ရွိသြားပါၿပီ။လို႔ ခ်မ္က Goal.comကို ေျပာလာခဲ့တာပါ။
ဆက္လက္ၿပီး ခ်မ္က လီဗာပူးက ထြက္ခဲ့ရစဥ္က ခက္ခဲေၾကာင္းန႔ဲ ဂ်ဴဗင္တပ္ကို ေျပာင္းခဲ့တာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔လည္း ေျပာခဲ့ပါေသးတယ္။
ခ်မ္ရဲ႕ ဂ်ဴဗင္တပ္အသင္းကေတာ့ ဒီညမွာ ေအဂ်က္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ ပထမအေက်ာ့ကို ကစားရမွာ ျဖစ္ၿပီး အသင္းေဟာင္း လီဗာပူးကေတာ့ ဒီမနက္က ေပၚတိုအသင္းကို - နဲ႔ ႏိုင္သြားပါတယ္။


(Unicode)

လီဗာပူးလ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကရယ်စရာလို့ဆိုလိုက်တဲ့ကွင်းလယ်လူဟောင်းချမ်

ချမ်က လီဗာပူးမှာ ၄ နှစ်ကြာ ကျင်လည်ခဲ့ပေမယ့် ဂျူဗင်တပ်ကို ပြောင်းချိန်မှာ လီဗာပူးက ခက်ခဲပါတယ်ဆို တဲ့ လေ့ကျင့်ခန်းတွေက ရယ်စရာဖြစ်ခဲ့ရပြီး ဂျူဗင်တပ်ကို ရောက်ရောက်ချင်းမှာ လေ့ကျင့်ခန်းတွေက စိန်ခေါ်မှု တွေ ဖြစ်ခဲ့တယ်လို့ ပြောလာခဲ့ပါတယ်။
လီဗာပူးအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အမ်မရီချမ်ကတော့ ဂျူဗင်တပ်အသင်းရဲ့ လေ့ကျင့်ခန်းတွေက လီဗာပူးမှာထက် ပိုမို ပြင်းထန် ခက်ခဲတယ်လို့ ထုတ်ဖော်ပြောလာ ခဲ့တဲ့အကြောင်း Goal.comက ဖော်ပြလာပါတယ်။
ချမ်ရဲ့ ပြောပြချက်အရ ဂျူဗင်တပ်အသင်းရဲ့ လေ့ကျင့်ခန်းတွေက လီဗာပူးအသင်းရဲ့ လေ့ကျင့်ခန်းတွေထက် ပိုမို ပြင်းထန်ပြီး ခက်ခဲတယ်လို့ သိရပြီး ကလော့ပ်လက်အောက်မှာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ဂျူဗင်တပ် ရောက်မှ ရယ်စရာတွေ ဖြစ်ကုန်ရောလို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။
အမ်မရီချမ်ကတော့ ၂၀၁၃ တုန်းက လေဗာကူဆင်အသင်းကနေ လီဗာပူးကို ရောက်လာပြီး အသင်းမှာ ၄ နှစ်ကြာ ကျင်လည်ခဲ့ကာ ၁၆၆ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။
၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ လီဗာပူးကနေ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပြီး ဒီရာသီ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။
“ကျွန်တော် အရင်ကတည်းက ကလော့ပ်ရဲ့ ပြင်းထန်တယ်ဆိုတဲ့ လေ့ကျင့်ခန်းတွေကို မေးခွန်းထုတ်ခဲ့ဖူးပါ တယ်၊ အခု ဂျူဗင်တပ်မှာက ပိုမို ပြင်းထန်ပါတယ်၊ အမြဲတမ်း ပြေးနေရတယ်၊ အမြဲတမ်း လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်နေတယ်၊ဒါတွေက ကျွန်တော့်အတွက် အစမှာ စိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပါတယ်၊ အခုတော့ ကျွန်တော် ဒီလေ့ကျင့်ခန်းတွေနဲ့ အကျွမ်းတဝင်ရှိသွားပါပြီ။” လို့ ချမ်က Goal.comကို ပြောလာခဲ့တာပါ။
ဆက်လက်ပြီး ချမ်က လီဗာပူးက ထွက်ခဲ့ရစဉ်က ခက်ခဲကြောင်းနဲ့ ဂျူဗင်တပ်ကို ပြောင်းခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့လည်း ပြောခဲ့ပါသေးတယ်။
ချမ်ရဲ့ ဂျူဗင်တပ်အသင်းကတော့ ဒီညမှာ အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ကစားရမှာ ဖြစ်ပြီး အသင်းဟောင်း လီဗာပူးကတော့ ဒီမနက်က ပေါ်တိုအသင်းကို ၂-၀ နဲ့ နိုင်သွားပါတယ်။

No comments

Powered by Blogger.