ဆာလာကိုဗံုးခြဲသမားအျဖစ္ေလွာင္ေျပာင္ခဲ့ၾကတဲ့ခ်ဲလ္ဆီးပရိတ္သတ္မ်ား
လီဗာပူးအသင္းဟာ ခ်ယ္ဆီးအသင္းပရိသတ္ေတြက မုိဟာမက္ဆာလာကို အႏၱရာယ္ရွိၿပီး စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတဲ့ ဗံုးခြဲသမားအျဖစ္ သီခ်င္းလုပ္ဆုိထားတာကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖုိင္ကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။
ယမန္ေန႔ညက ခ်ယ္ဆီးအသင္းရဲ႕ယူရိုပါလိဂ္ပြဲစဥ္အျဖစ္ ဆလာဗီးယားပရက္ဂ္နဲ႔ ယွဥ္ၿပိဳင္မကစားမီမွာ ခ်ယ္ဆီအသင္းပရိသတ္အုပ္စုတစ္စုက ဆာလာဟာ ဗံုးခြဲသမားဆုိတဲ့ စာသားပါဝင္တဲ့ အစၥလာမ္မုန္းတီးေရးသီခ်င္းကို သီဆုိေနၾကတဲ့ ဗီဒီယိုဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႕ခဲ့တာျဖစ္ပါတယ္။
ယင္းသီခ်င္းကုိ သီဆုိခဲ့တဲ့အုပ္စုထဲမွာ ပါဝင္ခဲ့တယ္လုိ႔ စြပ္စြဲခံခဲ့ရတဲ့ ခ်ယ္ဆီးပရိသတ္ ၆ ဦးထဲက ၃ ဦးဟာ ပရက္ဂ္ရဲ႕အီဒင္ကြင္းထဲကို ဝင္ေရာက္ရာမွာ ဟန္႔တားခံခဲ့ရတယ္လုိ႔ သိရပါတယ္။
“အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာတဲ့ဗီဒီယိုထဲမွာ ကၽြန္ေတာ္တု္ိ႔ ကစားသမားေတြထဲကတစ္ဦးကို ဦးတည္ၿပီး ခြဲျခားဆက္ဆံတဲ့ေၾကြးေၾကာ္သီဆုိမႈေတြကို ျမင္ရတာဟာ အႏၱရာယ္ရွိၿပီး စိတ္အေႏွာင့္အယွက္ျဖစ္စရာပါ”
“ဒီရာသီမွာ အဲဒီလိုကိစၥေတြ ျဖစ္ခဲဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္တုိ္႔ အဂၤလန္၊ ဥေရာပနဲ႔ ကမၻာတလႊားမွာ ရံြရွာစက္ဆုပ္ဖြယ္ေကာင္းတဲ့ ခြဲျခားဆက္ဆံမႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ လူမႈကြန္ရက္ေပၚမွာ အမုန္းတရားနဲ႔တုိက္ခုိက္မႈေတြအမ်ားအျပားကိုလည္း ကၽြန္ေတာ္တို႔ သက္ေသရထားပါတယ္”
“ဒီအျပဳအမူဟာ လံုးဝ တယူသန္ထင္ရာစိုင္းတဲ့လုပ္ရပ္အျဖစ္ သတ္မွတ္ဖို႔ လိုအပ္ပါတယ္”
“လီဗာပူးအသင္းဟာ ဒီကိစၥကို အလ်င္အျမန္ ေဖာ္ထုတ္အတည္ျပဳၿပီး အမုန္းတရားျပစ္မႈက်ဴးလြန္ခဲ့ၾကတဲ့ အားလံုးကို အျပစ္ေပးဖုိ႔ အာဏာပိုင္အဖြဲ႕အစည္းတာဝန္ရွိသူေတြရဲ႕တာဝန္ယူမႈ၊ တာဝန္ခံမႈကို ယံုၾကည္ပါတယ္”
“ေဘာလံုးေလာကမွာ ဒီလိုအျပဳအမူမ်ိဳးအတြက္ ေနရာမရွိပါဘူး။ လူ႔အသိုင္းအဝိုင္းမွာလည္း ေနရာမရွိပါဘူး။ ယခုေနာက္ဆံုးျဖစ္စဥ္အတြက္ အသင္းအေနနဲ႔ မာေဆးဆုိက္ဒ္ရဲတပ္ဖြဲ႕နဲ႔ ဗီဒီယိုထဲမွာ ပါဝင္ခဲ့တဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို ရွာေဖြႏုုိင္ဖို႔ အလုပ္လုပ္ေနပါတယ္”
“ဒါ့အျပင္ ကၽြန္ေတာ္တုိ႔ဟာ ယင္းျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ခ်ယ္ဆီးအသင္းနဲ႔ တုိ္က္ရိုက္အလုပ္လုပ္ေနပါတယ္။ တစ္ဦးတစ္ေယာက္ခ်င္းစီတာဝန္ယူမႈနဲ႔ အေရးတႀကီး အတည္ျပဳဖုိ႔ ကတိကဝတ္ျပဳမႈနဲ႔ ျပစ္တင္ရႈတ္ခ်မႈအတြက္ ခ်ယ္ဆီးအသင္းကို ကၽြန္ေတာ္တုိ႔ ေက်းဇူးတင္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားပါတယ္။
လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းပရိသတ်တွေက မိုဟာမက်ဆာလာကို အန္တရာယ်ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဗုံးခွဲသမားအဖြစ် သီချင်းလုပ်ဆိုထားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ယမန်နေ့ညက ချယ်ဆီးအသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆလာဗီးယားပရက်ဂ်နဲ့ ယှဉ်ပြိုင်မကစားမီမှာ ချယ်ဆီအသင်းပရိသတ်အုပ်စုတစ်စုက ဆာလာဟာ ဗုံးခွဲသမားဆိုတဲ့ စာသားပါဝင်တဲ့ အစ္စလာမ်မုန်းတီးရေးသီချင်းကို သီဆိုနေကြတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ယင်းသီချင်းကို သီဆိုခဲ့တဲ့အုပ်စုထဲမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ချယ်ဆီးပရိသတ် ၆ ဦးထဲက ၃ ဦးဟာ ပရက်ဂ်ရဲ့အီဒင်ကွင်းထဲကို ဝင်ရောက်ရာမှာ ဟန့်တားခံခဲ့ရတယ်လို့ သိရပါတယ်။
“အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ဗီဒီယိုထဲမှာ ကျွန်တော်တို့ ကစားသမားတွေထဲကတစ်ဦးကို ဦးတည်ပြီး ခွဲခြားဆက်ဆံတဲ့ကြွေးကြော်သီဆိုမှုတွေကို မြင်ရတာဟာ အန္တရာယ်ရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာပါ”
“ဒီရာသီမှာ အဲဒီလိုကိစ္စတွေ ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့် အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာတလွှားမှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ခွဲခြားဆက်ဆံမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အမုန်းတရားနဲ့တိုက်ခိုက်မှုတွေအများအပြားကိုလည်း ကျွန်တော်တို့ သက်သေရထားပါတယ်”
“ဒီအပြုအမူဟာ လုံးဝ တယူသန်ထင်ရာစိုင်းတဲ့လုပ်ရပ်အဖြစ် သတ်မှတ်ဖို့ လိုအပ်ပါတယ်”
“လီဗာပူးအသင်းဟာ ဒီကိစ္စကို အလျင်အမြန် ဖော်ထုတ်အတည်ပြုပြီး အမုန်းတရားပြစ်မှုကျူးလွန်ခဲ့ကြတဲ့ အားလုံးကို အပြစ်ပေးဖို့ အာဏာပိုင်အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကို ယုံကြည်ပါတယ်”
“ဘောလုံးလောကမှာ ဒီလိုအပြုအမူမျိုးအတွက် နေရာမရှိပါဘူး။ လူ့အသိုင်းအဝိုင်းမှာလည်း နေရာမရှိပါဘူး။ ယခုနောက်ဆုံးဖြစ်စဉ်အတွက် အသင်းအနေနဲ့ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့နဲ့ ဗီဒီယိုထဲမှာ ပါဝင်ခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ရှာဖွေနိုင်ဖို့ အလုပ်လုပ်နေပါတယ်”
“ဒါ့အပြင် ကျွန်တော်တို့ဟာ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ချယ်ဆီးအသင်းနဲ့ တိုက်ရိုက်အလုပ်လုပ်နေပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတာဝန်ယူမှုနဲ့ အရေးတကြီး အတည်ပြုဖို့ ကတိကဝတ်ပြုမှုနဲ့ ပြစ်တင်ရှုတ်ချမှုအတွက် ချယ်ဆီးအသင်းကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။
Post a Comment