Header Ads


တပည့္ေဟာင္းစေမာလင္းဘက္ကေနရပ္တည္ေျပၾကားလိုက္တဲ့ေမာ္ရင္ဟို



မန္ခ်က္စတာယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ညက မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္က မက္ဆီနဲ႔စေမာလင္းတို႔ရဲ႕ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ၎ရဲ႕ ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။


မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ လုခ္ေရွာရဲ႕ကိုယ့္ဂိုးကုိယ္ျပန္သြင္းမိခဲ့တဲ့ သြင္းဂိုးေၾကာင့္ ဘာစီလိုနာအသင္းကို အိမ္ကြင္းအုိးထရက္ဖုိ႔ဒ္မွာ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲ့ျခင္းမရွိသူျဖစ္ၿပီး စေမာလင္းနဲ႔ ေဘာလံုးယွဥ္လုရာမွာ ဒဏ္ရာေၾကာင့္ မ်က္ႏွာမွာ ေသြးခ်င္းခ်င္းနီရဲခဲ့တာျဖစ္ပါတယ္။
စေမာလင္းဟာ ေလထဲကေဘာလံုးကို မက္ဆီနဲ႔ ယွဥ္လုရာမွာ မက္ဆီကို ေက်ာ္ျဖတ္ၿပီးေနာက္ လက္ျပန္ရိုက္မိခဲ့တာျဖစ္ၿပီး မက္ဆီဟာ ႏွာေခါင္းမွာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟိုက ဘာစီီလိုနာအသင္းနဲ႔ပြဲစဥ္က ၎ရဲ႕အသင္းေဟာင္း မန္ခ်က္စတာယူႏုိက္တက္ရဲ႕ခပ္ၾကမ္းၾကမ္းကစားပံုကို အထင္ႀကီးေနတာျဖစ္ပါတယ္။


အဲဒါက ျဖစ္ေနက်ပါ။ ရွည္လ်ားတဲ့လက္ေမာင္းရွိတဲ့ အရပ္ရွည္ရွည္နဲ႔လူတစ္ေယာက္ျဖစ္ေနလို႔ပါ။ ကၽြန္ေတာ္ကေတာ့ အဲဒီကိစၥမွာ ရည္ရြယ္ခ်က္ရွိလိမ့္မယ္လုိ႔ မထင္ပါဘူး
သူတို႔ေတြ မက္ဆီရဲ႕အေၾကာင္းကို ေတြးခဲ့ၾကတယ္။ သူတို႔ေတြ သူ႔အေၾကာင္းကို ေတြးၾကတယ္။ သူတို႔ေတြကို ခံစစ္ရႈေထာင့္ကေန ၾကည့္မယ္ဆုိရင္ ေကာင္းမြန္ပါတယ္။ ေဘာလံုးအေနာက္မွာ လူအမ်ားအျပား ထိန္းသိမ္းထားပါတယ္။ ေက်ာ့ကစားဖုိ႔ရွိေနပါတယ္
ဒုတိယအေက်ာ့မွာ ခင္ဗ်ား အေဝးကြင္းကို သြားေရာက္ရမယ္။ တကယ္လုိ႔ အုပ္စုပြဲစဥ္သာဆုိရင္ အဲဒီကရတဲ့ အမွတ္က ေကာင္းမြန္တဲ့ရလဒ္ပါ။ သူတို႔ေတြ ေနာက္တဆင့္တက္ႏုိင္ဦးမွာပါ။ ဘာလို႔လဲဆုိေတာ့ ဘာစီလိုနာက ဘယ္ေတာ့မွ ပြဲစဥ္ကို အျပတ္အသတ္ျဖစ္ေအာင္ မလုပ္လုိ႔ပါလို႔ RT Sport ကို ေျပာၾကားခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ လာမယ့္ဧၿပီလ ၁၆ ရက္ေန႔မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ပဲြစဥ္အျဖစ္ ႏူးကမ့္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

(Unicode)

တပည့်ဟောင်းစမောလင်းဘက်ကရပ်တည်ပြေကြားလိုက်တဲ့မော်ရင်ဟို

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်က မက်ဆီနဲ့စမောလင်းတို့ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လုခ်ရှောရဲ့ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ သွင်းဂိုးကြောင့် ဘာစီလိုနာအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသူဖြစ်ပြီး စမောလင်းနဲ့ ဘောလုံးယှဉ်လုရာမှာ ဒဏ်ရာကြောင့် မျက်နှာမှာ သွေးချင်းချင်းနီရဲခဲ့တာဖြစ်ပါတယ်။
စမောလင်းဟာ လေထဲကဘောလုံးကို မက်ဆီနဲ့ ယှဉ်လုရာမှာ မက်ဆီကို ကျော်ဖြတ်ပြီးနောက် လက်ပြန်ရိုက်မိခဲ့တာဖြစ်ပြီး မက်ဆီဟာ နှာခေါင်းမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုက ဘာစီလိုနာအသင်းနဲ့ပွဲစဉ်က ၎င်းရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ခပ်ကြမ်းကြမ်းကစားပုံကို အထင်ကြီးနေတာဖြစ်ပါတယ်။
“အဲဒါက ဖြစ်နေကျပါ။ ရှည်လျားတဲ့လက်မောင်းရှိတဲ့ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်ဖြစ်နေလို့ပါ။ ကျွန်တော်ကတော့ အဲဒီကိစ္စမှာ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ မထင်ပါဘူး”
“သူတို့တွေ မက်ဆီရဲ့အကြောင်းကို တွေးခဲ့ကြတယ်။ သူတို့တွေ သူ့အကြောင်းကို တွေးကြတယ်။ သူတို့တွေကို ခံစစ်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ ဘောလုံးအနောက်မှာ လူအများအပြား ထိန်းသိမ်းထားပါတယ်။ ၂ ကျော့ကစားဖို့ရှိနေပါတယ်”
“ဒုတိယအကျော့မှာ ခင်ဗျား အဝေးကွင်းကို သွားရောက်ရမယ်။ တကယ်လို့ အုပ်စုပွဲစဉ်သာဆိုရင် အဲဒီကရတဲ့ အမှတ်က ကောင်းမွန်တဲ့ရလဒ်ပါ။ သူတို့တွေ နောက်တဆင့်တက်နိုင်ဦးမှာပါ။ ဘာလို့လဲဆိုတော့ ဘာစီလိုနာက ဘယ်တော့မှ ပွဲစဉ်ကို အပြတ်အသတ်ဖြစ်အောင် မလုပ်လို့ပါ”လို့ RT Sport ကို ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ဧပြီလ ၁၆ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် နူးကမ့်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

No comments

Powered by Blogger.