Header Ads


ခ်ဲလ္ဆီးနဲ ့ပြဲမွာပြဲထြက္လာမယ့္မန္ယူလူငယ္ကစားသမားတာဟစ္ေခ်ာင္ဆိုတာဘယ္သူလဲ?


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

 မန္ခ်က္စတာယူနိုက္တက္မန္ေနဂ်ာဆိုးရွားကေတာ့ခ်ယ္ဆီးအသင္းနဲ႔ရင္ဆိုင္ကစားမယ့္ FAဖလားပဥၥမအဆင့္ပြဲစဥ္အတြက္ အကယ္ဒမီကစားသမားေလး တာဟစ္ေခ်ာင္ကိုေရြးခ်ယ္လာခဲ့ျပီး အခြင့္အေရးေပးမယ္လို႔လည္းဆိုထားပါတယ္။တာဟစ္ေခ်ာင္ဟာ နယ္သာလန္နိုင္ငံသားျဖစ္ျပီး အသက္၁၉နွစ္အရြယ္သာရွိပါေသးတယ္။လင္ဂတ္၊မာရွယ္တို႔လို႕ေတာင္ပံကစားသမားေတြ ဒဏ္ရာကိုယ္စီနဲ႔မပါဝင္နိုင္တာေျကာင့္ေခ်ာင္ကိုအသင္းျကီးဆီ ေခၚယူခဲ့တာပါ။ယာယီနည္းျပဆိုးရွားအေနနဲ႔ရီးဒင္းနဲ႔FAဖလားပြဲစဥ္မွာလည္း တာဟစ္ေခ်ာင္ကို အသံုးျပဳခဲ့ပါတယ္။ဒါေပမယ့္ တာဟစ္ေခ်ာင္ဆိုတဲ့ အရည္အေသြးျမင့္လူငယ္ကစားသမားေလးကို ပရိတ္သတ္ေတြသိပ္သတိမထားမိေသးတာေျကာင့္အခုေဆာင္းပါးမွာ အေသးစိတ္ေဖာ္ျပေပးပါမယ္။

တာဟစ္ေခ်ာင္ဆိုတာဘယ္သူလဲ?

နာမည္အျပည့္အစံုက တာဟစ္ေခ်ာင္ပဲျဖစ္ျပီး ၁၉၉၉ဒီဇင္ဘာ၄ရက္ေန႔မွာေမြးဖြားခဲ့တာပါ။လက္ရွိေတာင္ပံမွာကစားေနျပီး ၂၀၁၆ခုနွစ္မွာ ဖီရင္နုလူငယ္အသင္းကေန ယူနိုက္တက္အကယ္ဒမီကိုေရာက္ခဲ့ပါတယ္။ေရာက္ေရာက္ခ်င္းပဲ U-18အသင္းမွာေနရာရခဲ့ေပမယ့္ ၂၀၁၇ကေတာ့ သူ႔အတြက္ ကံမေကာင္းတဲ့နွစ္ျဖစ္ခဲ့ပါတယ္။ဒဏ္ရာအျပင္းအထန္ရခဲ့ျပီး တစ္နွစ္လံုးနီးပါး နားခဲ့ရပါတယ္။ဒါေပမယ့္ ပတၲျမားမွန္ရင္ႏြံနစ္ေလ့မရွိဘူးဆိုတဲ့အတိုင္းပဲ ၂၀၁၈မွာ ျပန္လာနိုင္ခဲ့ပါတယ္။



U-18မွာ ဆယ္လျကာကစားျပီးေနာက္ U-23အသင္းမွာပါဝင္ခြင့္ရခဲ့ပါတယ္။အဲ့ဒီေနာက္ေမာ္ရင္ဟို ကိုယ္တိုင္လာျကည့္ခဲ့တဲ့ စပါးU-23နဲ႔ပြဲဦးထြက္မွာ ဂိုးသြင္းယူနိုင္ခဲ့တာေျကာင့္ တာဟစ္ေခ်ာင္တစ္ေယာက္အစေကာင္းခဲ့တယ္လို႔ဆိုရမွာပါ။တာဟစ္ေခ်ာင္ဟာ U-23အသင္းအတြက္၁၅ပြဲကစားထားရာမွာ၇ဂိုးသြင္းျပီး၃ျကိမ္ဖန္တီးေပးထားပါတယ္။ေမာ္ရင္ဟိုရဲ႕ရာသီျကိဳအေမရိကခရီးစဥ္မွာလည္း လိုက္ပါခြင့္ရခဲ့ပါတယ္။ဒီခရီးစဥ္မွာ၉၄မိနစ္ပါဝင္ကစားခဲ့ျပီးအကယ္ဒမီကစားသမားေတြထဲမွာသူက အမ်ားဆံုးပါပဲ။ဂ်ဴဗင္တပ္နဲ႔ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာေတာ့ ပထမဆံုးျပိဳင္ပြဲျကီးတစ္ခုဆီေခၚေဆာင္ခံခဲ့ရပါတယ္။ရီးဒင္းကို၂-၀နဲ႔နိုင္တဲ့ ပြဲဒုတိယပိုင္းမွာ မာတာေနရာ လူစားဝင္ျပီးယူနိုက္တက္အသင္းအတြက္ပထမဆံုးပါဝင္ကစားခြင့္ရခဲ့ပါတယ္။

ကစားဟန္...



ေခ်ာင္ဟာ ဘယ္သန္ကစားသမားတစ္ေယာက္ျဖစ္ျပီး traditional wingerေနရာကပဲ သူ႔ရဲ႕ကစားသမားဘဝကိုစတင္ခဲ့ပါတယ္။ေတာင္ပံတစ္ေလ်ွာက္အတက္အဆင္းလုပ္ျပီးျပိဳင္ဘက္ကို ျမန္နႈန္းျမင့္ေက်ာ္ျဖတ္ကစားတက္ပါတယ္။လူငယ္အသင္းမွာေတာ့အရပ္အေမာင္းေကာင္းတဲ့အျပင္ ေပါက္ကြဲအားျပင္းတဲ့ကစားဟန္ေျကာင့္ ျပိဳင္ဘက္ကစားသမားေတြထိန္းခ်ဳပ္ရခက္ေလ့ရွိပါတယ္။U-23အသင္းရဲ႕ညာေတာင္ပံကို အပိုင္စားယူထားျပီး  အေမရိကခရီးစဥ္မွာလည္း ညာေတာင္ပံမွာေမႊေနွာက္နိုင္ခဲ့တာေျကာင့္ေစာင့္ျကည့္ခ်င္စရာလူငယ္တစ္ေယာက္ျဖစ္လာပါတယ္။ညာေတာင္ပံကတစ္ဆင့္ေဘာလံုးကိုဘယ္ေျခနဲ႔အတြင္းဘက္ ဆြဲဝင္ကစားနိုင္ျပီး ျပိဳင္ဘက္ေနာက္ခံလူေတြျကားမွာ တည္တည္ျငိမ္ျငိမ္ကစားနိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ေခ်ာင္ရဲ႕အားသာခ်က္ကေတာ့ေနရာလြတ္ေတြ႐ရင္ သူ႔ရဲ႕သန္မာမႈကို အသံုးခ်ျပီးျပိဳင္ဘက္အသင္းအႏၲရယ္ဇုန္ကို ေဘာလံုးနဲ႔အတူဆြဲေျပးနိုင္တာပါပဲ။

အားနည္းခ်က္....



ေခ်ာင္ရဲ႕တကယ့္အားနည္းခ်က္ကေတာ့ ေျခေထာက္နွစ္ဖက္လံုးအသံုးမခ်နိုင္တာပါပဲ။သူဟာ ဘယ္ေျခကိုသာ မနားတမ္းအသံုးခ်တက္ျပီး လိမ္ေခါက္ေက်ာ္ျဖတ္ခ်ိန္မွာေတာင္မွာ ေဘာလံုးကိုညာေျခနဲ႔ေဝးေဝးထားေလ့ရွိတာပါ။ဒါေျကာင့္လူငယ္အဆင့္ျပိဳင္ပြဲေတြမွာေတာင္ ေျခေထာက္တစ္ဖက္သာအသံုးျပဳနိုင္သူလို႔သတ္မွတ္ခံေနရပါတယ္။တကယ္လို႔ ့အသင္းျကီးနဲ႔ ပြဲထြက္ခြင့္ေတြရလာခ်ိန္မွာေတာ့ ဘယ္ေျချကည့္အားျပဳကစားျခင္းဟာအခက္ေတြ႕လာနိုင္ပါတယ္။ဒါေျကာင့္ တာဟစ္ေခ်ာင္အေနနဲ႔ ကမာၻ ့အဆင့္ကစားသမားတစ္ေယာက္ျဖစ္လိုရင္ အခုထဲက ေျခနွစ္ဖက္လံုးအသံုးခ်နိုင္ဖို႔ေကာင္းေကာင္းေလ့က်င့္သင့္ေနပါျပီ။


(Unicode)

ချဲလ်ဆီးနဲ့ပွဲမှာပွဲထွက်လာမယ့်မန်ယူလူငယ်ကစားသမားတာဟစ်ချောင်ဆိုတာဘယ်သူလဲ?


 မန်ချက်စတာယူနိုက်တက်မန်နေဂျာဆိုးရှားကတော့ချယ်ဆီးအသင်းနဲ့ရင်ဆိုင်ကစားမယ့် FAဖလားပဉ္စမအဆင့်ပွဲစဉ်အတွက် အကယ်ဒမီကစားသမားလေး တာဟစ်ချောင်ကိုရွေးချယ်လာခဲ့ပြီး အခွင့်အရေးပေးမယ်လို့လည်းဆိုထားပါတယ်။တာဟစ်ချောင်ဟာ နယ်သာလန်နိုင်ငံသားဖြစ်ပြီး အသက်၁၉နှစ်အရွယ်သာရှိပါသေးတယ်။လင်ဂတ်၊မာရှယ်တို့လို့တောင်ပံကစားသမားတွေ ဒဏ်ရာကိုယ်စီနဲ့မပါဝင်နိုင်တာကြောင့်ချောင်ကိုအသင်းကြီးဆီ ခေါ်ယူခဲ့တာပါ။ယာယီနည်းပြဆိုးရှားအနေနဲ့ရီးဒင်းနဲ့FAဖလားပွဲစဉ်မှာလည်း တာဟစ်ချောင်ကို အသုံးပြုခဲ့ပါတယ်။ဒါပေမယ့် တာဟစ်ချောင်ဆိုတဲ့ အရည်အသွေးမြင့်လူငယ်ကစားသမားလေးကို ပရိတ်သတ်တွေသိပ်သတိမထားမိသေးတာကြောင့်အခုဆောင်းပါးမှာ အသေးစိတ်ဖော်ပြပေးပါမယ်။

တာဟစ်ချောင်ဆိုတာဘယ်သူလဲ?

နာမည်အပြည့်အစုံက တာဟစ်ချောင်ပဲဖြစ်ပြီး ၁၉၉၉ဒီဇင်ဘာ၄ရက်နေ့မှာမွေးဖွားခဲ့တာပါ။လက်ရှိတောင်ပံမှာကစားနေပြီး ၂၀၁၆ခုနှစ်မှာ ဖီရင်နုလူငယ်အသင်းကနေ ယူနိုက်တက်အကယ်ဒမီကိုရောက်ခဲ့ပါတယ်။ရောက်ရောက်ချင်းပဲ U-18အသင်းမှာနေရာရခဲ့ပေမယ့် ၂၀၁၇ကတော့ သူ့အတွက် ကံမကောင်းတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး တစ်နှစ်လုံးနီးပါး နားခဲ့ရပါတယ်။ဒါပေမယ့် ပတ္တမြားမှန်ရင်နွံနစ်လေ့မရှိဘူးဆိုတဲ့အတိုင်းပဲ ၂၀၁၈မှာ ပြန်လာနိုင်ခဲ့ပါတယ်။

U-18မှာ ဆယ်လကြာကစားပြီးနောက် U-23အသင်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်မော်ရင်ဟို ကိုယ်တိုင်လာကြည့်ခဲ့တဲ့ စပါးU-23နဲ့ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တာဟစ်ချောင်တစ်ယောက်အစကောင်းခဲ့တယ်လို့ဆိုရမှာပါ။တာဟစ်ချောင်ဟာ U-23အသင်းအတွက်၁၅ပွဲကစားထားရာမှာ၇ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးပေးထားပါတယ်။မော်ရင်ဟိုရဲ့ရာသီကြိုအမေရိကခရီးစဉ်မှာလည်း လိုက်ပါခွင့်ရခဲ့ပါတယ်။ဒီခရီးစဉ်မှာ၉၄မိနစ်ပါဝင်ကစားခဲ့ပြီးအကယ်ဒမီကစားသမားတွေထဲမှာသူက အများဆုံးပါပဲ။ဂျူဗင်တပ်နဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာတော့ ပထမဆုံးပြိုင်ပွဲကြီးတစ်ခုဆီခေါ်ဆောင်ခံခဲ့ရပါတယ်။ရီးဒင်းကို၂-ဝနဲ့နိုင်တဲ့ ပွဲဒုတိယပိုင်းမှာ မာတာနေရာ လူစားဝင်ပြီးယူနိုက်တက်အသင်းအတွက်ပထမဆုံးပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ကစားဟန်...

ချောင်ဟာ ဘယ်သန်ကစားသမားတစ်ယောက်ဖြစ်ပြီး traditional wingerနေရာကပဲ သူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။တောင်ပံတစ်လျှောက်အတက်အဆင်းလုပ်ပြီးပြိုင်ဘက်ကို မြန်နှုန်းမြင့်ကျော်ဖြတ်ကစားတက်ပါတယ်။လူငယ်အသင်းမှာတော့အရပ်အမောင်းကောင်းတဲ့အပြင် ပေါက်ကွဲအားပြင်းတဲ့ကစားဟန်ကြောင့် ပြိုင်ဘက်ကစားသမားတွေထိန်းချုပ်ရခက်လေ့ရှိပါတယ်။U-23အသင်းရဲ့ညာတောင်ပံကို အပိုင်စားယူထားပြီး  အမေရိကခရီးစဉ်မှာလည်း ညာတောင်ပံမှာမွှေနှောက်နိုင်ခဲ့တာကြောင့်စောင့်ကြည့်ချင်စရာလူငယ်တစ်ယောက်ဖြစ်လာပါတယ်။ညာတောင်ပံကတစ်ဆင့်ဘောလုံးကိုဘယ်ခြေနဲ့အတွင်းဘက် ဆွဲဝင်ကစားနိုင်ပြီး ပြိုင်ဘက်နောက်ခံလူတွေကြားမှာ တည်တည်ငြိမ်ငြိမ်ကစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ချောင်ရဲ့အားသာချက်ကတော့နေရာလွတ်တွေရရင် သူ့ရဲ့သန်မာမှုကို အသုံးချပြီးပြိုင်ဘက်အသင်းအန္တရယ်ဇုန်ကို ဘောလုံးနဲ့အတူဆွဲပြေးနိုင်တာပါပဲ။

အားနည်းချက်....

ချောင်ရဲ့တကယ့်အားနည်းချက်ကတော့ ခြေထောက်နှစ်ဖက်လုံးအသုံးမချနိုင်တာပါပဲ။သူဟာ ဘယ်ခြေကိုသာ မနားတမ်းအသုံးချတက်ပြီး လိမ်ခေါက်ကျော်ဖြတ်ချိန်မှာတောင်မှာ ဘောလုံးကိုညာခြေနဲ့ဝေးဝေးထားလေ့ရှိတာပါ။ဒါကြောင့်လူငယ်အဆင့်ပြိုင်ပွဲတွေမှာတောင် ခြေထောက်တစ်ဖက်သာအသုံးပြုနိုင်သူလို့သတ်မှတ်ခံနေရပါတယ်။တကယ်လို့အသင်းကြီးနဲ့ ပွဲထွက်ခွင့်တွေရလာချိန်မှာတော့ ဘယ်ခြေကြည့်အားပြုကစားခြင်းဟာအခက်တွေ့လာနိုင်ပါတယ်။ဒါကြောင့် တာဟစ်ချောင်အနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လိုရင် အခုထဲက ခြေနှစ်ဖက်လုံးအသုံးချနိုင်ဖို့ကောင်းကောင်းလေ့ကျင့်သင့်နေပါပြီ။

No comments

Powered by Blogger.