ဘာေျကာင့္ ေဘာလံုးေလာကရဲ႕သည္းေျချကိုက္4-4-2ကစားကြက္ေပ်ာက္ကြယ္သြားရတာလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ဆိုတာ ေဘာလံုးေလာကရဲ႕ ျပိဳင္ဆိုင္မႈအျပင္းထန္ဆံုးလိဂ္တစ္ခုပါပဲ။ဒီလိဂ္ထဲမွာမွ 4-4-2 ကစားကြက္ဟာ အေအာင္ျမင္ဆံုးျဖစ္ခဲ့ျပီး အသင္းတိုင္းနီးပါးသံုးခဲ့တာကို မွတ္မိျကအံုးမယ္ထင္ပါတယ္။ ေဘာလံုးဘိုးေအလို႔ေခၚျကတဲ့ အဂၤလန္ရဲ႕ ၁၉ရာစုကစားဟန္ဟာ တစ္သင္းလံုးတက္တစ္သင္းလံုးဆင္းတဲ့ ပံုစံမ်ိဳး ကစားခဲ့ပါတယ္။
ကြင္းလယ္ပိုင္းကို အဓိကမထားပဲဂိုးမ်ားမ်ားရဖို႔ 3-1-6 လိုမ်ိဳး တိုက္စစ္မွဴး၆ေယာက္ထိထားျပီး ကန္တင္ေျပးကစားခဲ့တယ္လို႔ ဖတ္ဖူးပါတယ္။ တကယ္လည္းလြန္ခဲ့တဲ့ ဆယ္စုနွစ္တစ္ခုေလာက္ထိ ကြင္းလယ္ငါးေယာက္ထားတာကို အမ်ားစုကသေဘာမက်ျကပါဘူး။ကြင္းလယ္ ငါးေယာက္တန္းနဲ႔ ပြဲထြက္လာျပီဆို ဒီအသင္းရဲ႕ ရည္ရြယ္ခ်က္က သေရခံကစားဖို႔ (သို႔ )ခံစစ္အေသပိတ္ဖို႔လို႔ရႈျမင္ျကပါတယ္။ဒါေပမယ့္ ေမာ္ဒန္ေဘာလံုးေလာကမွာေတာ့ ကြင္းလယ္ပိုင္းအသာစီးရဖို႔ျကိုးပမ္းလာတာေျကာင့္ ပိုးျပီးagreesiveျဖစ္တဲ့ 4-3-3,4-2-3-1တို႔က နည္းစနစ္တိုက္ပြဲေတြရဲ႕အရွင္သခင္ျဖစ္လာပါတယ္။
4-4-2ဘာေျကာင့္က်ဆံုးသြားလဲဆိုတာ နားလည္သေလာက္ရွင္းျပပါမယ္။လက္ရွိနည္းျပေတာ္ေတာ္မ်ား က ကြင္းလယ္ပိုင္းဟာ အသင္းတစ္သင္းရဲ႕ အသက္ျဖစ္တယ္လို႔လက္ခံလာျကပါတယ္။ခံစစ္အားသန္တဲ့အသင္းေတြ တိုက္စစ္လႊတ္ေကာင္းတဲ့ အသင္းေတြထက္ ကြင္းလယ္ပိုင္းကိုစနစ္တက်တည္ေဆာက္နိုင္ရင္ ခံစစ္တိုက္စစ္မ်ွတျပီး ဆုဖလားေတြဆြတ္ခူးဖို႔ အလားအလာပိုေကာင္းပါတယ္။
4-4-2သမားေတြရဲ႕အဓိကျပသနာက ကြင္လယ္တန္းမွာ ေတာင္ပံဖက္နွစ္ကိုဖယ္လိုက္ရင္ အထိုင္နွစ္ေယာက္ပဲ ရွိေတာ့တာပါပဲ။possession ပိုင္းထိန္ကစားတဲ့အသင္းေတြနဲ႔ေတြ႕ ရင္ ကြင္းလယ္မွာ2vs3ပံုစံျဖစ္သြားျပီး တစ္ဖက္အသင္းကစားကြက္ေအာက္အလြယ္တကူက်ေရာက္သြားတက္ပါတယ္။ဒီျပသနာကိုေျဖရွင္းဖို႔testလုပ္တဲ့ အခါမွာ 4-4-2ရဲ႕ ျကီးမားတဲ့အားနည္းခ်က္ေပၚလာပါတယ္။ ဘာလဲဆိုေတာ့ ျပိဳင္ဘက္အသင္းကစနစ္တက်ေဘာလံုးကိုင္ျပီး ကြင္းလယ္ကိုစိုးမိုးထားခ်ိန္မွာ 4-4-2ကစားကြက္ရဲ႕ central forwardနွစ္ေယာက္က ကစားကြက္ျပင္ပေရာက္ေနတာပါပဲ။ျပသနာကို ေျဖရွင္းဖို႔ အတြက္ CFနွစ္ေယာက္ထဲက တစ္ေယာက္ကို ကြင္းလယ္ ျပန္ပို႔ရမွာ။
ဒါမွသာျပိဳင္ဘက္ကြင္းလယ္နဲ႔ 3vs 3 ပံုစံျပန္ျဖစ္ျပီး ပြဲခ်ိန္ခြင္လ်ွာညီမ်ွေတာ့မွာေပ့ါ။
ေခတ္ေရစီးေျကာင္းကိုက အသင္းတစ္သင္းမွာCFနွစ္ေယာက္ကိုျပိဳင္တူေနရာမေပးနိုင္ေတာ့ဘူး။အထူးသျဖင့္ 4-4-2 ကစားကြက္မွာ box striker မိုက္ကယ္အို၀င္တို ့လို ဂိုးသြင္းဖို ့သာလိုတဲ့တိုက္စစ္မွဴးစစ္စစ္မရိွသေလာက္ပါပဲ။ဒါက 4-4-2 ကစားကြက္ကို ေနရာမေပးနိုင္ေတာ့ဘူးလို႔ သြယ္ဝိုက္ေဖာ္ျပလ္ိုက္သလိုပါပဲ။modifyလုပ္ျပီး 4-4-1-1ပံုစံမ်ိဳးအသံုးျပဳေနတဲ့အသင္းေတြရွိေသးမယ့္ ဥေရာပရဲ႕ဘယ္ထိပ္သီးအသင္းကိုပဲျကည့္ျကည့္ တူညီတဲ့အခ်က္ကတိုက္စစ္မ်ွားဦးမွာlone strikerတစ္ဦးထဲသာ ရွိေတာ့တာပါပဲ။lone strikerကလည္း ဂိုးသြင္းဖို ့အထက္ အသင္းတိုက္စစ္ကစားဟန္ကိုခ်ိတ္ဆက္ရမယ့္အေရးၾကီးတဲ့တာ၀န္ကိုပိုမိုလုပ္ေဆာင္လာခဲ့တာပဲျဖစ္ပါတယ္။
ေနာက္ထပ္4-4-2ကစားကြက္အားနည္းခ်က္က possession gameကစားမယ့္နည္းျပေတြအတြက္ရန္သူျဖစ္ေနျခင္းပါ။
အေျကာင္းကေတာ့ ေဘာလံုးပိုင္ဆိုင္မႈအားျပဳကစား တဲ့အခါ ျပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ triangle ေတြတည္ေဆာက္ဖို႔ playmaker တစ္ေယာက္မရွိမျဖစ္လိုလာပါတယ္။လူးဝစ္ဗန္ဟား မန္ယူကိုကိုင္တုန္းက ပ်ားတုပ္သြားတာ playmakerအေနနဲ႔ေကာင္းေကာင္းကစားနိုင္သူတစ္ေယာက္မွမရွိလို႔ပါ။ ဒါေျကာင့္သူ႔အသင္းကေဘာလံုးကိုင္ထားျပီးေနာက္ခ်ည္းျပန္ေပးေနရေတာ့တာပဲ။traditional 4-4-2မွာ ေရွ႕တန္းနွစ္ေယာက္,ေတာင္ပံနွစ္ေယာက္ျဖစ္တာေျကာင့္ playmakerေတြအတြက္ေနရာမရွိပါဘူး။ေနာက္ျပီး ဒီကစားကြက္ရဲ႕ေနရာယူပံုကကို attacking zoneမွာ triangleေတြမ်ားမ်ားတည္ေဆာက္ဖို႔မလြယ္ပါဘူး။
ဒါေျကာင့္ ေဘာလံုးပိုင္ဆိုင္မႈအသားေပးတည္ေဆာက္တဲ့နည္းျပတိုင္း4-4-2ကိုစြန္႔ပယ္လာျကပါတယ္။ေနာက္ထပ္ ဒီကစားကြက္ကို အေရာင္ပိုမွိန္ေစတဲ့ အခ်က္က ရိုးဆင္းလြန္းေနျခင္းပါ။ေတာင္ပံေတြကို အားျပဳမယ္,ျဖတ္တင္ေဘာေတြကေန ဂိုးယူမယ္ဆိုတဲ့game planနဲ႔တိုက္စစ္ဆင္တာက ခံစစ္အေသပိတ္မယ့္ျပိဳင္ဘက္အသင္းငယ္ေတြအတြက္ လြယ္ကူေစပါတယ္။
ေတာင္ပံေတြကိုသာ အေသပိတ္ထားနိုင္ရင္ ဒီကစားကြက္သံုးတဲ့နည္းျပဟာ ကူရာကယ္ရာမဲ့သြားပါလိမ့္မယ္။ အမွတ္ေပးဖလားလိုမ်ိဳး မာရသြန္ခရီးရွည္ျကီးမွာ ဒီကစားကြက္ က အမွတ္ဆံုးရံႈးမႈမ်ားစြာျဖစ္ေပၚလာနိုင္ပါတယ္။ဒါျဖင့္ 4-4-2ဂုရုျကီး ဖာဂူဆန္က်EPLကို သူ႔အပိုင္ဖလားလိုမ်ိဳးဘာလ္ို႔လုပ္ထားနိုင္လဲ။ေမးစရာရွိလာပါျပီ။အေျဖရွိပါတယ္။ျပီးေတာ့ 4-4-2အေျကာင္းေဆာင္းပါးေရးလို႔ ဖာဂူဆန္အေျကာင္းမပါရင္မ တရားရာက်ပါမယ္။ကစားကြက္တိုင္းမွာအားသာခ်က္,အားနည္းခ်က္ေတြရွိျပီး အေကာင္းဆံုးဆိုတာမရွိပါဘူး။
4-4-2ကစားကြက္က ေတာင္ပံေတြအားေကာင္းရင္ေကာင္းသေလာက္ေျကာက္စရာေကာင္းျပီး ခံစစ္ကေနတိုက္စစ္ အလ်ွင္အျမန္ကူးေျပာင္းရာမွာ အလြယ္ကူဆံုးကစားကြက္ပါပဲ။ဖာဂူဆန္က 4-4-2 ကို Flat သံုးတာပဲျဖစ္ပါတယ္။ကြင္းလယ္လူေတြကို diamond triangle အတိုင္းမကစားေစပဲ ေဒါင္လို္က္ျဖန္ ့ကစားေစကာ ေဘာလံုးမရွိတဲ့အခ်ိန္ေတာင္ပံလူေတြဟာ ကြင္းလယ္အထိ ဆင္းေထာက္ကစားတာပဲျဖစ္ပါတယ္။ဒါေပမယ့္ ဖာဂူဆန္ေအာင္ျမင္ခဲ့တာဒီအခ်က္ေတြေျကာင့္တင္မဟုတ္ပါဘူူး။
အဓိကအေျကာင္းက eplေျပးလမ္းမွာဘယ္အခ်ိန္ေရာက္ရင္ ကစားအားေလ်ာ႔ျပီး ဘယ္အခ်ိန္မွာတက္ကုန္ေလွာ္ရမလဲေကာင္းေကာင္းသိခဲ့လို႔ပါ။သူ႔အသင္းကကြင္းထဲမွာေဂ်ာင္ပိတ္ခံထားရျပီး စိတ္ပ်က္စရာေကာင္းေအာင္ ကစားေနရင္ေတာင္ ပြဲျပီးေတာ့သံုးမွတ္အိပ္ထဲေကာက္ထည့္သြားတဲ့ပြဲေတြအမ်ားျကီးပါပဲ။
မန္ယူပရီးမီးယားလိဂ္ကိုလႊမ္းမိုးခဲ့တာ4-4-2ေျကာင့္တစ္ခုထဲမဟုတ္ပါဘူး။ဖာဂီထက္ေကာင္းတဲ့နည္းျပကိုအျငင္းပြားနိုင္ေပမယ့္သူ႔ေလာက္EPLအေျကာင္းေနာေျကသူမရွိပါဘူး။မန္ယူအသင္းအမွတ္ေပးဖလားအေအာင္ျမင္ဆံုးျဖစ္ေနတာ ကစားကြက္ေတြထက္ဖာဂူဆန္ပဲလုပ္တတ္တဲ့အရာေျကာင့္ပါပဲ။ဒါေပမယ့္4-4-2ကစားကြက္ရဲ႕ဂုရုျကီးဟာ သူ႔ရဲ႕ေနာက္ပိုင္းနွစ္ေတြမွာ possession gameကစားတဲ့နည္းျပတစ္ေယာက္ကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ နွစ္ျကိမ္တိုင္လက္ေျမာက္ခဲ့ရပါတယ္။ဂြါဒီယိုလာရဲ႕ဘာကာအသင္းကို UCLဗိုလ္လုပြဲနွစ္ခုမွာ 2-0နဲ႕တစ္ျကိမ္ 3-1နဲ႕တစ္ျကိမ္ယူနိုက္တက္တို႔ရံႈးနိမ့္ခဲ့ျခင္းပါ။ဒါက 4-4-2ကစားကြက္က်ဆံုးခါနီး သတိေပးေခါင္းေလာင္းသံ ျဖစ္ခဲ့ေလသလားပဲ။
လြန္ခဲ့တဲ့ငါးနွစ္ေလာက္က စလို႔4-4-2ဟာ ေခ်ာက္ထဲေရာက္ခဲ့ပါျပီ။အထက္မွာေျပာခဲ့သလိုပဲကစားကြက္တစ္ခုမွာေကာင္းက်ိဳးဆိုးက်ိဳးဒြန္တြဲေနပါတယ္။တိုက္စစ္ဆင္ခ်ိန္မွာ 4-2-4ထိေျပာင္းျပီး ျပိဳင္ဘက္ကိုဖိအားေပးထားနိုင္ရင္ဘယ္အသင္းအတြက္မဆိုအိပ္မက္ဆိုးေတြေပးနိုင္ပါတယ္။ဒါေပမယ့္ေမာ္ဒန္ေဘာလံုးေလာကရဲ႕နည္းစစ္နစ္တိုက္ပြဲေတြမွာ တစ္ကြက္မွားတာနဲ႔ ရံႈးပြဲျကံဳရနိုင္ပါတယ္။
ဒီလို4-2-4ပံုစံနဲ႔တက္ဖိထားခ်ိန္ ျပိဳင္ဘက္ေတာင္ပံကစားသမားက မိမိအသင္းေနာက္ခံလူကိုေထာက္ထားရံုနဲ႔ ကိုယ့္အသင္းအတြက္ အႏၲာရယ္ရနံေတြေရာက္လာပါတယ္။ဒါေျကာင့္ပဲနည္းစနစ္ပိုင္းပိုေက်ညက္လာတဲ့ေဘာလံုးကမာၻ ၾကီးမွာ ျပိဳင္ဘက္အသင္းရဲ႕ေဘာလံုးပိုင္ဆိုမႈအလြယ္တကူထိန္းခ်ဳပ္ခံရနိုင္တာ,တိုက္စစ္ဆင္ခ်ိန္wing backေတြေရွ႕တက္ရင္riskမ်ားလြန္းတာေတြေျကာင့္အရင္ကဒိပ္ဒိပ္က်ဲ 4-4-2ကစားကြက္ျကီး က်ဆံုးသြားတာလို႔သံုးသပ္တင္ျပလိုက္ရပါတယ္။
(Unicode)
ဘာကြောင့် ဘောလုံးလောကရဲ့သည်းခြေကြိုက်4-4-2ကစားကွက်ပျောက်ကွယ်သွားရတာလဲ
ပရီးမီးယားလိဂ်ဆိုတာ ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်တစ်ခုပါပဲ။ဒီလိဂ်ထဲမှာမှ 4-4-2 ကစားကွက်ဟာ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး အသင်းတိုင်းနီးပါးသုံးခဲ့တာကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘောလုံးဘိုးအေလို့ခေါ်ကြတဲ့ အင်္ဂလန်ရဲ့ ၁၉ရာစုကစားဟန်ဟာ တစ်သင်းလုံးတက်တစ်သင်းလုံးဆင်းတဲ့ ပုံစံမျိုး ကစားခဲ့ပါတယ်။
ကွင်းလယ်ပိုင်းကို အဓိကမထားပဲဂိုးများများရဖို့ 3-1-6 လိုမျိုး တိုက်စစ်မှူး၆ယောက်ထိထားပြီး ကန်တင်ပြေးကစားခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ တကယ်လည်းလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ထိ ကွင်းလယ်ငါးယောက်ထားတာကို အများစုကသဘောမကျကြပါဘူး။ကွင်းလယ် ငါးယောက်တန်းနဲ့ ပွဲထွက်လာပြီဆို ဒီအသင်းရဲ့ ရည်ရွယ်ချက်က သရေခံကစားဖို့ (သို့ )ခံစစ်အသေပိတ်ဖို့လို့ရှုမြင်ကြပါတယ်။ဒါပေမယ့် မော်ဒန်ဘောလုံးလောကမှာတော့ ကွင်းလယ်ပိုင်းအသာစီးရဖို့ကြိုးပမ်းလာတာကြောင့် ပိုးပြီးagreesiveဖြစ်တဲ့ 4-3-3,4-2-3-1တို့က နည်းစနစ်တိုက်ပွဲတွေရဲ့အရှင်သခင်ဖြစ်လာပါတယ်။
4-4-2ဘာကြောင့်ကျဆုံးသွားလဲဆိုတာ နားလည်သလောက်ရှင်းပြပါမယ်။လက်ရှိနည်းပြတော်တော်များ က ကွင်းလယ်ပိုင်းဟာ အသင်းတစ်သင်းရဲ့ အသက်ဖြစ်တယ်လို့လက်ခံလာကြပါတယ်။ခံစစ်အားသန်တဲ့အသင်းတွေ တိုက်စစ်လွှတ်ကောင်းတဲ့ အသင်းတွေထက် ကွင်းလယ်ပိုင်းကိုစနစ်တကျတည်ဆောက်နိုင်ရင် ခံစစ်တိုက်စစ်မျှတပြီး ဆုဖလားတွေဆွတ်ခူးဖို့ အလားအလာပိုကောင်းပါတယ်။
4-4-2သမားတွေရဲ့အဓိကပြသနာက ကွင်လယ်တန်းမှာ တောင်ပံဖက်နှစ်ကိုဖယ်လိုက်ရင် အထိုင်နှစ်ယောက်ပဲ ရှိတော့တာပါပဲ။possession ပိုင်းထိန်ကစားတဲ့အသင်းတွေနဲ့တွေ့ ရင် ကွင်းလယ်မှာ2vs3ပုံစံဖြစ်သွားပြီး တစ်ဖက်အသင်းကစားကွက်အောက်အလွယ်တကူကျရောက်သွားတက်ပါတယ်။ဒီပြသနာကိုဖြေရှင်းဖို့testလုပ်တဲ့ အခါမှာ 4-4-2ရဲ့ ကြီးမားတဲ့အားနည်းချက်ပေါ်လာပါတယ်။ ဘာလဲဆိုတော့ ပြိုင်ဘက်အသင်းကစနစ်တကျဘောလုံးကိုင်ပြီး ကွင်းလယ်ကိုစိုးမိုးထားချိန်မှာ 4-4-2ကစားကွက်ရဲ့ central forwardနှစ်ယောက်က ကစားကွက်ပြင်ပရောက်နေတာပါပဲ။ပြသနာကို ဖြေရှင်းဖို့ အတွက် CFနှစ်ယောက်ထဲက တစ်ယောက်ကို ကွင်းလယ် ပြန်ပို့ရမှာ။
ဒါမှသာပြိုင်ဘက်ကွင်းလယ်နဲ့ 3vs 3 ပုံစံပြန်ဖြစ်ပြီး ပွဲချိန်ခွင်လျှာညီမျှတော့မှာပေ့ါ။
ခေတ်ရေစီးကြောင်းကိုက အသင်းတစ်သင်းမှာCFနှစ်ယောက်ကိုပြိုင်တူနေရာမပေးနိုင်တော့ဘူး။အထူးသဖြင့် 4-4-2 ကစားကွက်မှာ box striker မိုက်ကယ်အိုဝင်တို့လို ဂိုးသွင်းဖို့သာလိုတဲ့တိုက်စစ်မှူးစစ်စစ်မရှိသလောက်ပါပဲ။ဒါက 4-4-2 ကစားကွက်ကို နေရာမပေးနိုင်တော့ဘူးလို့ သွယ်ဝိုက်ဖော်ပြလိုက်သလိုပါပဲ။modifyလုပ်ပြီး 4-4-1-1ပုံစံမျိုးအသုံးပြုနေတဲ့အသင်းတွေရှိသေးမယ့် ဥရောပရဲ့ဘယ်ထိပ်သီးအသင်းကိုပဲကြည့်ကြည့် တူညီတဲ့အချက်ကတိုက်စစ်မျှားဦးမှာlone strikerတစ်ဦးထဲသာ ရှိတော့တာပါပဲ။lone strikerကလည်း ဂိုးသွင်းဖို့အထက် အသင်းတိုက်စစ်ကစားဟန်ကိုချိတ်ဆက်ရမယ့်အရေးကြီးတဲ့တာဝန်ကိုပိုမိုလုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။
နောက်ထပ်4-4-2ကစားကွက်အားနည်းချက်က possession gameကစားမယ့်နည်းပြတွေအတွက်ရန်သူဖြစ်နေခြင်းပါ။
အကြောင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအားပြုကစား တဲ့အခါ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ triangle တွေတည်ဆောက်ဖို့ playmaker တစ်ယောက်မရှိမဖြစ်လိုလာပါတယ်။လူးဝစ်ဗန်ဟား မန်ယူကိုကိုင်တုန်းက ပျားတုပ်သွားတာ playmakerအနေနဲ့ကောင်းကောင်းကစားနိုင်သူတစ်ယောက်မှမရှိလို့ပါ။ ဒါကြောင့်သူ့အသင်းကဘောလုံးကိုင်ထားပြီးနောက်ချည်းပြန်ပေးနေရတော့တာပဲ။traditional 4-4-2မှာ ရှေ့တန်းနှစ်ယောက်,တောင်ပံနှစ်ယောက်ဖြစ်တာကြောင့် playmakerတွေအတွက်နေရာမရှိပါဘူး။နောက်ပြီး ဒီကစားကွက်ရဲ့နေရာယူပုံကကို attacking zoneမှာ triangleတွေများများတည်ဆောက်ဖို့မလွယ်ပါဘူး။
ဒါကြောင့် ဘောလုံးပိုင်ဆိုင်မှုအသားပေးတည်ဆောက်တဲ့နည်းပြတိုင်း4-4-2ကိုစွန့်ပယ်လာကြပါတယ်။နောက်ထပ် ဒီကစားကွက်ကို အရောင်ပိုမှိန်စေတဲ့ အချက်က ရိုးဆင်းလွန်းနေခြင်းပါ။တောင်ပံတွေကို အားပြုမယ်,ဖြတ်တင်ဘောတွေကနေ ဂိုးယူမယ်ဆိုတဲ့game planနဲ့တိုက်စစ်ဆင်တာက ခံစစ်အသေပိတ်မယ့်ပြိုင်ဘက်အသင်းငယ်တွေအတွက် လွယ်ကူစေပါတယ်။
တောင်ပံတွေကိုသာ အသေပိတ်ထားနိုင်ရင် ဒီကစားကွက်သုံးတဲ့နည်းပြဟာ ကူရာကယ်ရာမဲ့သွားပါလိမ့်မယ်။ အမှတ်ပေးဖလားလိုမျိုး မာရသွန်ခရီးရှည်ကြီးမှာ ဒီကစားကွက် က အမှတ်ဆုံးရှုံးမှုများစွာဖြစ်ပေါ်လာနိုင်ပါတယ်။ဒါဖြင့် 4-4-2ဂုရုကြီး ဖာဂူဆန်ကျEPLကို သူ့အပိုင်ဖလားလိုမျိုးဘာလို့လုပ်ထားနိုင်လဲ။မေးစရာရှိလာပါပြီ။အဖြေရှိပါတယ်။ပြီးတော့ 4-4-2အကြောင်းဆောင်းပါးရေးလို့ ဖာဂူဆန်အကြောင်းမပါရင်မ တရားရာကျပါမယ်။ကစားကွက်တိုင်းမှာအားသာချက်,အားနည်းချက်တွေရှိပြီး အကောင်းဆုံးဆိုတာမရှိပါဘူး။
4-4-2ကစားကွက်က တောင်ပံတွေအားကောင်းရင်ကောင်းသလောက်ကြောက်စရာကောင်းပြီး ခံစစ်ကနေတိုက်စစ် အလျှင်အမြန်ကူးပြောင်းရာမှာ အလွယ်ကူဆုံးကစားကွက်ပါပဲ။ဖာဂူဆန်က 4-4-2 ကို Flat သုံးတာပဲဖြစ်ပါတယ်။ကွင်းလယ်လူတွေကို diamond triangle အတိုင်းမကစားစေပဲ ဒေါင်လိုက်ဖြန့်ကစားစေကာ ဘောလုံးမရှိတဲ့အချိန်တောင်ပံလူတွေဟာ ကွင်းလယ်အထိ ဆင်းထောက်ကစားတာပဲဖြစ်ပါတယ်။ဒါပေမယ့် ဖာဂူဆန်အောင်မြင်ခဲ့တာဒီအချက်တွေကြောင့်တင်မဟုတ်ပါဘူူး။
အဓိကအကြောင်းက eplပြေးလမ်းမှာဘယ်အချိန်ရောက်ရင် ကစားအားလျော့ပြီး ဘယ်အချိန်မှာတက်ကုန်လှော်ရမလဲကောင်းကောင်းသိခဲ့လို့ပါ။သူ့အသင်းကကွင်းထဲမှာဂျောင်ပိတ်ခံထားရပြီး စိတ်ပျက်စရာကောင်းအောင် ကစားနေရင်တောင် ပွဲပြီးတော့သုံးမှတ်အိပ်ထဲကောက်ထည့်သွားတဲ့ပွဲတွေအများကြီးပါပဲ။
မန်ယူပရီးမီးယားလိဂ်ကိုလွှမ်းမိုးခဲ့တာ4-4-2ကြောင့်တစ်ခုထဲမဟုတ်ပါဘူး။ဖာဂီထက်ကောင်းတဲ့နည်းပြကိုအငြင်းပွားနိုင်ပေမယ့်သူ့လောက်EPLအကြောင်းနောကြေသူမရှိပါဘူး။မန်ယူအသင်းအမှတ်ပေးဖလားအအောင်မြင်ဆုံးဖြစ်နေတာ ကစားကွက်တွေထက်ဖာဂူဆန်ပဲလုပ်တတ်တဲ့အရာကြောင့်ပါပဲ။ဒါပေမယ့်4-4-2ကစားကွက်ရဲ့ဂုရုကြီးဟာ သူ့ရဲ့နောက်ပိုင်းနှစ်တွေမှာ possession gameကစားတဲ့နည်းပြတစ်ယောက်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်ကြိမ်တိုင်လက်မြောက်ခဲ့ရပါတယ်။ဂွါဒီယိုလာရဲ့ဘာကာအသင်းကို UCLဗိုလ်လုပွဲနှစ်ခုမှာ 2-0နဲ့တစ်ကြိမ် 3-1နဲ့တစ်ကြိမ်ယူနိုက်တက်တို့ရှုံးနိမ့်ခဲ့ခြင်းပါ။ဒါက 4-4-2ကစားကွက်ကျဆုံးခါနီး သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့လေသလားပဲ။
လွန်ခဲ့တဲ့ငါးနှစ်လောက်က စလို့4-4-2ဟာ ချောက်ထဲရောက်ခဲ့ပါပြီ။အထက်မှာပြောခဲ့သလိုပဲကစားကွက်တစ်ခုမှာကောင်းကျိုးဆိုးကျိုးဒွန်တွဲနေပါတယ်။တိုက်စစ်ဆင်ချိန်မှာ 4-2-4ထိပြောင်းပြီး ပြိုင်ဘက်ကိုဖိအားပေးထားနိုင်ရင်ဘယ်အသင်းအတွက်မဆိုအိပ်မက်ဆိုးတွေပေးနိုင်ပါတယ်။ဒါပေမယ့်မော်ဒန်ဘောလုံးလောကရဲ့နည်းစစ်နစ်တိုက်ပွဲတွေမှာ တစ်ကွက်မှားတာနဲ့ ရှုံးပွဲကြုံရနိုင်ပါတယ်။
ဒီလို4-2-4ပုံစံနဲ့တက်ဖိထားချိန် ပြိုင်ဘက်တောင်ပံကစားသမားက မိမိအသင်းနောက်ခံလူကိုထောက်ထားရုံနဲ့ ကိုယ့်အသင်းအတွက် အန္တာရယ်ရနံတွေရောက်လာပါတယ်။ဒါကြောင့်ပဲနည်းစနစ်ပိုင်းပိုကျေညက်လာတဲ့ေ
ဘာလုံးကမ္ဘာ ကြီးမှာ ပြိုင်ဘက်အသင်းရဲ့ဘောလုံးပိုင်ဆိုမှုအလွယ်တကူထိန်းချုပ်ခံရနိုင်တာ,တိုက်စစ်ဆင်ချိန်wing backတွေရှေ့တက်ရင်riskများလွန်းတာတွေကြောင့်အရင်ကဒိပ်ဒိပ်ကျဲ 4-4-2ကစားကွက်ကြီး ကျဆုံးသွားတာလို့သုံးသပ်တင်ပြလိုက်ရပါတယ်။
Post a Comment