Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရှစ်ကိုဒရမ်မူစတာဖီ
ဟီနရစ်မီခီတာရမ်
ဆိဒ်ကိုလာဆစ်နစ်
မီဆွတ်အိုလ်ဇေးလ်
တာကူမအာဆန်နို
ဒေးဗစ်အော့စ်ပန်နာ
ကာလမ်ချန်ဘာ
(Unicode)
နွေရာသီမှာငွေသုံးနိုင်ဖို့ကစားသမား၇ဦးအထိရောင်းချရတော့မယ့်အာဆင်နယ်
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူရိုပါလိပ်ပွဲစဉ်အဖြစ် ဘိတ်ဘောရီဆော့ဗ်အသင်းကို အာဆင်နယ်တို့အမှတ်မထင်ရှုံးနိမ့်ခဲ့ပြီးနောက်အသင်းနည်းပြအူနိင်းအမ်မရီအတွက်ဖိအားတစ်ချိူ့ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။စပိန်နည်းပြဟာပြီးခဲ့တဲ့နွေရာသီက အာဆင်ဝင်ဂါးနေရာ အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး သူရဲ့ဂန်းနားတပ်ကြီးကို လီဗာပူးလ်၊မန်စီးတီးတို့နဲ့အပြိုင်ဒိတ်ဒိတ်ကျဲအသင်းဖြစ်လာစေဖို့ဆိုတဲ့ကြီးမားခက်ခဲတဲ့ ဝန်ကိုထမ်းထားနေရတာပဲဖြစ်ပါတယ်။
လက်ရှိပရီးမီယားလိပ်မှာတော့သူတို့ဟာအဆင့် ၅နေရာမှာ အဆင့်၆က ချဲလ်ဆီးအသင်းထက် ဂိုးကွာခြားချက်အသာနဲ့သာရပ်တည်နေပြီး အဆင့်၃က တော့တင်ဟမ်အသင်းနဲ့၁၀မှတ်အထိ အမှတ်ပြတ်နေတာပဲဖြစ်ပါတယ်။ထွက်ပေါ်လာတဲ့သတင်းများအရ ကလပ်ဟာ နွေရာသီမှာငွေသုံးဖို့ပေါင်၄၅သန်းသာ ထုတ်ပေးမယ်လို့သိရပြီး ဒါဟာလုံလောက်တဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုမဟုတ်သလို ကလပ်ပရိတ်သတ်တွေအတွက်လည်းစိတ်ပျက်အားယုတ်စရာဖြစ်နေပါတယ်။
ဒါ့ကြောင့်သူတို့ဟာလက်ရှိအသင်းလူစာရင်းမှာ ကစားသမားအချို့ကိုရောင်းချလိုက်မှသာ ငွေပိုထွက်လာဖွယ်ရှိနေပါတယ်။လာမယ့်နွေရာသီအပြောင်းအရွှေ့မှာအာဆင်နယ်အသင်းတို့ရောင်းချသင့်တဲ့ကစားသမား ၇ဦးစာရင်းကိုဖော်ပြလိုက်ပါတယ်။
ရှစ်ကိုဒရမ်မူစတာဖီ
ဂျာမန်နောက်ခံလူရဲ့စွမ်းဆောင်ရည်ဟာ အာဆင်နယ်အသင်းထိပ်တန်းအသင်းပြန်ဖြစ်လာဖို့ဆိုရင်လုံလောက်တဲ့အနေအထားမျိုးမှာရှိမနေပါဘူး။တစ်ဦးချင်းဖြတ်ထုတ်ဟန့်တားတဲ့နေရာမှာလည်းအားနည်းတဲ့သူ့ကိုအာဆင်နယ်တို့ရေရှည်ဆက်သုံးနေမယ်ဆိုပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပါ။ဗလန်စီယာအသင်းကနေ ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့လာတဲ့မူစတာဖီဟာ လက်ရှိအာဆင်နယ်မှာ တတိယရာသီကိုကစားနေပြီး သူ့ရဲ့တန်ဖိုးထပ်မကျခင်ရောင်းထုတ်ဖို့လိုအပ်နေပါတယ်။
ဟီနရစ်မီခီတာရမ်
အာမေးနီးယန်းကစားသမားဟာ ပရီးမီးယားလိပ်မှာ ပုံမှန်ခြေစွမ်းတောင်ရဖို့ရုန်းကန်နေရပါတယ်။ယူနိုက်တက်နဲ့ယူရိုပါလိပ်ဖလားရယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အရေးပါတဲ့သွင်းဂိုးသွင်းယူခဲ့တဲ့သူဟာ ပုံမှန်ခြေစွမ်းမပြနိုင်တဲ့အချက်ကြောင့် အမ်မရိတ်စ်ဆီရောက်လာခဲ့တာဖြစ်ပြီး အသက်၃၀အရွယ်ဟာ ဒေါ့မွန်အသင်းဖော်ဟောင်းအူဘာမီယန်းနဲ့တောင်ကောင်းကောင်းတွဲကစားနိုင်ခြင်းမရှိပဲ တိုးတက်မှုရှိလာတဲ့ပုံလည်းမပေါ်ပါဘူး။ဘိတ်အသင်းနဲ့ ပွဲမှာလည်း ဆိုးရွားလှတဲ့သူ့ရဲ့ခြေစွမ်းကြောင့် ပရိတ်သတ်တွေကတော့စိတ်ပျက်နေတာပဲဖြစ်ပါတယ်။
ဆိဒ်ကိုလာဆစ်နစ်
ဘယ်အစွန်နောက်ခံလူရဲ့ရှေ့တက်လွန်းတဲ့ကစားဟန်ကြောင့် ပွဲစဉ်အတော်များများအာဆင်နယ်တို့ခံစစ်ပိုင်းအခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဘိတ်အသင်းနဲ့ပွဲမှာလည်း ဒရာဂန်ရဲ့သွင်းဂိုးကို ဟန့်တားရုံလောက်သာရှိခဲ့ပြီး ရှေ့တက်ကစားချင်ပြီးနောက်ပြန်မဆင်းချင်တဲ့သူ့ကိုပရိတ်သတ်တွေကလည်းစိတ်ပျက်နေပါတယ်။ဒါပင်မယ့်လည်း ကိုလာဆစ်နစ်ကိုခေါ်ယူခဲ့စဉ်က ပိုက်ဆံမထုတ်ခဲ့ရတာကြောင့် ယခုရောင်းချမယ်ဆိုရင်အမြတ်ရဖို့ရှိနေတာပဲဖြစ်ပါတယ်။
မီဆွတ်အိုလ်ဇေးလ်
အသင်းနဲ့ပုံမှန်လေ့ကျင့်ခန်းဆင်းပြီး ကြံခိုင်လျက်ရှိနေတဲ့အိုဇေးလ်တစ်ယောက်ဟာ နည်းပြအမ်မရီရဲ့လက်ထက်မှာတော့ အသင်းရဲ့လူစာရင်းမှာတောင်ပါဝင်ခွင့်မရှိခဲ့ပါဘူး။ကလပ်မှာချောင်ထိုးခံထားရတဲ့ကစားသမားတစ်ယောက်ဖြစ်နေပြီး ပရိတ်သတ်အချစ်တော်ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်အားအခုလိုလုပ်ထားတဲ့နည်းပြအမ်မရီကိုလည်းပရိတ်သတ်တွေက အမျက်ထွက်နေကြပါတယ်။ဒါပင်မယ့်ကလပ်က သူ့ရဲ့တစ်ပတ်လုပ်ခပေါင်၃သိန်းခွဲကိုမပေးလိုတော့တာကြောင့် သူ့ကိုခေါ်ယူချင်ကြတဲ့အသင်းဆီအငှားသဘောမျိုးနဲ့အပြီးရောင်းချချင်နေတာပဲဖြစ်ပါတယ်။Assist ဘုရင်ဖြစ်ခဲ့တဲ့ သူဟာ အမ်မရီရဲ့လက်ထက်မှာတော့ နန်းကျဘုရင်ဖြစ်နေတာပဲဖြစ်ပါတယ်။
တာကူမအာဆန်နို
သူဟာ နည်းပြဟောင်းအာဆင်ဝင်းဂါးရဲ့အနာဂတ်မှာထွန်းတောက်လာမယ့် ဂျပန်တိုက်စစ်မှူးအဖြစ် ၂၀၁၆ ခုနှစ်မှာခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။သူဟာ ဂျာမန်ကလပ်တွေဖြစ်တဲ့ စတုဂတ်၊ဟန်နိုဗာအသင်းတွေဟာ ၂နှစ်ခွဲအငှားသွားကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ၄၆၇ မိနစ်ကစားခဲ့တဲ့သူဟာ ဂိုးသွင်းနိုင်ခြင်းဖန်တီးပေးနိုင်ခြင်းတောင်မရှိခဲ့တာကြောင့် အူနိုင်းအမ်မရီရဲ့အစီအစဉ်မှာ ပါဝင်ဖို့မရှိတော့ပါဘူး။
ဒေးဗစ်အော့စ်ပန်နာ
အငှားစာချုပ်မှာအပြီးသစ်ခေါ်ယူခွင့်ပါမယ်ဆိုပါက နာပိုလီအသင်းဆီ နွေရာသီမှာပြောင်းကစားဖို့ရှိနေပါတယ်။ရာသီကုန်မှာ ပီတာဆက်ချ်တစ်ယောက်အနားယူတော့မှာဖြစ်တော့လည်း သူဟာအာဆင်နယ်အသင်းအတွက်ထပ်မံပေးဆပ်ကစားဖို့မလိုလားတော့ပါဘူး။
ကာလမ်ချန်ဘာ
ဆောက်တမ်တန်နောက်ခံလူဟောင်းတစ်ယောက်ဖြစ်တဲ့ သူဟာ အခုလက်ရှိမှာဖူလ်ဟမ်အသင်းအတွက်အငှားကစားနေပြီး ကွင်းလယ်မှာကစားနေတာကြောင့် ဖူလ်ဟမ်တို့အခက်တွေ့နေတာပဲဖြစ်ပါတယ်။အခုလက်ရှိမှာအသက်၂၄နှစ်သာရှိနေသေးသော်လည်း ပုံမှန်မဟုတ်သေးတဲ့နေရာမှာကစားနေရတာကြောင့် ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး အပြီးရောင်းထုတ်ခံရဖို့ရှိနေပါတယ်။
Post a Comment