Header Ads


အသက်၁၉နှစ်အရွယ်ယူကရိန်းဂိုးသမားလေးကိုခေါ်ယူခဲ့တဲ့ရီးရဲလ်မက်ဒရစ်






#FridayFlavors


စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူကရိန်းပရီးမီးယားလိပ်ကလပ်အသင်းဖြစ်တဲ့ Zorya Luhansk မှ အသက် ၁၉ နှစ်အရွယ် ဂိုးသမားလေး လူနင်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

လူနင်ဟာ Zorya Luhansk အသင်းမှာ ၂၀၁၇-၂၀၁၈ ရာသီအတွင်း ၂၉ ပွဲအထိ ကစားပေးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၆နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့  လူနင်ဟာ ဥရောပ မှာ အထွန်းတောက်လာနိုင်ဆုံး ဂိုးသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြတာဖြစ်ပြီး သူ ့ကို ခေါ်ယူဖို ့ ပရီးမီးယားလိပ်ကလပ်ဖြစ်တဲ့ လီဗာပူး၊ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းတို့က အပြိုင်ကြိုးစားခဲ့ကြတာပဲဖြစ်ပါတယ်။

#FridayFlavors

No comments

Powered by Blogger.