Header Ads
မီလန်မြို့ ကိုရောက်ရှိလာပြီဖြစ်တဲ့ နိုင်ဂိုလန်
#TheSun
#FridayFlavors
အသက် ၃၀ အရွယ် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ဟာ အင်တာမီလန် အသင်းကို ပြောင်းရွှေ ့ဖို ့နီးစပ်နေပြီး ယခုအချိန်မှာ မီလန်မြို ့ ရှိဟိုတယ်မီလီရာ သို ့ရောက်ရှိလာခဲ့ပြီ ုဖြစ်ကြောင်းသိရပါတယ်။
မီဒီယာ သတင်းထောက်များနဲ့ တွေ ့ဆုံရာမှာတော့
" ကျွန်တော်ပျော်ပါတယ်။ ရိုးမားပရိတ်သတ်တွေရဲ့ အားပေးမှု ကို အရမ်းကျေးဇူးတင်ပါတယ်။"
"ကျွန်တော် အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ အခု ကိစ္စဟာ ကျွန်တော်တစ်ယောက်ထဲနဲ့ မဆိုင်ပါဘူး။ ကျွန်တော် လေးလေးနက်နက်လေးစားတဲ့ ရိုးမားအသင်းနဲ့ လည်းဆိုင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်ဟာ နရားဇူရီ ( အင်တာမီလန်) အသင်းနဲ့ အတူရှိနေပါပြီ။" လို ့ပြောကြားသွားပါတယ်။
 နိုင်ဂိုလန်ဟာ ၁နှစ်လုပ်ခ ပေါင် ၃.၉ သန်း ရရှိမှာဖြစ်ပြီး ပြောင်းရွှေ ့ကြေးမှာ ပေါင် ၂၅.၅ သန်း ဖြစ်ကြောင်းသိရပါတယ်။
#TheSun
#FridayFlavors
No comments
Powered by Blogger.