Header Ads


VAR စနစ္ ကို ဆဲခဲ့တဲ့ ေမာ္႐ိုကိုကစားသမား အမာရာဘတ္



၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲ ရဲ႕ အုပ္စု B ဟာ ဘက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲ ၿပိဳင္ဆိုင္မႈ သ႐ုပ္ကို ႐ုပ္လံုးႂကြေစတာေတာ့ အမွန္ပါပဲ။

VAR ဗီဒီယို အေထာက္အကူ ဒိုင္လူႀကီး ကို ပြဲတစ္ပြဲထဲမွာ အၿမဲတစ္ေစ ခဏခဏ အသံုးျပဳေလ့ရွိတဲ့ ဒီကမာၻ ့ဖလားၿပိဳင္ပြဲဟာ ၿပိဳင္ပြဲႀကီး ေတြမွာ ေနာက္က်ဂိုးေတြ ေပးေနရၿပီး တရားခံသဖြယ္ ေဝဖန္သံေတြ ျမင့္တက္လာတာကိုေတြ ့ရပါတယ္။

မေန ့ည ၂ဂိုးစီ သေရက်ခဲ့တဲ့ ေမာ္႐ိုကို အသင္းနဲ႔ စပိန္ အသင္းတို ့ရဲ႕ ပြဲမွာ ေမာ္႐ိုကို အသင္းဟာ ပြဲခ်ိန္ မိနစ္ ၉၀ ေက်ာ္အထိ ၂-၁ ျဖင့္ ဦးေဆာင္ေနေသာ္လည္း အက္စပတ္ရဲ႕ ေထာင့္ကန္ေဘာမွ တစ္ဆင့္ ေနာက္က်ဂိုးေပးလိုက္ရပါတယ္။

စည္းၾကပ္ဒိုင္ကေတာ့ အဆိုပါ ဂိုးကို လူကၽြံေဘာအျဖစ္သတ္မွတ္ခဲ့ေသာ္လည္း ကြင္းလယ္ဒိုင္လူႀကီးက VAR အကူအညီ ရယူခဲ့ၿပီး ျပန္လည္ၾကည့္ရႈခဲ့ရာ ေမာ္႐ိုကို ကစားသမား နဘီးလ္ ဒီယားယား ဟာ onside အေျခအေန မွာ ရွိေနတဲ့အတြက္ ဂိုးအျဖစ္ သတ္မွတ္ခဲ့ပါတယ္။


ပြဲအၿပီးမွာေတာ့ ေမာ္႐ိုကို ကစားသမား အမာရာ ဘတ္ဟာ ကင္မရာ ကို ၾကည့္ ၿပီး  VAR စနစ္ကို ေဒါသတႀကီး ဆဲေရးတိုင္းထြာခဲ့ပါတယ္။

အားကစားေလာက မွာ ရသ စြမ္းရည္အျမင့္ဆံုး ေပးစြမ္းႏိုင္တဲ့ ေဘာလံုးအားကစားဟာ VAR စနစ္ေၾကာင့္ ရသစြမ္းရည္ က်ဆင္းသြားမလား ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါေတာ့တယ္။

#FridayFlavors

VAR စနစ် ကို ဆဲခဲ့တဲ့ မော်ရိုကိုကစားသမား အမာရာဘတ်

၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲ ရဲ့ အုပ်စု B ဟာ ဘက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲ ပြိုင်ဆိုင်မှု သရုပ်ကို ရုပ်လုံးကြွစေတာတော့ အမှန်ပါပဲ။

VAR ဗီဒီယို အထောက်အကူ ဒိုင်လူကြီး ကို ပွဲတစ်ပွဲထဲမှာ အမြဲတစ်စေ ခဏခဏ အသုံးပြုလေ့ရှိတဲ့ ဒီကမ္ဘာ ့ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲကြီး တွေမှာ နောက်ကျဂိုးတွေ ပေးနေရပြီး တရားခံသဖွယ် ဝေဖန်သံတွေ မြင့်တက်လာတာကိုတွေ ့ရပါတယ်။

မနေ ့ည ၂ဂိုးစီ သရေကျခဲ့တဲ့ မော်ရိုကို အသင်းနဲ့ စပိန် အသင်းတို ့ရဲ့ ပွဲမှာ မော်ရိုကို အသင်းဟာ ပွဲချိန် မိနစ် ၉၀ ကျော်အထိ ၂-၁ ဖြင့် ဦးဆောင်နေသော်လည်း အက်စပတ်ရဲ့ ထောင့်ကန်ဘောမှ တစ်ဆင့် နောက်ကျဂိုးပေးလိုက်ရပါတယ်။

စည်းကြပ်ဒိုင်ကတော့ အဆိုပါ ဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက VAR အကူအညီ ရယူခဲ့ပြီး ပြန်လည်ကြည့်ရှုခဲ့ရာ မော်ရိုကို ကစားသမား နဘီးလ် ဒီယားယား ဟာ onside အခြေအနေ မှာ ရှိနေတဲ့အတွက် ဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မော်ရိုကို ကစားသမား အမာရာ ဘတ်ဟာ ကင်မရာ ကို ကြည့် ပြီး  VAR စနစ်ကို ဒေါသတကြီး ဆဲရေးတိုင်းထွာခဲ့ပါတယ်။

အားကစားလောက မှာ ရသ စွမ်းရည်အမြင့်ဆုံး ပေးစွမ်းနိုင်တဲ့ ဘောလုံးအားကစားဟာ VAR စနစ်ကြောင့် ရသစွမ်းရည် ကျဆင်းသွားမလား စောင့်ကြည့်ချင်စရာ ကောင်းနေပါတော့တယ်။

#FridayFlavors

No comments

Powered by Blogger.