မက္ပီ ကိုေခၚယူဖို ့ အၿပိဳင္ပြဲၾကမ္းၾကေတာ့မယ္ယူနိုက္တက္ နဲ႔ မန္စီးတီး
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မန္စီးတီးအသင္းရဲ႕ ပစ္မွတ္ကစားသမား မက္ပီကို ေခၚယူဖို ့စတင္ ႀကိဳးပမ္းလာၿပီျဖစ္ေၾကာင္း Daily Mirror အရသိရပါတယ္။
မႏွစ္ရာသီ PSG အသင္းဟာ မက္ပီကို ေျပာင္းေရႊ ့ေၾကး ေပါင္ ၁၆၆ သန္းျဖင့္ မိုနာကို အသင္းမွ အၿပီးေခၚယူႏိုင္ဖို ့အခြင့္အေရး ရွိခဲ့ေသာ္လည္း UEFA အသင္းရဲ႕ ဘ႑ာေရး စည္းမ်ဥ္းအရ အငွားျဖင့္သာ ေခၚယူႏိုင္ခဲ့ၿပီး အေက်ေပးေခ်ဖို ့တစ္ႏွစ္ေစာင့္ဆိုင္းခဲ့ရပါတယ္။
ယခု ႏွစ္ရာသီမွာ လည္း UEFA ရဲ႕ ကလပ္ဘ႑ာေရး မွ်ေခ်စည္းမ်ဥ္းအရ PSG အသင္းဟာ ေပါင္ သန္း ၆၀ ဖိုးရွိတဲ့ ကစားသမား တစ္ေယာက္ ကို မျဖစ္မေန ေရာင္းထုတ္ရမွာျဖစ္တဲ့ အတြက္ မက္ပီကို လက္လႊတ္ဖို ့ေသခ်ာသေလာက္ရွိေနပါတယ္။
အဲ့ဒါေၾကာင့္ မန္စီးတီး အသင္းဟာ အေျပာင္းအေရႊ ့ရာသီ ဖြင့္လွစ္ထဲက မက္ပီကို အပိုင္ရဖို ့ အေသအခ်ာ လိုက္ေနတာျဖစ္ပါတယ္။
သို ့ေသာ္လည္း အေျပာင္းအေရႊ ့ေစ်းကြက္မွာ နာမည္ႀကီး ၿပီး အျခားအသင္းေတြ ေခၚယူမယ့္ ကစားသမားေတြကို ေစ်းႀကီးေအာင္ ဝင္ေမႊတတ္တဲ့ ယူႏိုက္တက္ အသင္းဟာ ခါးသီး ၿပိဳင္ဘက္ မန္စီးတီး လက္ထက္ မက္ပီမေရာက္သြားေအာင္ ႀကိဳးပမ္းလာတာပဲျဖစ္ပါတယ္။
ယူႏိုက္တက္ အသင္းဟာ မက္ပီကို ရဖို ့အသင္းကစားသမား မာရွယ္နဲ႔ ပါ အလိုက္ေပးေခၚယူမယ္လို ့သိရပါတယ္။
PSG အသင္းဟာ မက္ပီကို ေပါင္ သန္း ၁၈၀ ေလာက္ကမ္းလွမ္းပါက လက္ခံစဥ္းစားႏိုင္ဖြယ္ရွိၿပီး ပက္ဂြာဒီယို လာရဲ႕ အႀကိဳက္တိုက္စစ္မႉး တစ္ေယာက္ျဖစ္တဲ့ မက္ပီ ကို မန္စီးတီးက ပဲ သိုသိုသိပ္သိပ္ ေခၚယူသြားမလား ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါတယ္။
#FridayFlavors
မက်ပီ ကိုခေါ်ယူဖို ့ အပြိုင်ပွဲကြမ်းကြတော့မယ်ယူနိုက်တက် နဲ့ မန်စီးတီး
မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းရဲ့ ပစ်မှတ်ကစားသမား မက်ပီကို ခေါ်ယူဖို ့စတင် ကြိုးပမ်းလာပြီဖြစ်ကြောင်း Daily Mirror အရသိရပါတယ်။
မနှစ်ရာသီ PSG အသင်းဟာ မက်ပီကို ပြောင်းရွှေ ့ကြေး ပေါင် ၁၆၆ သန်းဖြင့် မိုနာကို အသင်းမှ အပြီးခေါ်ယူနိုင်ဖို ့အခွင့်အရေး ရှိခဲ့သော်လည်း UEFA အသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်းအရ အငှားဖြင့်သာ ခေါ်ယူနိုင်ခဲ့ပြီး အကျေပေးချေဖို ့တစ်နှစ်စောင့်ဆိုင်းခဲ့ရပါတယ်။
ယခု နှစ်ရာသီမှာ လည်း UEFA ရဲ့ ကလပ်ဘဏ္ဍာရေး မျှချေစည်းမျဉ်းအရ PSG အသင်းဟာ ပေါင် သန်း ၆၀ ဖိုးရှိတဲ့ ကစားသမား တစ်ယောက် ကို မဖြစ်မနေ ရောင်းထုတ်ရမှာဖြစ်တဲ့ အတွက် မက်ပီကို လက်လွှတ်ဖို ့သေချာသလောက်ရှိနေပါတယ်။
အဲ့ဒါကြောင့် မန်စီးတီး အသင်းဟာ အပြောင်းအရွှေ ့ရာသီ ဖွင့်လှစ်ထဲက မက်ပီကို အပိုင်ရဖို ့ အသေအချာ လိုက်နေတာဖြစ်ပါတယ်။
သို ့သော်လည်း အပြောင်းအရွှေ ့စျေးကွက်မှာ နာမည်ကြီး ပြီး အခြားအသင်းတွေ ခေါ်ယူမယ့် ကစားသမားတွေကို စျေးကြီးအောင် ဝင်မွှေတတ်တဲ့ ယူနိုက်တက် အသင်းဟာ ခါးသီး ပြိုင်ဘက် မန်စီးတီး လက်ထက် မက်ပီမရောက်သွားအောင် ကြိုးပမ်းလာတာပဲဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ မက်ပီကို ရဖို ့အသင်းကစားသမား မာရှယ်နဲ့ ပါ အလိုက်ပေးခေါ်ယူမယ်လို ့သိရပါတယ်။
PSG အသင်းဟာ မက်ပီကို ပေါင် သန်း ၁၈၀ လောက်ကမ်းလှမ်းပါက လက်ခံစဉ်းစားနိုင်ဖွယ်ရှိပြီး ပက်ဂွာဒီယို လာရဲ့ အကြိုက်တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ မက်ပီ ကို မန်စီးတီးက ပဲ သိုသိုသိပ်သိပ် ခေါ်ယူသွားမလား စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။
#FridayFlavors
Post a Comment