DC United နဲ႔ ပူးေပါင္းဖို ့အေမရိကား ကိုထြက္ခြာသြားၿပီ ျဖစ္တဲ့ ဝိန္း႐ူနီ
အသက္ ၃၂ ႏွစ္အဲဗာတန္ တိုက္စစ္မွဴး ဝိန္း႐ူနီဟာ ေမဂ်ာလိပ္ ကလပ္ျဖစ္တဲ့ DC United အသင္းမွာ ပူးေပါင္းဖို ့ေလယာဥ္ပ်ံျဖင့္ ထြက္ခြာသြားေၾကာင္း သူ ့ရဲ႕ Twitter အေကာင့္ကေန တစ္ဆင့္သိရွိရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၲဝင္ကစားသမား တစ္ဦးျဖစ္တဲ့ ဝိန္း႐ူနီ ဟာ ၂၀၁၇ ခုႏွစ္က အသင္းေဟာင္း အဲဗာတန္ အသင္းကို ျပန္လည္ေျပာင္းေရႊ ့ခဲ့တာျဖစ္ၿပီး အဲဗာတန္ အသင္းမွာ ၁ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ေမဂ်ာလိပ္ ကလပ္တစ္သင္းျဖစ္တဲ့ DC United အသင္းဆီ ေျပာင္းေရႊ ့ကစားေတာ့မွာပဲျဖစ္ပါတယ္။
႐ူနီဟာ ယေန ့ၾကာသပေတးမနက္က ေလယာဥ္ပ်ံ ခံု ေပၚမွာ ထိုင္ေနတဲ့ ဓာတ္ပံုတစ္ခု ကို အြန္လိုင္းေပၚ ႐ိုက္တင္ခဲ့ ၿပီး Status စာသားမွာလည္း ေလယာဥ္ပ်ံ emoji နဲ႔ အတူအေမရိကန္ အလံ emoji တို ့ကို ပူးတြဲတင္ထားခဲ့ပါတယ္။
႐ူနီ ရဲ႕ ေလယာဥ္ပ်ံဟာမနက္ဖန္ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၂:၃၀ မွာ အေမရိကန္ ႏိုင္ငံကို ေရာက္ရွိမွာပဲျဖစ္ပါတယ္။
႐ူနီဟာ အျခားဥရာပကစားသမားေဟာင္းႀကီးမ်ားျဖစ္ၾကတဲ့ အက္ရွ္ေလကိုး၊ ဇလာတန္ အီဗရာမိုဗစ္၊ ဒီဒီယာဒေရာ့ဘာ တို ့နဲ႔ အတူ အေမရိကား မွာ ျပန္လည္ေတြ ့ဆံုႏိုင္မွာပဲျဖစ္ပါတယ္။
US ကလာတဲ့ သတင္းမ်ားအရ ႐ူနီဟာ ဂ်ဴလိုင္ လ ၁၄ ရက္ေန ့ Vancouver Whitecaps အသင္းနဲ႔ ပြဲမွာ DC အသင္းအတြက္ ပထမဦးဆံုး ပြဲ အျဖစ္ ယွဥ္ ၿပိဳင္ကစားမွာ ျဖစ္ေၾကာင္းသိရၿပီး အဆိုပါပြဲဟာ အသင္းရဲ႕ ခံု ၂၀၀၀၀ ဆန္႔ ေအာ္ဒီ အိမ္ကြင္းသစ္ ဖြင့္ပြဲနဲ႔ လည္းတိုက္ဆိုင္ေနတာပဲျဖစ္ပါတယ္။
႐ူနီ ဟာ ၂ႏွစ္စာခ်ဳပ္သက္တမ္းျဖင့္ ေရာက္ရွိလာတယ္လို ့ သိရၿပီး ေပါင္ ၁၂.၅ သန္း (၂ႏွစ္စာ) လုပ္ခ ရရွိမွာ ျဖစ္တယ္လို ့သိရပါတယ္။
ဝါရွင္တန္ အေျခစိုက္ DC United အသင္းကို ႐ူနီတစ္ေယာက္ မၾကာခင္ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး
DC ပရိတ္သတ္တစ္ခ်ိဳ ့ကေတာ့ ႐ူနီကို ေလယဥ္ကြင္းမွာ လာေရာက္ႀကိဳဆို ဖို ့ရွိေနေၾကာင္းသိရပါတယ္။
#MailOnline
#FridayFlavors
DC United နဲ့ ပူးပေါင်းဖို ့အမေရိကား ကိုထွက်ခွာသွားပြီ ဖြစ်တဲ့ ဝိန်းရူနီ
အသက် ၃၂ နှစ်အဲဗာတန် တိုက်စစ်မှူး ဝိန်းရူနီဟာ မေဂျာလိပ် ကလပ်ဖြစ်တဲ့ DC United အသင်းမှာ ပူးပေါင်းဖို ့လေယာဉ်ပျံဖြင့် ထွက်ခွာသွားကြောင်း သူ ့ရဲ့ Twitter အကောင့်ကနေ တစ်ဆင့်သိရှိရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဝိန်းရူနီ ဟာ ၂၀၁၇ ခုနှစ်က အသင်းဟောင်း အဲဗာတန် အသင်းကို ပြန်လည်ပြောင်းရွှေ ့ခဲ့တာဖြစ်ပြီး အဲဗာတန် အသင်းမှာ ၁နှစ်ကြာကစားခဲ့ပြီးနောက် မေဂျာလိပ် ကလပ်တစ်သင်းဖြစ်တဲ့ DC United အသင်းဆီ ပြောင်းရွှေ ့ကစားတော့မှာပဲဖြစ်ပါတယ်။
ရူနီဟာ ယနေ ့ကြာသပတေးမနက်က လေယာဉ်ပျံ ခုံ ပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံတစ်ခု ကို အွန်လိုင်းပေါ် ရိုက်တင်ခဲ့ ပြီး Status စာသားမှာလည်း လေယာဉ်ပျံ emoji နဲ့ အတူအမေရိကန် အလံ emoji တို ့ကို ပူးတွဲတင်ထားခဲ့ပါတယ်။
ရူနီ ရဲ့ လေယာဉ်ပျံဟာမနက်ဖန် မြန်မာစံတော်ချိန် မနက် ၁၂:၃၀ မှာ အမေရိကန် နိုင်ငံကို ရောက်ရှိမှာပဲဖြစ်ပါတယ်။
ရူနီဟာ အခြားဥရာပကစားသမားဟောင်းကြီးများဖြစ်ကြတဲ့ အက်ရှ်လေကိုး၊ ဇလာတန် အီဗရာမိုဗစ်၊ ဒီဒီယာဒရော့ဘာ တို ့နဲ့ အတူ အမေရိကား မှာ ပြန်လည်တွေ ့ဆုံနိုင်မှာပဲဖြစ်ပါတယ်။
US ကလာတဲ့ သတင်းများအရ ရူနီဟာ ဂျူလိုင် လ ၁၄ ရက်နေ ့ Vancouver Whitecaps အသင်းနဲ့ ပွဲမှာ DC အသင်းအတွက် ပထမဦးဆုံး ပွဲ အဖြစ် ယှဉ် ပြိုင်ကစားမှာ ဖြစ်ကြောင်းသိရပြီး အဆိုပါပွဲဟာ အသင်းရဲ့ ခုံ ၂၀၀၀၀ ဆန့် အော်ဒီ အိမ်ကွင်းသစ် ဖွင့်ပွဲနဲ့ လည်းတိုက်ဆိုင်နေတာပဲဖြစ်ပါတယ်။
ရူနီ ဟာ ၂နှစ်စာချုပ်သက်တမ်းဖြင့် ရောက်ရှိလာတယ်လို ့ သိရပြီး ပေါင် ၁၂.၅ သန်း (၂နှစ်စာ) လုပ်ခ ရရှိမှာ ဖြစ်တယ်လို ့သိရပါတယ်။
ဝါရှင်တန် အခြေစိုက် DC United အသင်းကို ရူနီတစ်ယောက် မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပြီး
DC ပရိတ်သတ်တစ်ချို ့ကတော့ ရူနီကို လေယဉ်ကွင်းမှာ လာရောက်ကြိုဆို ဖို ့ရှိနေကြောင်းသိရပါတယ်။
#MailOnline
#FridayFlavors
Post a Comment