ပရိတ္သတ္တစ္ခ်ိဳ ့နဲ႔ ရန္ျဖစ္ခဲ့တဲ့ အိုေဇးလ္
ဂ်ာမနီ ကြင္းလယ္လူ အိုေဇးလ္ ဟာ မေန ့ည ေတာင္ကိုရီးယား အသင္း ၂-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာေတာ့ ကြင္းကေန ထြက္ခြာေနစဥ္ ပြဲၾကည့္တန္းစင္ က ပရိတ္သတ္ တစ္ခ်ိဳ ့နဲ႔ အခ်င္းမ်ားခဲ့ေၾကာင္း ေတြ ့ရပါတယ္။
အိုေဇးလ္ ဟာ ေတာင္ကိုရီးယား အသင္းကို ရံႈးနိမ့္ခဲ့တဲ့ ရလဒ္အေပၚ မေက်မနပ္ျဖစ္ေနၿပီး ကြင္းကေန မထြက္ခြာခင္ သူ ့ရဲ႕ လက္ေကာက္ဝတ္မွာ ဝတ္ထားတဲ့ အားကစား လက္ပတ္ကို ခၽြတ္ၿပီး စိတ္ပ်က္ေနေသာအမူအရာ နဲ႔ ကြင္းေဘးကို ပစ္ေပါက္ခဲ့ပါတယ္။
ကြင္းကေနထြက္ခြာနီး ဥမင္လိႈင္ေခါင္းအဝင္ဝ သို ့မေရာက္မွီမွာပဲ ဂ်ာမနီ ပရိတ္သတ္တစ္ခ်ိဳ ့ဟာ သူ ့ကို ေအာ္ဟစ္ ေဝဖန္ေလွာင္ေျပာင္ၾကပါတယ္။
အိုေဇးလ္က လည္း အဆိုပါ ပရိတ္သတ္ေတြကို ေဒါတတႀကီး ျပန္လည္ေျပာဆိုခဲ့ၿပီး ဂ်ာမနီဝန္ထမ္း တစ္ဦး က အိုေဇးလ္ ကို ကြင္းထဲကေန ေခၚထုတ္သြားခဲ့ပါတယ္။
၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းမျပႏိုင္တဲ့ အိုေဇးလ္ ဟာ ဂ်ာမနီ ပရိတ္သတ္ေတြ ေရာ အာဆင္နယ္ ပရိတ္သတ္ေတြ ပါ ခ်စ္ခင္ၾကတဲ့ ေဘာလံုးသမားတစ္ေယာက္ျဖစ္ပါတယ္။
တူရကီလူမ်ိဳးမွ ဆင္းသက္လာၾကတဲ့ ဂန္ဒိုဂန္ နဲ႔ အိုေဇးလ္တို ့ကို ဂ်ာမနီပရိတ္သတ္ေတြ ဟာ ဘယ္တုန္းကမွ မေကာင္းျမင္ခဲ့ဖူးတာ မရွိပါဘူး။
ဒါပင္မယ့္ သူတို ့၂ေယာက္စလံုးဟာ ဒီၿပိဳင္ပြဲမတိုင္ခင္ လန္ဒန္ဇိမ္ခံေဟာ္တယ္ တစ္ခုမွာ တူရကီ သမၼတ တရစ္ပ္အာဒိုဂန္ နဲ႔ အတူ ရွိေနတဲ့ ဓာတ္ပံုေတြ ကို အြန္လိုင္းေပၚမွာ တင္ခဲ့ၾကပါတယ္။ တူရကီ သမၼတ ဟာ လူအခြင့္အေရး အရ ခြင့္မလႊတ္ႏိုင္စရာ ျဖစ္ရပ္ေတြ လုပ္ထားတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။
ဒါေၾကာင့္ ဂ်ာမနီေဘာလံုးအဖြဲ႕ ခ်ဳပ္က သူတို ့၂ဦးကို သတိေပးမႈ မ်ား ျပဳလုပ္ခဲ့ၿပီး ပရိတ္သတ္ေတြက အိုေဇးလ္ကို ေဒါသတႀကီး ႀကိတ္မႏိုင္ခဲမရ ျဖစ္ခဲ့ၾကကာ ေလွာင္ေျပာင္ေဝဖန္ေနၾကတာပဲျဖစ္ပါတယ္။
လက္တေလာ မွာပံုမွန္ေျခစြမ္းေတြ ေအာက္ဆံုးေရာက္ေနတဲ့ အိုေဇးလ္တစ္ေယာက္ ဂ်ာမနီ ပရိတ္သတ္ေတြ လက္မခံႏိုင္တဲ့ လုပ္ရက္ေတြပါ လုပ္ခဲ့တဲ့ အတြက္ ဘယ္လို ေတြဆက္ျဖစ္လာမလဲဆိုတာ မၾကာခင္ သိရေတာ့မွာ အမွန္ပါပဲ။
#MailOnline
#FridayFlavors
ပရိတ်သတ်တစ်ချို ့နဲ့ အချေအတင်ဖြစ်ခဲ့တဲ့ အိုဇေးလ်
ဂျာမနီ ကွင်းလယ်လူ အိုဇေးလ် ဟာ မနေ ့ည တောင်ကိုရီးယား အသင်း ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ ကွင်းကနေ ထွက်ခွာနေစဉ် ပွဲကြည့်တန်းစင် က ပရိတ်သတ် တစ်ချို ့နဲ့ အချင်းများခဲ့ကြောင်း တွေ ့ရပါတယ်။
အိုဇေးလ် ဟာ တောင်ကိုရီးယား အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်အပေါ် မကျေမနပ်ဖြစ်နေပြီး ကွင်းကနေ မထွက်ခွာခင် သူ ့ရဲ့ လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ အားကစား လက်ပတ်ကို ချွတ်ပြီး စိတ်ပျက်နေသောအမူအရာ နဲ့ ကွင်းဘေးကို ပစ်ပေါက်ခဲ့ပါတယ်။
ကွင်းကနေထွက်ခွာနီး ဥမင်လှိုင်ခေါင်းအဝင်ဝ သို ့မရောက်မှီမှာပဲ ဂျာမနီ ပရိတ်သတ်တစ်ချို ့ဟာ သူ ့ကို အော်ဟစ် ဝေဖန်လှောင်ပြောင်ကြပါတယ်။
အိုဇေးလ်က လည်း အဆိုပါ ပရိတ်သတ်တွေကို ဒေါတတကြီး ပြန်လည်ပြောဆိုခဲ့ပြီး ဂျာမနီဝန်ထမ်း တစ်ဦး က အိုဇေးလ် ကို ကွင်းထဲကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ အိုဇေးလ် ဟာ ဂျာမနီ ပရိတ်သတ်တွေ ရော အာဆင်နယ် ပရိတ်သတ်တွေ ပါ ချစ်ခင်ကြတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။
တူရကီလူမျိုးမှ ဆင်းသက်လာကြတဲ့ ဂန်ဒိုဂန် နဲ့ အိုဇေးလ်တို ့ကို ဂျာမနီပရိတ်သတ်တွေ ဟာ ဘယ်တုန်းကမှ မကောင်းမြင်ခဲ့ဖူးတာ မရှိပါဘူး။
ဒါပင်မယ့် သူတို ့၂ယောက်စလုံးဟာ ဒီပြိုင်ပွဲမတိုင်ခင် လန်ဒန်ဇိမ်ခံဟော်တယ် တစ်ခုမှာ တူရကီ သမ္မတ တရစ်ပ်အာဒိုဂန် နဲ့ အတူ ရှိနေတဲ့ ဓာတ်ပုံတွေ ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ကြပါတယ်။ တူရကီ သမ္မတ ဟာ လူအခွင့်အရေး အရ ခွင့်မလွှတ်နိုင်စရာ ဖြစ်ရပ်တွေ လုပ်ထားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် ဂျာမနီဘောလုံးအဖွဲ့ ချုပ်က သူတို ့၂ဦးကို သတိပေးမှု များ ပြုလုပ်ခဲ့ပြီး ပရိတ်သတ်တွေက အိုဇေးလ်ကို ဒေါသတကြီး ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ကြကာ လှောင်ပြောင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
လက်တလော မှာပုံမှန်ခြေစွမ်းတွေ အောက်ဆုံးရောက်နေတဲ့ အိုဇေးလ်တစ်ယောက် ဂျာမနီ ပရိတ်သတ်တွေ လက်မခံနိုင်တဲ့ လုပ်ရက်တွေပါ လုပ်ခဲ့တဲ့ အတွက် ဘယ်လို တွေဆက်ဖြစ်လာမလဲဆိုတာ မကြာခင် သိရတော့မှာ အမှန်ပါပဲ။
#MailOnline
#FridayFlavors
Post a Comment