သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး ဂ်ာဂန္ကေလာ့နဲ႔ ေဆြးေႏြးသြားဖို ့ရွိေနတဲ့ လီဗာပူးဂိုးသမာမီႏိုလတ္
လီဗာပူး အသင္း နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို ့ရဲ႕ နံပါတ္၂ ဂိုးသမား မီႏိုလတ္ဟာ ကမာၻ ့ဖလားၿပိဳင္ပြဲၿပီးဆံုးပါက သူရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး စဥ္းစားဆံုးျဖတ္ဖို ့ နည္းျပဂ်ာဂန္ကေလာ့နဲ႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။
လီဗာပူးနည္းျပဂ်ာဂန္ကေလာ့ဟာ ၿပီးခဲ့တဲ့ ရာသီထဲက လက္စြမ္းက်ဆင္းလာတဲ့ မီႏိုလတ္ကို အသင္းရဲ႕ ဦးစားေပး ဂိုးသမားေနရာက ေန လူငယ္ဂိုုးသမား ကာရီးရက္စ္ နဲ႔ အစားထိုးခဲ့ပါတယ္။
ဂိုးသမား ကာရီးရက္စ္ ဟာ ပြဲႀကီး တစ္ခ်ိဳ ့မွာ အမွားတစ္ခ်ိဳ ့ျပဳလုပ္ခဲ့တဲ့အတြက္ လီဗာပူးအသင္းဟာ ဂိုးသမား အသစ္ ကို အပူတျပင္းရွာေဖြေနပါတယ္။
လီဗာပူး အသင္းဟာ ဂိုးသမား မီႏိုလတ္ ကို ျပန္လည္အခြင့္အေရး ေပးဖို ့ အေျခအေန မရွိေတာ့တာ ေၾကာင့္ ဘယ္လ္ဂ်ီယံ အသင္းရဲ႕ ဒုတိယဦးစားေပးဂိုးသမား မီႏိုလတ္ က သူ ့ရဲ႕ အနာဂတ္ကို ကမာၻ ့ဖလားၿပိဳင္ပြဲၿပီးဆံုးတဲ့ အခ်ိန္မွာ နည္းျပကေလာ့နဲ႔ ေဆြေႏြးသြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
" ကမာၻ ့ဖလားၿပိဳင္ပြဲက ျပန္လာရင္ ကၽြန္ေတာ္ရဲ႕ အေျခအေန ကို စဥ္းစားေတာ့မွာပါ။"
" အခုေလာေလာဆယ္ ေတာ့ လီဗာပူးအသင္းရဲ႕ ဘယ္တစ္ေယာက္နဲ႔မွ ေျပာဆို မေဆြးေႏြးရေသးပါဘူး။ ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္ဟာ ကမာၻ ့ဖလားၿပိဳင္ပြဲအတြက္ အာရံုစိုက္ေနလို ့ပါ။" လို ့ေျပာၾကားသြားပါတယ္။
ဒါပင္မယ့္ လီဗာပူး အသင္းမွာ ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့ ဂိုးနည္းျပ ဂြ်န္အက္ခ်္တာဘာ့ခ်္နဲ႔ ေတာ့ အဆက္အသြယ္ရွိေၾကာင္း ဝန္ခံေျပာဆိုခဲ့ပါတယ္။
"ဂၽြန္က ကၽြန္ေတာ့္ကို ပြဲစဥ္တိုင္းအတြက္ ပြဲ မစခင္မွာမက္ေဆ့ခ်္ ေပးပို႔ပါတယ္။ သူ က ကၽြန္ေတာ္ဘယ္လို ေနလဲ? ၾကံခိုင္မႈ ရွိရဲ႕ လား အၿမဲေမးပါတယ္။ သူနဲ႔ ေတာ့အဆက္အသြယ္အၿမဲရွိပါတယ္။" လို ့ဆိုသြားပါတယ္။
ဆန္းဒါလန္း ဂိုးသမားေဟာင္း အသက္၃၀ ႏွစ္အရြယ္ မီႏိုလတ္ဟာ အန္ဖီးလ္မွာ သူ ့ရဲ႕ ေနရာကို ျပန္ရဖို ့ေမွ်ာ္မွန္းခဲ့ပါတယ္။
မီႏိုလတ္ဟာ နည္းျပေဟာင္း ေရာ္ဂ်ာ လက္ထက္ေရာကေလာ့ လက္ထက္မွာ ပါ ၂ႀကိမ္ တိတိ ယံုၾကည္မႈေပ်ာက္ဆံုးျခင္းခံခဲ့ရတာပဲျဖစ္ပါတယ္။
အခု အခ်ိန္မွာေတာ့ သူဟာ အသင္းကေနထြက္ခြာဖို ့စဥ္းစားေနပါၿပီ။
" ကၽြန္ေတာ္ လီဗာပူးအသင္းမွာ ပြဲထြက္ခြင့္မရတာ လေပါင္းမ်ားစြာ ၾကာေနပါၿပီ။ ကမာၻ ့ဖလားၿပီးရင္ေတာ့ ကၽြန္ေတာ္ အေသးစိတ္ေဆြးေႏြးေတာ့မွာပါ။"
" ကၽြန္ေတာ္အမ်ားႀကီး မေျပာႏိုင္ပါဘူး။ဒီၿပိဳင္ပြဲၿပီးရင္ ဘယ္ေလာက္ ၾကာၾကာ မကစားရမွန္းလည္း ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ္မန္ေနဂ်ာနဲ႔ ေဆြးေႏြးဖို ့လိုအပ္ေနပါၿပီ။" လို ့ေျပာၾကားသြားပါတယ္။
#TheSun
#FridayFlavors
သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဂျာဂန်ကလော့နဲ့ ဆွေးနွေးသွားဖို ့ရှိနေတဲ့ လီဗာပူးဂိုးသမာမီနိုလတ်
လီဗာပူး အသင်း နဲ့ ဘယ်လ်ဂျီယံအသင်းတို ့ရဲ့ နံပါတ်၂ ဂိုးသမား မီနိုလတ်ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲပြီးဆုံးပါက သူရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စဉ်းစားဆုံးဖြတ်ဖို ့ နည်းပြဂျာဂန်ကလော့နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လီဗာပူးနည်းပြဂျာဂန်ကလော့ဟာ ပြီးခဲ့တဲ့ ရာသီထဲက လက်စွမ်းကျဆင်းလာတဲ့ မီနိုလတ်ကို အသင်းရဲ့ ဦးစားပေး ဂိုးသမားနေရာက နေ လူငယ်ဂိုုးသမား ကာရီးရက်စ် နဲ့ အစားထိုးခဲ့ပါတယ်။
ဂိုးသမား ကာရီးရက်စ် ဟာ ပွဲကြီး တစ်ချို ့မှာ အမှားတစ်ချို ့ပြုလုပ်ခဲ့တဲ့အတွက် လီဗာပူးအသင်းဟာ ဂိုးသမား အသစ် ကို အပူတပြင်းရှာဖွေနေပါတယ်။
လီဗာပူး အသင်းဟာ ဂိုးသမား မီနိုလတ် ကို ပြန်လည်အခွင့်အရေး ပေးဖို ့ အခြေအနေ မရှိတော့တာ ကြောင့် ဘယ်လ်ဂျီယံ အသင်းရဲ့ ဒုတိယဦးစားပေးဂိုးသမား မီနိုလတ် က သူ ့ရဲ့ အနာဂတ်ကို ကမ္ဘာ ့ဖလားပြိုင်ပွဲပြီးဆုံးတဲ့ အချိန်မှာ နည်းပြကလော့နဲ့ ဆွေနွေးသွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
" ကမ္ဘာ ့ဖလားပြိုင်ပွဲက ပြန်လာရင် ကျွန်တော်ရဲ့ အခြေအနေ ကို စဉ်းစားတော့မှာပါ။"
" အခုလောလောဆယ် တော့ လီဗာပူးအသင်းရဲ့ ဘယ်တစ်ယောက်နဲ့မှ ပြောဆို မဆွေးနွေးရသေးပါဘူး။ ဘာလို ့လဲဆိုတော့ ကျွန်တော်ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်နေလို ့ပါ။" လို ့ပြောကြားသွားပါတယ်။
ဒါပင်မယ့် လီဗာပူး အသင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဂိုးနည်းပြ ဂျွန်အက်ချ်တာဘာ့ချ်နဲ့ တော့ အဆက်အသွယ်ရှိကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
"ဂျွန်က ကျွန်တော့်ကို ပွဲစဉ်တိုင်းအတွက် ပွဲ မစခင်မှာမက်ဆေ့ချ် ပေးပို့ပါတယ်။ သူ က ကျွန်တော်ဘယ်လို နေလဲ? ကြံခိုင်မှု ရှိရဲ့ လား အမြဲမေးပါတယ်။ သူနဲ့ တော့အဆက်အသွယ်အမြဲရှိပါတယ်။" လို ့ဆိုသွားပါတယ်။
ဆန်းဒါလန်း ဂိုးသမားဟောင်း အသက်၃၀ နှစ်အရွယ် မီနိုလတ်ဟာ အန်ဖီးလ်မှာ သူ ့ရဲ့ နေရာကို ပြန်ရဖို ့မျှော်မှန်းခဲ့ပါတယ်။
မီနိုလတ်ဟာ နည်းပြဟောင်း ရော်ဂျာ လက်ထက်ရောကလော့ လက်ထက်မှာ ပါ ၂ကြိမ် တိတိ ယုံကြည်မှုပျောက်ဆုံးခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။
အခု အချိန်မှာတော့ သူဟာ အသင်းကနေထွက်ခွာဖို ့စဉ်းစားနေပါပြီ။
" ကျွန်တော် လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရတာ လပေါင်းများစွာ ကြာနေပါပြီ။ ကမ္ဘာ ့ဖလားပြီးရင်တော့ ကျွန်တော် အသေးစိတ်ဆွေးနွေးတော့မှာပါ။"
" ကျွန်တော်အများကြီး မပြောနိုင်ပါဘူး။ဒီပြိုင်ပွဲပြီးရင် ဘယ်လောက် ကြာကြာ မကစားရမှန်းလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်မန်နေဂျာနဲ့ ဆွေးနွေးဖို ့လိုအပ်နေပါပြီ။" လို ့ပြောကြားသွားပါတယ်။
#TheSun
#FridayFlavors
Post a Comment