#DailyMail
#FridayFlavors
အင်္ဂလန်အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီးကျေနပ်နေကြတဲ့ အင်္ဂလန်ကစားသမားဟောင်းကြီးများ
BBC Sport ရဲ့ ရုပ်သံဝေဖန်သူများဖြစ်တဲ့ ဖာဒီနန်၊ လမ်းပတ် နဲ့ အလန်ရှီးယားတို့ဟာ ပနားမား အသင်းနဲ့ ပွဲမှာပြသခဲ့တဲ့ အင်္ဂလန်အသင်းရဲ ့ခြေစွမ်းနဲ့ ပတ်သတ်ပြီး အားရကျေနပ်ကြကြောင်းပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ ပနားမားအသင်းကို ၆-၁ဂိုး ဖြင့် အနိုင်ရခဲ့တာဖြစ်ပြီး ဟာရီကိန်း က ဟက်ထရစ်၊ ဂျွန်စတုန်းက ၂ ဂိုးနဲ့ လင်ဂတ်တို ့က ၁ဂိုးစီ သွင်းယူပေးခဲ့ကြတာပဲဖြစ်ပါတယ်။
" ဒါတွေဟာ ကျွန်တော်တို ့လိုချင်တဲ့ အရာတွေ အားလုံးဖြစ်ပါတယ်။ တည်ကန်ဘောကနဲ့ ဂိုးအဖြစ်ပြောင်းလဲနိုင်တာဟာ အခုုထိ အလုပ်ကောင်းကောင်းဖြစ်နေဆဲပါ ပဲဗျာ ။" လို ့အလန်ရှီးယား ကချီးကျူးလိုက်ပါတယ်။
လမ်းပတ်က " ကျွန်တော်တို ့လက်ဖျားခါလောက်အောင်ကောင်းခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တောင်းဆိုချင်တဲ့ အရာတွေရော ဟုတ်ရဲ့ လား အလန်။ ပနားမား အသင်းဟာ ခင်ဗျားမျှော်မှန်းထားတဲ့ အဆင့်တစ်ခုမှာ ရှိမနေပါဘူး။အင်္ဂလန် အသင်းဟာ အခုတော့ အလေးပေးစရာ အသင်းဖြစ်လာပါပြီ။"
ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကတော့
" ထရစ်ပါ လေးက တော်တော်လေးကို အသင်းကစားသမားတွေအတွက် ပံ့ပိုးပေးပို ့မှု အရမ်းကောင်းတဲ့သူပါ။ သူနဲ့ လော့ဖ်တက်ချိခ် ဟာ အကောင်းဆုံးကစားသမားတွေပါ။ နားလည်မှုလည်းအတော်ရှိကြပါတယ်။ သူ ဘောလုံး ရပြီဆိုတာနဲ့ တခြားကစားသမားတွေက သူ ့ဆီက ဘောလုံးပို ့တော့မယ်ဆို တာ အလိုလိုနားလည်နေကြပါတယ်။ သိပ်ကိုကောင်းတဲ့ နာလည်မှုပါပဲ။" လို ့ပြောကြားသွားခဲ့ပါတယ်။
#DailyMail
#FridayFlavors
Post a Comment