Group E ေနာက္ဆံုုးပြဲမ်ား ပြဲၾကိဳသံုးသပ္ခ်က္
ဘရာဇီး ၄ မွတ္ ဆာဘီးယား ၃ မွတ္
##ပထမဦးဆံုးအေနနဲ႕ ဆာဘီးယား ဘက္ကေနသံုးသပ္ေစခ်င္ပါတယ္။ ဆာဘီးယားအေနနဲ႕ ယေန႕ပြဲမွာ အနိုင္ရရင္ အုပ္စုမွတက္မည္ျဖစ္ျပီး သေရ ရလဒ္ရေအာင္စြမ္းေဆာင္နိုင္ခဲ႔မယ္ဆိုရင္ေတာ့ ျပိဳင္ဘက္ ဆြစ္ဇာလန္ အသင္း ၂ ဂိုးပ်က္ရံႈးတာကိုပဲေမ်ွာ္လင့္ရမွာပါ။ဒီေနရာမွာ ၂ ဂိုးပ်က္ဆိုလို႕ ၁ ဂိုးျဖင့္ရံႈးရင္ေတာ့ ဂိုးတူပင္မဲ႕ ဆြစ္ဇာလန္ သြင္းဂိုးမ်ားေနတဲ႕အတြက္ေၾကာင့္၂ဂိုးပ်က္ရံႈးမွ ဆာဘီးယား သေရ ရလဒ္က ေနာက္တဆင့္ကိုေခၚသြားနိုင္မွာပါ။
##ဘရာဇီးဘက္ကေနျပန္သံုးသပ္ျကည့္မယ္ဆိုရင္လဲဘရာဇီးဟာ အနိုင္ရလဒ္ရရွိ႕ေအာင္စြမ္းေဆာင္နိုင္ရံုသာမက ဂိုးမ်ားမွ အုပ္စုဗိုလ္ရရွိမွာပါ။အနိုင္ရေသာ္လဲ တစ္ ဖက္က ဆြစ္ဇာလန္ က ဂိုးျပတ္ရင္ ဒုတိယ ျဖစ္သြားနိုင္ပါတယ္။ အသင္းၾကီးေတြေနာက္ဆံုးပြဲေတြမွာေတာ့ ပံုမွန္ေျခစြမ္းေကာင္း ရရွိေအာင္စြမ္းေဆာင္နိုင္က်သလို ဘရာဇီးအနိုင္ရရွိသြားျပီး ဆာဘီးယားတို႔နႈတ္ဆက္မယ့္ပြဲလို႕ပဲ သံုးသပ္ပါရေစ။
ဆြစ္ဇာလန္၄ မွတ္ ေကာ္စတာရီကာ ၀ မွတ္
## ေကာ္စတာရီကာဘက္ကေနပဲစသံုးသပ္ရလ်ွင္ အုပ္စုကျပဳတ္သြားတဲ႕ အသင္းအေနနဲ႕ ျပိဳင္ဘက္ကို ဒုကၡေပးဖို႕ ဆိုတာထက္ သိကၡာ ဆယ္ဖို႕ကအေရးၾကီးပါတယ္။ ေကာ္စတာရီကာ ဟာလဲေခသူမဟုတ္ပါ။ဆာဘီးယားကို ဖရီးကစ္ တစ္လံုးေၾကာင့္ရံႈး ၊ဘရာဇီးကို မိနစ္၉၀ မွ နွစ္ဂိုးေပးျပီး နွစ္ပြဲလံုးဟာ ေျခစြမ္းအရမ္းနိမ့္လို႕ ရံႈးခဲ႕တာမဟုတ္ပါဘူး ။ အုပ္စုျပဳတ္ျဖစ္လို႕အထင္ေသးလို႕မရတာအမွန္ပါပဲ
##ဆြစ္ဇာလန္ကေတာ့ သေရတစ္မွတ္ရရင္ပင္ အုပ္စုမွတက္နိုင္ေသာ္လဲ ျပိဳင္ဘက္ရဲ႕ မေလ်ာ့တဲ့ေျခစြမ္းအရ လြယ္ကူမွာမဟုတ္ပင္မယ့္ သေရ ရလဒ္ သို႕ ကပ္နိုင္ျဖစ္ရင္ ေနာက္တဆင့္ကိုတက္ေရာက္သြားမယ္လို႕ သံုးသပ္ေပးလိုက္ပါတယ္
မဂၤလာရွိ႕ေသာ ေန႔ရက္မ်ားပိုင္ဆိုင္က်ပါေစ။
#PHP
#FridayFlavors
*ဘရာဇီး Vs ဆာဘီးယား*
ဘရာဇီး ၄ မှတ် ဆာဘီးယား ၃ မှတ်
##ပထမဦးဆုံးအနေနဲ့ ဆာဘီးယား ဘက်ကနေသုံးသပ်စေချင်ပါတယ်။ ဆာဘီးယားအနေနဲ့ ယနေ့ပွဲမှာ အနိုင်ရရင် အုပ်စုမှတက်မည်ဖြစ်ပြီး သရေ ရလဒ်ရအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ပြိုင်ဘက် ဆွစ်ဇာလန် အသင်း ၂ ဂိုးပျက်ရှုံးတာကိုပဲမျှော်လင့်ရမှာပါ။ဒီနေရာမှာ ၂ ဂိုးပျက်ဆိုလို့ ၁ ဂိုးဖြင့်ရှုံးရင်တော့ ဂိုးတူပင်မဲ့ ဆွစ်ဇာလန် သွင်းဂိုးများနေတဲ့အတွက်ကြောင့်၂ဂိုးပျက်ရှုံးမှ ဆာဘီးယား သရေ ရလဒ်က နောက်တဆင့်ကိုခေါ်သွားနိုင်မှာပါ။
##ဘရာဇီးဘက်ကနေပြန်သုံးသပ်ကြည့်မယ်ဆိုရင်လဲဘရာဇီးဟာ အနိုင်ရလဒ်ရရှိ့အောင်စွမ်းဆောင်နိုင်ရုံသာမက ဂိုးများမှ အုပ်စုဗိုလ်ရရှိမှာပါ။အနိုင်ရသော်လဲ တစ် ဖက်က ဆွစ်ဇာလန် က ဂိုးပြတ်ရင် ဒုတိယ ဖြစ်သွားနိုင်ပါတယ်။ အသင်းကြီးတွေနောက်ဆုံးပွဲတွေမှာတော့ ပုံမှန်ခြေစွမ်းကောင်း ရရှိအောင်စွမ်းဆောင်နိုင်ကျသလို ဘရာဇီးအနိုင်ရရှိသွားပြီး ဆာဘီးယားတို့နှုတ်ဆက်မယ့်ပွဲလို့ပဲ သုံးသပ်ပါရစေ။
*ဆွစ်ဇာလန် vs ကော်စတာရီကာ*
ဆွစ်ဇာလန်၄ မှတ် ကော်စတာရီကာ ၀ မှတ်
## ကော်စတာရီကာဘက်ကနေပဲစသုံးသပ်ရလျှင် အုပ်စုကပြုတ်သွားတဲ့ အသင်းအနေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးဖို့ ဆိုတာထက် သိက္ခာ ဆယ်ဖို့ကအရေးကြီးပါတယ်။ ကော်စတာရီကာ ဟာလဲခေသူမဟုတ်ပါ။ဆာဘီးယားကို ဖရီးကစ် တစ်လုံးကြောင့်ရှုံး ၊ဘရာဇီးကို မိနစ်၉၀ မှ နှစ်ဂိုးပေးပြီး နှစ်ပွဲလုံးဟာ ခြေစွမ်းအရမ်းနိမ့်လို့ ရှုံးခဲ့တာမဟုတ်ပါဘူး ။ အုပ်စုပြုတ်ဖြစ်လို့အထင်သေးလို့မရတာအမှန်ပါပဲ
##ဆွစ်ဇာလန်ကတော့ သရေတစ်မှတ်ရရင်ပင် အုပ်စုမှတက်နိုင်သော်လဲ ပြိုင်ဘက်ရဲ့ မလျော့တဲ့ခြေစွမ်းအရ လွယ်ကူမှာမဟုတ်ပင်မယ့် သရေ ရလဒ် သို့ ကပ်နိုင်ဖြစ်ရင် နောက်တဆင့်ကိုတက်ရောက်သွားမယ်လို့ သုံးသပ်ပေးလိုက်ပါတယ်
မင်္ဂလာရှိ့သော နေ့ရက်များပိုင်ဆိုင်ကျပါစေ။
#PHP
#FridayFlavors
Post a Comment