#FridayFlavors
ဂျော်ဒီအယ်လ်ဘာကိုခေါ်ယူဖို ့စိတ်ဝင်စားနေတဲ့ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Don Balon က ဆိုထားပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟို အသင်းရဲ့ နောက်တန်း တောင့်တင်းခိုင်မာဖို ့စိတ်ချယုံကြည်ရတဲ့ နောက်ခံလူတွေကို အလိုရှိနေတာဖြစ်ပြီး အဆိုပါ စပိန်ဘယ်နောက်ခံလူဟာ မော်ရင်ဟို ရဲ့ ဦးစားပေးခေါ်ယူမယ့် ကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ အရေးပါတဲ့ ဂျော်ဒီအယ်လ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းသာ မက စပါးအသင်းကပါ ခေါ်ယူဖို ့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
#FridayFlavors
Post a Comment