Header Ads


ရီးရဲလ္အသင္းကေနထြက္ခြာတာဟာ အေကာင္းဆံုုးျဖစ္မွာပါ။




ရီးရဲလ္အသင္းကေနထြက္ခြာဖို ့အဆင္သင့္ျဖစ္ေနတဲ့ ကိုဗာဆစ္

ခ႐ိုေအးရွား ကြင္းလယ္လူ ရီးရဲလ္ကစားသမား ကိုဗာဆစ္ ဟာရီးရဲလ္အသင္းအေပၚ စိတ္ကုန္ေနၿပီျဖစ္တဲ့အတြက္ အသင့္ကေန ထြက္ခြာဖို ့အဆင္သင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

ကိုဗာဆစ္ ၂၀၁၅ ခုႏွစ္က အင္တာမီလန္ အသင္းကေန ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေျပာင္းေရြ႕ေၾကးအျဖစ္ ေပါင္ သန္း ၃၀ ကို ရီးရဲလ္အသင္းက ေပးေခ်ခဲ့ရတာပဲျဖစ္ပါတယ္။


ဒါပင္မယ့္လည္း နည္းျပေဟာင္း ဇီဒန္းရဲ႕ အႀကိဳက္ကစားသမားေတြျဖစ္တဲ့ လူကာမိုဒရစ္၊ တိုနီခ႐ူစ္၊
ကက္စမဲ႐ိုး တို ့ထက္ အသင္းမွာ ပါဝင္ကစားခြင့္မရခဲ့ပါဘူး။

အသက္ ၂၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကိုဗာဆစ္က Marca ကိုေျပာၾကားခဲ့ရာမွာေတာ့

" ကၽြန္ေတာ္ ပြဲထြက္ကစားရဖို ့လိုအပ္ပါတယ္။ အေကာင္းဆံုးျဖစ္ႏိုင္မယ့္အရာကေတာ့ မက္ဒရစ္ကေနထြက္ခြာရင္ အဆင္ေျပသြားမွာပါ။"

"ကၽြန္ေတာ္ဟာ ေဘာလံုးကစားရတာႀကိဳက္ၿပီး ကြင္းထဲမွာ ရွိေနရတာ ေပ်ာ္ပါတယ္။ကၽြန္ေတာ္ ေဘာလံုးမကစားရရင္ေတာ ့မေပ်ာ္ေတာ့ပါဘူး။"


" အဲ့ေတာ့ အျခားတစ္သင္းမွာ ပြဲထြက္ကစားသမားတစ္ေယာက္အျဖစ္ပါဝင္ခ်င္ပါတယ္။" လို ့ဆိုခဲ့ပါတယ္။

ပရီးမီးယားလိပ္ကလပ္ စပါးအသင္းက ကိုဗာဆစ္ကို ေခၚယူဖို ့ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

#FridayFlavors

ရီးရဲလ်အသင်းကနေထွက်ခွာဖို ့အဆင်သင့်ဖြစ်နေတဲ့ ကိုဗာဆစ်

ခရိုအေးရှား ကွင်းလယ်လူ ရီးရဲလ်ကစားသမား ကိုဗာဆစ် ဟာရီးရဲလ်အသင်းအပေါ် စိတ်ကုန်နေပြီဖြစ်တဲ့အတွက် အသင့်ကနေ ထွက်ခွာဖို ့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။

ကိုဗာဆစ် ၂၀၁၅ ခုနှစ်က အင်တာမီလန် အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြောင်းရွေ့ကြေးအဖြစ် ပေါင် သန်း ၃၀ ကို ရီးရဲလ်အသင်းက ပေးချေခဲ့ရတာပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း နည်းပြဟောင်း ဇီဒန်းရဲ့ အကြိုက်ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ တိုနီခရူစ်၊
ကက်စမဲရိုး တို ့ထက် အသင်းမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဗာဆစ်က Marca ကိုပြောကြားခဲ့ရာမှာတော့

" ကျွန်တော် ပွဲထွက်ကစားရဖို ့လိုအပ်ပါတယ်။ အကောင်းဆုံးဖြစ်နိုင်မယ့်အရာကတော့ မက်ဒရစ်ကနေထွက်ခွာရင် အဆင်ပြေသွားမှာပါ။"

"ကျွန်တော်ဟာ ဘောလုံးကစားရတာကြိုက်ပြီး ကွင်းထဲမှာ ရှိနေရတာ ပျော်ပါတယ်။ကျွန်တော် ဘောလုံးမကစားရရင်တော ့မပျော်တော့ပါဘူး။"

" အဲ့တော့ အခြားတစ်သင်းမှာ ပွဲထွက်ကစားသမားတစ်ယောက်အဖြစ်ပါဝင်ချင်ပါတယ်။" လို ့ဆိုခဲ့ပါတယ်။

ပရီးမီးယားလိပ်ကလပ် စပါးအသင်းက ကိုဗာဆစ်ကို ခေါ်ယူဖို ့ကြိုးပမ်းနေကြောင်းသိရပါတယ်။

#FridayFlavors

No comments

Powered by Blogger.