ဝီလီယံအတြက္ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့တဲ့ခ်ဲလ္ဆီး
ဘာစီလိုနာ အသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဘရာဇီးေတာင္ပံကစားသမား ဝီလီယံကို ေပါင္ သန္း ၅၀ ျဖင့္ ကမ္းလွမ္းခဲ့ရာ ခ်ဲလ္ဆီး အသင္းက ပယ္ခ်လိုက္ေၾကာင္းသိရပါတယ္။
ဘာစီလိုနာ အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ျပည္တြင္းဖလား ၂လံုးကို ရရွိခဲ့ေသာ္လည္း အသင္းရဲ႕ လူစာရင္းမွာ အရည္အေသြး ျပည့္ဝတဲ့ ကစားသမားေတြ ထပ္မံလိုအပ္ေသးတယ္လို ့ယံုၾကည္ေနၿပီး ဝီလီယံကို ကမ္းလွမ္းခဲ့တာပဲျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ဘရာဇီး အသင္းရဲ႕ ေတာင္ပံကစားသမား ဝီလီယံ ကို အသင္းရဲ႕ ထြက္ခြာသြားတဲ့ ကြင္းလယ္လူ အင္နီေယစတာေနရာ အစားထိုးလို ေနၿပီး ဘရာဇီး အသင္းေဖာ္ ေကာ္တင္ဟို နဲ႔ လည္း ဘာစီလိုနာမွာ တြဲဖက္ညီညီ ကစားႏိုုင္မယ္လို ့ေမွ်ာ္လင့္ေနပါတယ္။
ဒါပင္မယ့္ လည္းခ်ဲလ္ဆီး အသင္းဟာ သူတို ့ရဲ႕ေတာင္ပံကစားသမား ကို ေရာင္းခ်ဖို ့ဆႏၵ မရွိေၾကာင္းသိရပါတယ္။
ဝီလီယံ ဟာ ခ်ဲလ္ဆီး အသင္းရဲ႕ ျပည္တြင္းၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ကစားသမားတစ္ဦး ျဖစ္ၿပီး နည္းျပေမာ္ရင္ဟို က ဝီလီယံ ကို အလိုရွိေၾကာင္း အတိအလင္း ဝန္ခံခဲ့ဖူးတာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဝီလီယံ ကို ေခၚယူဖို ့ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ ့ကာလထဲက ကမ္းလွမ္းခဲ့ေသာ္လည္း နည္းျပ ကြန္တီက သူ ့ကို အသင္းရဲ႕ အေရးပါတဲ့ ကစားသမား အျဖစ္ ျပန္လည္ေနရာေပးခဲ့တဲ့အတြက္ ခ်ဲလ္ဆီး အသင္း က မေရာင္းခ်ေတာ့တာပဲျဖစ္ပါတယ္။
ဝီလီယံ ဟာ မႏွစ္ရာသီက ခ်ဲလ္ဆီး အသင္းအတြက္ ၁၃ ဂိုးအထိ သြင္းယူေပးထားႏိုင္တဲ့ ကစားသမားတစ္ဦး ျဖစ္လို ့ေနပါတယ္။
#Mailonline
#FridayFlavors
ဝီလီယံအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ချဲလ်ဆီး
ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့ရာ ချဲလ်ဆီး အသင်းက ပယ်ချလိုက်ကြောင်းသိရပါတယ်။
ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပြည်တွင်းဖလား ၂လုံးကို ရရှိခဲ့သော်လည်း အသင်းရဲ့ လူစာရင်းမှာ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတွေ ထပ်မံလိုအပ်သေးတယ်လို ့ယုံကြည်နေပြီး ဝီလီယံကို ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီး အသင်းရဲ့ တောင်ပံကစားသမား ဝီလီယံ ကို အသင်းရဲ့ ထွက်ခွာသွားတဲ့ ကွင်းလယ်လူ အင်နီယေစတာနေရာ အစားထိုးလို နေပြီး ဘရာဇီး အသင်းဖော် ကော်တင်ဟို နဲ့ လည်း ဘာစီလိုနာမှာ တွဲဖက်ညီညီ ကစားနိုုင်မယ်လို ့မျှော်လင့်နေပါတယ်။
ဒါပင်မယ့် လည်းချဲလ်ဆီး အသင်းဟာ သူတို ့ရဲ့တောင်ပံကစားသမား ကို ရောင်းချဖို ့ဆန္ဒ မရှိကြောင်းသိရပါတယ်။
ဝီလီယံ ဟာ ချဲလ်ဆီး အသင်းရဲ့ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်ပြီး နည်းပြမော်ရင်ဟို က ဝီလီယံ ကို အလိုရှိကြောင်း အတိအလင်း ဝန်ခံခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဝီလီယံ ကို ခေါ်ယူဖို ့ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ ့ကာလထဲက ကမ်းလှမ်းခဲ့သော်လည်း နည်းပြ ကွန်တီက သူ ့ကို အသင်းရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ပြန်လည်နေရာပေးခဲ့တဲ့အတွက် ချဲလ်ဆီး အသင်း က မရောင်းချတော့တာပဲဖြစ်ပါတယ်။
ဝီလီယံ ဟာ မနှစ်ရာသီက ချဲလ်ဆီး အသင်းအတွက် ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လို ့နေပါတယ်။
#Mailonline
#FridayFlavors
Post a Comment