နံနက်ခင်းနောက်ဆုံးရအပြောင်းအရွှေ့ သတင်းတိုများ
-မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန် ယူ၂၁ ဂိုးသမားဟောင်း လီဂရန် ့ကိုခေါ်ယူဖွယ်ရှိနေကြောင်းသိရပါတယ်။ လီဂရန် ့ဟာ စတုတ်စီးတီး အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ဒီဂီယာ၊ ရိုမဲရိုး တို ့နောက် တတိယမြောက် ဦးစားပေးဂိုးသမားအဖြစ် ထားလိုသာပဲဖြစ်ပါတယ်။(Daily Telegraph)
-အာဆင်နယ်အသင်းဟာ မက္ကစီကို ကြယ်ပွင့်ကစားသမား ဟက်တာ ဟာရီရာ ကို ခေါ်ယူဖို ့စတင် စုံစမ်းထောက်လှမ်းနေပြီဖြစ်ကြောင်းသိရပါတယ်။ကွင်းလယ်လူဟက်တာဟာရီရာ ဟာ အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ပေါ်တို အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်လို ့နေပါတယ်။(Daily Mirror)
-အဲဗာတန် အသင်းဟာ ခရိုအေးရှား တိုက်စစ်မှူး အန်တီရီဘစ် ကို မျက်စိကျနေကြောင်းသိရပါတယ်။အသက် ၂၄ နှစ်အရွယ် ရီဘစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန် ့ဖတ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လို ့နေပါတယ်။(Daily Mirror)
-ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာ အသင်းရဲ့ ပိုင်ရှင် တိုနီရှာ ဟာ ငွေကြေးလည်ပတ်မှု အခက်အခဲကြောင့် ဗီလာ အသင်းကို ရောင်းချဖို ့ဆွေးနွေးညှိ ့နှိုင်းမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။(The Sun)
#FridayFlavors
Post a Comment