အနီကဒ် ပြစ်ဒဏ်ကနေသီသီလေး လွဲခဲ့တဲ့ စီရော်နယ်ဒို
#FridayFlavors
အနီကဒ် ပြစ်ဒဏ်ကနေသီသီလေး လွဲချော်ခဲ့တဲ့ စီရော်နယ်ဒို
မနေ ့ည က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အီရန် အသင်း နဲ့ ပေါ်တူဂီ အသင်းတို ့နဲ့ ပွဲမှာ ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အီရန် ကစားသမား မိုတီဇာပူရာလန်ဂျီရဲ့ မေးစေ့ကို ရည်ရွက်ချက်ရှိရှိ ထိခိုက်မိအောင် တွန်းတိုက်ခဲ့သော်လည်း ဒိုင်လူကြီး အင်းနရစ်ကတော့ အဝါကဒ်သာ ပြသခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မိုတီဇာရဲ့ မေးစေ့ကို တွန်းတိုက်ပြီးနောက် ဒိုင်လူကြီး အင်းနရစ် ဟာ VAR ရုပ်သံကို တဖန် ကြည့်ရှုခဲ့ ပြီး ရော်နယ်ဒိုကို အဝါကဒ် သာ ထုတ်ပြခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ လုပ်ရက်ဟာ အနီကဒ်ပြခံနိုင်ဖွယ် အခြေအနေရှိသော်လည်း ဒိုင်လူကြီး ကတော့ အဝါကဒ်သာပြသခဲ့ပါတယ်။
အနီကဒ်သာ ပြသခြင်းခံခဲ့ ရပါက ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ၁၆သင်းအဆင့်ရှုံးထွက်ပွဲဖြစ်တဲ့ ဥရုဂွေးနဲ့ ပွဲကို လွဲချော်သွားမှာပဲဖြစ်ပါတယ်။
ဒါပင်မယ့် BBC ရုပ်သံ ဝေဖန်ရေးသမားများဖြစ်တဲ့ အလန်ရှီးယား နဲ့ ဒီဒီယာ ဒရော့ဘာတို့ကတော့ ရော်နယ်ဒို ဟာ အနီကဒ်ပြစ်ဒဏ်နဲ့ တော့ မထိုက်တန်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။
အလန်ရှီးယားက " ရော်နယ်ဒိုရဲ့ လုပ်ရက်ဟာ မိုက်မဲပါတယ်။ ဒါပင်မယ့် အဲ့ဖြစ်ရပ်ကြောင့် သူ ့ကို ကွင်းထဲကနေ ထွက်ခွာစေဖို ့ဆိုတာ မဖြစ်သင့်ဘူးလို ့ကျွန်တော်ထင်ပါတယ်။"
ဒရော ့ဘာကလည်း " ကျွန်တော့် အထင်တော့ အနီကဒ်လည်း မပြသင့်သလို အဝါကဒ်လည်း မပြသင့်ပါဘူး။ ဘာလို ့လဲဆိုတော့ ဒိုင်လူကြီးဟာ အချိန်သိပ်ယူလွန်းပါတယ်။ ကဒ်တစ်ကဒ် ထုတ်ပြဖို ့ဆိုရင် တော့ အနီကဒ် ဒါမှမဟုတ် ဘာကဒ်မှ မပြသင့်ပါဘူး။ ဒါဟာ ကျွန်တော် ့အတွေးပါ။ " လို ့ ပြောကြားသွားပါတယ်။
#FridayFlavors
Post a Comment