အဂၤလန္အသင္းဟာ၁၉၉၀ေနာက္ပိုင္းဆီမီးထိတက္ေရာက္ဖို ့ဒီတစ္ႀကိမ္ကမာၻ ့ဖလားၿပိဳင္ပြဲမွာအခြင့္အေရးရွိေနပါတယ္။
အဂၤလန္ အသင္းနဲ႔ ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ဂယ္ရီနဗီးလ္ က ITV နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ အဂၤလန္ အသင္းနဲ႔ ပတ္သတ္ၿပီး အခုလိုေျပာၾကားသြားပါတယ္။
“ အဂၤလန္ ႏိုင္ငံအေန နဲ႔ ဒီကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဝမ္းသာပီတီျဖစ္ၿပီး ေက်နပ္သင့္ပါတယ္။" လို ့ေျပာၾကားသြားပါတယ္။
ဘယ္လ္ဂ်ီယံအသင္းကို ၁-၀ရလဒ္ျဖင့္ရံႈးနိမ့္ခဲ့ေသာ္လည္း လူတိုင္းအေကာင္းျမင္သင့္တယ္လို ့တိုုက္တြန္းသြားခဲ့ပါတယ္။
" လူတိုင္း လြန္ခဲ့ တဲ့ အပတ္က အဂၤလန္ရဲ႕ ေျခစြမ္း နဲ႔ ပတ္သတ္ၿပီး အိုဗာ အေကာင္းျမင္ခဲ့ၾက ေျပာဆိုခဲ့ၾကပါတယ္။ အခုခ်ိန္မွာလည္း ကၽြန္ေတာ္တို ့ဟာ အဲ့ထက္ပို ၿပီး အေကာင္းျမင္သင့္ေနပါၿပီ။”
အဂၤလန္ အသင္းဟာ ၁၉၉၀ ေနာက္ပိုင္း ကမာၻ ့ဖလားၿပိဳင္ပြဲေတြမွာ ဆီမီးဖိုင္နယ္ အဆင့္ကိုမေရာက္တာ ၆ႀကိမ္ အထိရွိေနပါၿပီ။
ဒီတစ္ႀကိမ္ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာေတာ့ ဆီမီးဖိုင္နယ္ေရာက္ဖို ့အခြင့္အေရးေကာင္းေတြရွိေနေၾကာင္းေျပာၾကားသြားပါတယ္။
"ဒါဟာ စိတ္ႀကီးဝင္လို ့ေျပာေနတာမဟုတ္ပါဘူး။ ညဏ္နည္းလို ့လည္းေျပာေနတာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို ့၁၆ သင္းအဆင့္မွာ ကိုလံဘီယာကို လည္း ရံႈးနိမ့္ႏိုုင္ပါတယ္။"
" ဒါမယ့္ ၁၉၉၀ ကိုျပန္ၾကည့္ၾကမယ္ဆိုရင္ ကၽြန္ေတာ္တို ့အဂၤလန္အသင္းဟာ ကင္မရြန္း၊ ဘယ္လ္ဂ်ီယံတို ့နဲ႔ေတြ ့ၿပီး ဆီမီးဖိုင္နယ္ ေရာက္ခဲ့ပါတယ္။ အခုတစ္ႀကိမ္မွာလည္း ကိုလံဘီယာ အသင္းရယ္၊ ဆြစ္ဇာလန္ ဒါမွမဟုတ္ ဆြီဒင္ အသင္းတို ့ကို ႏိုင္ရင္ ဆီမီးဖိုင္နယ္ေရာက္ႏိုင္ပါတယ္။"
"၁၉၉၈ မွာ အာဂ်င္တီးနား နဲ႔ ၁၆သင္းအဆင့္မွာ ေတြ ့ၿပီး ျပဳတ္ခဲ့တယ္။၂၀၀၂ မွာ ရီဗယ္ဒို ရဲ႕ ဘရာဇီး အသင္းနဲ ့ေတြ ့ခဲ့ရတယ္။ အဲ့အခ်ိန္က ရီဗယ္ဒို လို ကစားသမားေကာင္းေတြ အမ်ားႀကီးပါပဲ။"
"၂၀၀၆ ေရာက္ေတာ့ ေရာ္နယ္ဒို ရဲ႕ ေပၚတူဂီနဲ႔ ေတြ ့ၿပီး ကြာတားမွာ ျပဳတ္ခဲ့တယ္။ ၂၀၁၀ မွာ ဂ်ာမနီနဲ႔ ေတြ ့ၿပီး ကြာတားမွာပဲ ထပ္ျပဳတ္တယ္။ ၂၀၁၄ ၾကျပန္ေတာ့လည္း အီတလီ ၊ ဥ႐ုေဂြး တို ့နဲ႔ တစ္အုပ္စုထဲက်ၿပီး အုပ္စု မတက္ခဲ့ပါဘူး။"
" အခုေတာ့ အဂၤလန္ကစားသမားေတြ ဒီည အရံႈးအတြက္ ေကာင္းေကာင္းမကစားႏိုင္လို ့စိတ္ပ်က္ေနၾကတယ္ ထင္ပါတယ္။ ကၽြန္ေတာ္ အခုအေကာင္းျမင္တာ ထက္ ပို ၿပီး မ်ားမ်ား အေကာင္းျမင္ၾကစမ္းပါ။" လို ့ေျပာၾကားသြားပါတယ္။
နည္းျပေဆာက္ဂိတ္ ဟာ မေန ့ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံပြဲနဲ႔ ပြဲထြက္လူစာရင္း မွာ ကစားသမား ၈ဦး အထိ အေျပာင္းအလဲ လုပ္ခဲ့ေၾကာင္း သိရပါတယ္။
#TheSun
#FridayFlavors
အင်္ဂလန်အသင်းဟာ ၁၉၉ဝနောက်ပိုင်း ဆီမီးထိတက်ရောက်ဖို ့ဒီတစ်ကြိမ်ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ အခွင့်အရေးရှိနေပါတယ်။
အင်္ဂလန် အသင်းနဲ့ ယူနိုက်တက်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ် က ITV နဲ့ အင်တာဗျူး အစီအစဉ်မှာ အင်္ဂလန် အသင်းနဲ့ ပတ်သတ်ပြီး အခုလိုပြောကြားသွားပါတယ်။
“ အင်္ဂလန် နိုင်ငံအနေ နဲ့ ဒီကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ဝမ်းသာပီတီဖြစ်ပြီး ကျေနပ်သင့်ပါတယ်။" လို ့ပြောကြားသွားပါတယ်။
ဘယ်လ်ဂျီယံအသင်းကို ၁-ဝရလဒ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း လူတိုင်းအကောင်းမြင်သင့်တယ်လို ့တိုုက်တွန်းသွားခဲ့ပါတယ်။
" လူတိုင်း လွန်ခဲ့ တဲ့ အပတ်က အင်္ဂလန်ရဲ့ ခြေစွမ်း နဲ့ ပတ်သတ်ပြီး အိုဗာ အကောင်းမြင်ခဲ့ကြ ပြောဆိုခဲ့ကြပါတယ်။ အခုချိန်မှာလည်း ကျွန်တော်တို ့ဟာ အဲ့ထက်ပို ပြီး အကောင်းမြင်သင့်နေပါပြီ။”
အင်္ဂလန် အသင်းဟာ ၁၉၉၀ နောက်ပိုင်း ကမ္ဘာ ့ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် အဆင့်ကိုမရောက်တာ ၆ကြိမ် အထိရှိနေပါပြီ။
ဒီတစ်ကြိမ် ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ရောက်ဖို ့အခွင့်အရေးကောင်းတွေရှိနေကြောင်းပြောကြားသွားပါတယ်။
"ဒါဟာ စိတ်ကြီးဝင်လို ့ပြောနေတာမဟုတ်ပါဘူး။ ညဏ်နည်းလို ့လည်းပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို ့၁၆ သင်းအဆင့်မှာ ကိုလံဘီယာကို လည်း ရှုံးနိမ့်နိုုင်ပါတယ်။"
" ဒါမယ့် ၁၉၉၀ ကိုပြန်ကြည့်ကြမယ်ဆိုရင် ကျွန်တော်တို ့အင်္ဂလန်အသင်းဟာ ကင်မရွန်း၊ ဘယ်လ်ဂျီယံတို ့နဲ့တွေ ့ပြီး ဆီမီးဖိုင်နယ် ရောက်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း ကိုလံဘီယာ အသင်းရယ်၊ ဆွစ်ဇာလန် ဒါမှမဟုတ် ဆွီဒင် အသင်းတို ့ကို နိုင်ရင် ဆီမီးဖိုင်နယ်ရောက်နိုင်ပါတယ်။"
"၁၉၉၈ မှာ အာဂျင်တီးနား နဲ့ ၁၆သင်းအဆင့်မှာ တွေ ့ပြီး ပြုတ်ခဲ့တယ်။၂၀၀၂ မှာ ရီဗယ်ဒို ရဲ့ ဘရာဇီး အသင်းနဲ ့တွေ ့ခဲ့ရတယ်။ အဲ့အချိန်က ရီဗယ်ဒို လို ကစားသမားကောင်းတွေ အများကြီးပါပဲ။"
"၂၀၀၆ ရောက်တော့ ရော်နယ်ဒို ရဲ့ ပေါ်တူဂီနဲ့ တွေ ့ပြီး ကွာတားမှာ ပြုတ်ခဲ့တယ်။ ၂၀၁၀ မှာ ဂျာမနီနဲ့ တွေ ့ပြီး ကွာတားမှာပဲ ထပ်ပြုတ်တယ်။ ၂၀၁၄ ကြပြန်တော့လည်း အီတလီ ၊ ဥရုဂွေး တို ့နဲ့ တစ်အုပ်စုထဲကျပြီး အုပ်စု မတက်ခဲ့ပါဘူး။"
" အခုတော့ အင်္ဂလန်ကစားသမားတွေ ဒီည အရှုံးအတွက် ကောင်းကောင်းမကစားနိုင်လို ့စိတ်ပျက်နေကြတယ် ထင်ပါတယ်။ ကျွန်တော် အခုအကောင်းမြင်တာ ထက် ပို ပြီး များများ အကောင်းမြင်ကြစမ်းပါ။" လို ့ပြောကြားသွားပါတယ်။
နည်းပြဆောက်ဂိတ် ဟာ မနေ ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံပွဲနဲ့ ပွဲထွက်လူစာရင်း မှာ ကစားသမား ၈ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ကြောင်း သိရပါတယ်။
#TheSun
#FridayFlavors
Post a Comment