ဆက်လက်ပြီး နဗီးလ်က
#DailyMail
#FridayFlavors
"ဘိုတန်ဟာ ရယ်စရာကောင်းတဲ့ ဟာသကောင်ပဲ"
မနေ ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမနီ အသင်းနဲ့ ဆွီဒင်တို ့ရဲ့ ပွဲမှာ ဂျာမနီ နောက်ခံလူ ဘိုတန်ရဲ့ ပထမပိုင်းခြေစွမ်းနဲ့ ပတ်သတ်ပြီး ITV အစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ ဂရီနယ်ဗီး နဲ့ ရိုင်ကိန်းတို ့က ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ကြပါတယ်။
ဘိုတန် ဟာ ဒုတိယ ပိုင်း ပြီးခါနီး ၈မိနစ်အလိုလောက်က အနီကဒ်နဲ့ အထုတ်ပယ်မခံခဲ့ရခင် ပထမပိုင်း ပွဲကစားချိန်မှာ ဆွီဒင် ကစားသမား ထရန်းဗန်းနန် ရဲ့ ဂိုး ကို ဖြတ်ထုတ်ခွင့်ရရဲ့သားနဲ့ မဖြတ်ထုတ်နိုင်ခဲ့ပါဘူး။
"ဗဟို နောက်ခံလူ ၂ယောက်ကတော့ ခင်ဗျားကို နှလုံးရောဂါ ပေးမှာ အသေအချာပဲ။ ဘိုတန် ကွင်းထဲကနေထွက်သင့်နေပါပြီ။ ဘိုတန်ဟာ ရှက်ဖို ့အလွန်ကောင်းပါတယ်။" လို ့ရိုင်ကိန်းက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးရိုင်ကိန်းက
"ဘိုတန်ဟာ တနင်္ဂနွေ နေ ့မှာ ပုံမှန်ကစားလေ့ရှိတဲ့ လိပ်ပွဲတွေလို လမ်းလျှောက်ကစားနေပါတယ်။ ဒီကောင် မရှက်ဘူးလားမသိဘူး။ သူ ့ကို ထုတ်လိုက်စမ်းပါ။" လို ့ ထပ်မံပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နဗီးလ်က
" ရိုင်ပြောတာ တကယ်မှန်တယ်။ နောက်ခံလူတွေဟာ ဟာသ တွေပဲ။ တကယ့်ကို ဟာသ ကောင်တွေပဲ။ ဘိုတန် က တစ်ခါတစ်လေ တစ်ချို့ အကြောင်းပြချက်တွေကြောင့် ဘက်ကန်ဘာအာ နဲ့ တူတယ်လို ့ထင်နေပါတယ်။ အဲ့ဒါဟာ ဂွာဒီယိုလာ လက်အောက်မှာ ကစားခဲ့လို ့သူ ့ကိုယ်သူ အရမ်းကောင်းတဲ့ ကစားသမား လို ့ထင်နေတာနေမှာပေါ့။" လို ့ဝေဖန်လိုက်ပါတယ်။
" ဒီကောင်က ပထမပိုင်း မှာ ရယ်စရာတွေ လုပ်ပြနေပါတယ်။သူဟာ စိတ်ထင်ယောင်ထင်မှား နဲ့ အရှေ ့ကို လျှောက်သွားနေတဲ့ ကစားသမား တစ်ယောက်ထင်ပါတယ်။"
" နောက်တန်းရဲ့ အရည်အသွေးဟာ တော်တော်လေးဆိုးရွားလွန်းပါတယ်။ ဂျာမနီ အသင်းကို အရင်က အဲ့လို မမြင်ဖူးပါဘူး။"
နောက်ထပ်အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ပက်ထရစ် အီဗရာကလည်း
" ဘိုတန်ဟာ တော်တော်လေးဆိုးဆိုးရွားရွားကစားခဲ့ပါတယ်။ တစ်ခါတစ်လေ သူကစားတာက ဘက်ကန်ဘာအာ ကစားပုံနဲ့ ဆင်ပါတယ်။ ဒီည ကတော့ သူတော်တော်လေးဆိုးဆိုးရွားရွား ကစားသွားတာပါ။ သူလည်း အထုတ်ခံရရော ဂျာမနီအသင်းဟာ ကစားပုံကောင်းလာခဲ့ပါတယ်။" လို ့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။
#DailyMail
#FridayFlavors
Post a Comment