ဥေရာပဖလားၿပိဳင္ပြဲေတြကေန ၂ရာသီပြဲပယ္ခံလိုက္ရတဲ့ေအစီမီလန္
စီရီေအ ကလပ္ ေအစီမီလန္ အသင္းဟာ UEFA ရဲ႕ ခ်မွတ္ထားတဲ့ ဘ႑ာေရး မွ်ေခ်စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ခဲ့တဲ့ အတြက္ UEFA က ဥေရာပေဘာလံုးၿပိဳင္ပြဲေတြကေန ၂ရာသီ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။
ဥေရာပဆုဖလားကို ၇ ႀကိမ္အထိရရွိခဲ့ဖူးတဲ့ ေအစီမီလန္ အသင္းဟာ UEFA ရဲ႕ ကလပ္ဘ႑ာေရးမွ်ေခ် ကို မေရာက္ရွိခဲ့တာေၾကာင့္ အခုလို ျပစ္ဒဏ္ခ်မွတ္ျခင္းခံလိုက္ရတာပဲျဖစ္ပါတယ္။
ေအစီမီလန္အသင္းဟာ ၃ႏွစ္တာ ကာလ (၂၀၁၅,၂၀၁၆,၂၀၁၇) ကာလ အတြင္း ေပါင္ ၁၅ သန္းထက္ ပိုမို စြာ အရံႈးေပၚခဲ့ပါတယ္။
တ႐ုတ္လူမ်ိဳး ဘီလီယံနာ သူေဌး လီေယာင္ေဟာင္ ပိုင္ဆိုင္တဲ့ ေအစီမီလန္ အသင္းဟာ တစ္ႏွစ္ကို ေပါင္ ၁၀ သန္းေက်ာ္ အရံႈးေပၚေနေၾကာင္း UEFA ရဲ႕ ဘ႑ာေရး စစ္တမ္းအရသိရွိရပါတယ္။
ေအစီမီလန္အသင္းဟာ သူတို ့အသင္းရဲ႕ ဘ႑ာေရး အေျခအေန အဆင္ေျပပါတယ္ လို ့UEFA ကို အသနားခံ ေလွ်ာက္လႊဲခ်က္ ေပးပို ့ခဲ့ေသာ္လည္း UEFA က ပယ္ခ်ခဲ့ပါတယ္။
အဆိုပါ ႀကီးေလးတဲ့ ျပစ္ဒဏ္ ကို အားကစားခံုရံုးျဖစ္တဲ့ Lausanne-based of Arbitration for Sports (CAS) က ခ်မွတ္ခဲ့တာပဲျဖစ္ပါတယ္။
မႏွစ္ရာသီ စီရီေအမွာ အဆင့္ ၆ ရခဲ့ တဲ့ ေအစီမီလန္ အသင္းဟာ ယူ႐ိုပါလိပ္ ဝင္ခြင့္ရရွိခဲ့ေသာ္လည္း ၂၀၂၀-၂၀၂၁ ရာသီ မတိုင္ခင္ထိေတာ့ ဥေရာပၿပိဳင္ပြဲေတြကို ပါဝင္ကစားရမွာ မဟုတ္ေၾကာင္း သိရပါတယ္။
#TheSun
#FridayFlavors
ဥရောပဖလားပြိုင်ပွဲတွေကနေ ၂ရာသီပွဲပယ်ခံလိုက်ရတဲ့အေစီမီလန်
စီရီအေ ကလပ် အေစီမီလန် အသင်းဟာ UEFA ရဲ့ ချမှတ်ထားတဲ့ ဘဏ္ဍာရေး မျှချေစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တဲ့ အတွက် UEFA က ဥရောပဘောလုံးပြိုင်ပွဲတွေကနေ ၂ရာသီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဥရောပဆုဖလားကို ၇ ကြိမ်အထိရရှိခဲ့ဖူးတဲ့ အေစီမီလန် အသင်းဟာ UEFA ရဲ့ ကလပ်ဘဏ္ဍာရေးမျှချေ ကို မရောက်ရှိခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ၃နှစ်တာ ကာလ (၂၀၁၅,၂၀၁၆,၂၀၁၇) ကာလ အတွင်း ပေါင် ၁၅ သန်းထက် ပိုမို စွာ အရှုံးပေါ်ခဲ့ပါတယ်။
တရုတ်လူမျိုး ဘီလီယံနာ သူဌေး လီယောင်ဟောင် ပိုင်ဆိုင်တဲ့ အေစီမီလန် အသင်းဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းကျော် အရှုံးပေါ်နေကြောင်း UEFA ရဲ့ ဘဏ္ဍာရေး စစ်တမ်းအရသိရှိရပါတယ်။
အေစီမီလန်အသင်းဟာ သူတို ့အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ အဆင်ပြေပါတယ် လို ့UEFA ကို အသနားခံ လျှောက်လွှဲချက် ပေးပို ့ခဲ့သော်လည်း UEFA က ပယ်ချခဲ့ပါတယ်။
အဆိုပါ ကြီးလေးတဲ့ ပြစ်ဒဏ် ကို အားကစားခုံရုံးဖြစ်တဲ့ Lausanne-based of Arbitration for Sports (CAS) က ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
မနှစ်ရာသီ စီရီအေမှာ အဆင့် ၆ ရခဲ့ တဲ့ အေစီမီလန် အသင်းဟာ ယူရိုပါလိပ် ဝင်ခွင့်ရရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ရာသီ မတိုင်ခင်ထိတော့ ဥရောပပြိုင်ပွဲတွေကို ပါဝင်ကစားရမှာ မဟုတ်ကြောင်း သိရပါတယ်။
#TheSun
#FridayFlavors
Post a Comment