#FridayFlavors
မာဆေးဆိုဒ်ကိုရောက်ရှိလာပြီဖြစ်တဲ့ နဘီကီတာ
လီဗာပူးအသင်းဟာ မနှစ်ရာသီထဲက ခေါ်ယူဖို ့သဘောတူညီမှု ရရှိခဲ့ထားတဲ့ ဘွန်ဒက်စ်လီဒါ ကလပ် RB Leipzig ကွင်းလယ်ကစားသမား နဘီကီတာဟာ လီဗာပူးအသင်းရှိရာ မာဆေးဆိုဒ် ဆီရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဂျာဂန်ကလော့ဟာ နဘီကီတာ ကိုခေါ်ယူဖို ့ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းကျော်အထိ သုံးစွဲခဲ့တာဖြစ်ပြီး မနှစ်ရာသီထဲက ခေါ်ယူဖို ့သဘောတူညီခဲ့တာဖြစ်ပါတယ်။
ဒါပင်မယ့် အပြီးအသတ်အပြောင်းအရွှေ ့ဖြစ်မြောက်ဖို ့လီဗာပူးအသင်းဟာ ၁နှစ်ကြာစောင့်ဆိုင်းခဲ့ရတာပဲဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂွာနီးယန်း ကစားသမားကီတာဟာ ကလော့ ရဲ့ အားထားရမယ့်ကစားသမား ဖြစ်လာလိမ့်မယ်လို ့အသင်းပရိတ်သတ်များက သတ်မှတ်ထားနေကြတာပဲဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ဂျာမနီကွင်းလယ်လူ အီမာချန်ဟာ ဂျူဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ ့ကြေးဖြင့် ပြောင်းရွှေ ့ခဲ့ပြီးနောက် လီဗာပူး အသင်းဟာ ကွင်းလယ်လူ နေရာအတွက် ပိုမို အင်အားဖြည့်တင်းလာတာပဲဖြစ်ပါတယ်။
ဒီရာသီ ပထမဦးဆုံး ခေါ်ယူမှုအဖြစ် မိုနာကို ကွင်းလယ်ခံစားကစားသမား ဖာဘင်ဟို ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။
#FridayFlavors
Post a Comment