မက္ဆီေကာင္းေကာင္းမစားႏိုင္တာအသင္းေဖာ္ေတြေၾကာင့္ပါ။
အာဂ်င္တီးနား နည္းျပ ဆမ္ပါအိုလီက မေန ့ည ကခ႐ိုေအးရွားအသင္းကို ရံႈးနိမ့္ခဲ့တဲ့ ပြဲမွာ အသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီ ေျခစြမ္းျပကစားဖို ့႐ုန္းကန္ ကစားရတာဟာ အသင္းရဲ႕ အျခားကစားသမားေတြရဲ႕ေျခစြမ္းဟာ လံုလံုေလာက္ေလာက္ မေကာင္းခဲ့လို ့ျဖစ္ေၾကာင္း ေဝဖန္လိုက္ပါတယ္။
နည္းျပ ဆမ္ပါအိုလီကေတာ့ မက္ဆီရဲ႕ ေျခစြမ္းကိုေဝဖန္မယ့္အစား သူ ့အသင္းသားေတြရဲ႕ ေျခစြမ္းမလံုေလာက္မႈ ကိုအျပစ္တင္ခဲ့ပါတယ္။
"အာဂ်င္တီးနား အသင္းရဲ႕ လူစာရင္းေၾကာင့္ေနမွာပါ။ သူတို ့ဟာ မက္ဆီရဲ႕ ေျခစြမ္းေကာင္းေတြကို တိမ္ဖံုးသလို ဖုံကြယ္ထားလိုက္သေယာင္ျဖစ္ေနပါတယ္။ မက္ဆီ ဆိုတာလည္း အကန္ ့အသတ္ရွိပါတယ္။ တကယ္ဆို အသင္းေဖာ္ေတြဟာ သူနဲ႔ အတူတူ ႐ုပ္လံုးေပၚ ေအာင္ေပါင္းစည္းကစားရမွာပါ။ အခုေတာ့မလုပ္ႏိုင္ခဲ့ၾကပါဘူး။"
"ကာဘယ္လီယို ကို အျပစ္တင္ၾကဖို ့မလိုပါဘူး။"
" ကၽြန္ေတာ္ တစ္ဖက္အသင္းကို ဖိအားေပးကစားဖို ့ျပင္ဆင္လာခဲ့တာပါ။ ဒါပင္မယ့္ ပထမဂိုးေပးလိုက္ရေတာ့ ကၽြန္ေတာ္တို ့ရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြေပ်ာက္ဆံုးသြားခဲ့ပါတယ္။"
"ကၽြန္ေတာ္တို႔ အသင္းရဲ ့ေမာင္းႏွင္အား က မက္ဆီပါ။ဒါမယ့္ သူ ့ကို ကၽြန္ေတာ္တို ့ရွာမေတြ ့ခဲ့ပါဘူး။ လီယြန္နယ္မက္ဆီ ဆီေဘာလံုးပို ့ေပးဖို ့ႀကိဳးစားတဲ့ အသင္း ဟာ ကၽြန္ေတာ္တို ့အသင္းျဖစ္ၿပီး အျခားအသင္းေတြကေတာ့ အဲ့လိုေတြ မလုပ္ပါဘူး။"
"ဒါဟာ ရွက္စရာေကာင္းပါတယ္။ နာက်င္စရာေကာင္းပါတယ္။ အာဂ်င္တီးနားလူမ်ိဳးေတြအတြက္ မထိုက္တန္ပါဘူး။ ကၽြန္ေတာ္ဒီလိုမခံစားေနတာ ၾကာခဲ့ပါဘူး။အခုေတာ့ ႏိုင္ငံအက်ႌ ဝတ္ၿပီး ခံစားေနရပါၿပီ။ ဆိုးဆိုးရြားရြား ခံစားလိုက္ရပါတယ္။"
" ကၽြန္ေတာ္ တို ့၁ပြဲက်န္ေသးတယ္။ ကၽြန္ေတာ္တို ့ေနာက္တစ္ဆင့္တက္ဖို ့ဘယ္အခြင့္အေရး မဆို အသံုးခ်ဖို ့ႀကိဳးစားသြားမွာပါ။"
"႐ုရွားႏိုင္ငံကို လာေရာက္ၿပီး တစ္ခဲနက္အားေပးခဲ့ၾကတဲ့ အာဂ်င္တီးနား ပရိတ္သတ္ေတြကို ေတာင္းပန္ပါတယ္လို ့ေျပာခ်င္ပါတယ္။ကၽြန္ေတာ္သူတို ့ရဲ႕ အိပ္မက္ေတြကို ေဝမွ်ခဲ့ေပးပါတယ္။ ကၽြန္ေတာ္တက္ႏိုင္သေလာက္အေကာင္းဆံုးလုပ္ေဆာင္ခဲ့ပါတယ္။" လို ့ဆိုသြားပါတယ္။
#DailyMail
#FridayFlavors
မက်ဆီကောင်းကောင်းမစားနိုင်တာအသင်းဖော်တွေကြောင့်ပါ။
အာဂျင်တီးနား နည်းပြ ဆမ်ပါအိုလီက မနေ ့ည ကခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီ ခြေစွမ်းပြကစားဖို ့ရုန်းကန် ကစားရတာဟာ အသင်းရဲ့ အခြားကစားသမားတွေရဲ့ခြေစွမ်းဟာ လုံလုံလောက်လောက် မကောင်းခဲ့လို ့ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။
နည်းပြ ဆမ်ပါအိုလီကတော့ မက်ဆီရဲ့ ခြေစွမ်းကိုဝေဖန်မယ့်အစား သူ ့အသင်းသားတွေရဲ့ ခြေစွမ်းမလုံလောက်မှု ကိုအပြစ်တင်ခဲ့ပါတယ်။
"အာဂျင်တီးနား အသင်းရဲ့ လူစာရင်းကြောင့်နေမှာပါ။ သူတို ့ဟာ မက်ဆီရဲ့ ခြေစွမ်းကောင်းတွေကို တိမ်ဖုံးသလို ဖုံကွယ်ထားလိုက်သယောင်ဖြစ်နေပါတယ်။ မက်ဆီ ဆိုတာလည်း အကန် ့အသတ်ရှိပါတယ်။ တကယ်ဆို အသင်းဖော်တွေဟာ သူနဲ့ အတူတူ ရုပ်လုံးပေါ် အောင်ပေါင်းစည်းကစားရမှာပါ။ အခုတော့မလုပ်နိုင်ခဲ့ကြပါဘူး။"
"ကာဘယ်လီယို ကို အပြစ်တင်ကြဖို ့မလိုပါဘူး။"
" ကျွန်တော် တစ်ဖက်အသင်းကို ဖိအားပေးကစားဖို ့ပြင်ဆင်လာခဲ့တာပါ။ ဒါပင်မယ့် ပထမဂိုးပေးလိုက်ရတော့ ကျွန်တော်တို ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပျောက်ဆုံးသွားခဲ့ပါတယ်။"
"ကျွန်တော်တို့ အသင်းရဲ ့မောင်းနှင်အား က မက်ဆီပါ။ဒါမယ့် သူ ့ကို ကျွန်တော်တို ့ရှာမတွေ ့ခဲ့ပါဘူး။ လီယွန်နယ်မက်ဆီ ဆီဘောလုံးပို ့ပေးဖို ့ကြိုးစားတဲ့ အသင်း ဟာ ကျွန်တော်တို ့အသင်းဖြစ်ပြီး အခြားအသင်းတွေကတော့ အဲ့လိုတွေ မလုပ်ပါဘူး။"
"ဒါဟာ ရှက်စရာကောင်းပါတယ်။ နာကျင်စရာကောင်းပါတယ်။ အာဂျင်တီးနားလူမျိုးတွေအတွက် မထိုက်တန်ပါဘူး။ ကျွန်တော်ဒီလိုမခံစားနေတာ ကြာခဲ့ပါဘူး။အခုတော့ နိုင်ငံအကျႌ ဝတ်ပြီး ခံစားနေရပါပြီ။ ဆိုးဆိုးရွားရွား ခံစားလိုက်ရပါတယ်။"
" ကျွန်တော် တို ့၁ပွဲကျန်သေးတယ်။ ကျွန်တော်တို ့နောက်တစ်ဆင့်တက်ဖို ့ဘယ်အခွင့်အရေး မဆို အသုံးချဖို ့ကြိုးစားသွားမှာပါ။"
"ရုရှားနိုင်ငံကို လာရောက်ပြီး တစ်ခဲနက်အားပေးခဲ့ကြတဲ့ အာဂျင်တီးနား ပရိတ်သတ်တွေကို တောင်းပန်ပါတယ်လို ့ပြောချင်ပါတယ်။ကျွန်တော်သူတို ့ရဲ့ အိပ်မက်တွေကို ဝေမျှခဲ့ပေးပါတယ်။ ကျွန်တော်တက်နိုင်သလောက်အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။" လို ့ဆိုသွားပါတယ်။
#DailyMail
#FridayFlavors
Post a Comment