ဖယ္ကီရာ အတြက္ ေမာ္ရင္ဟိုနဲ႔ အတူေဆြးေႏြးေနတယ္လို ့ဆိုလိုက္တဲ့ လိုင္ယြန္ဥကၠဌ
လိုင္ယြန္း အသင္းဥကၠဌ ဂ်င္းမိုက္ကယ္ေအာလက္စ္ က အသင္းကစားသမား ဖယ္ကီရာကို ယူနိုက္တက္အသင္းထံေရာင္းခ်ဖို ့ နည္းျပေမာ္ရင္ဟို နဲ႔ ေဆြးေႏြးညႇိ ့ႏွိုင္းမႈ အၾကာႀကီးျပဳလုပ္ခဲ့ၿပီး ျဖစ္ေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။
လီဗာပူး အသင္းရဲ့ အဓိက ပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဖယ္ကီရာ ကို လီဗာပူး အသင္းက အေျပာင္းအေရႊ ့ရာသီ စဖြင့္ထဲ က အႀကိမ္ႀကိမ္ ညႇိ ့ႏွိုင္းေနတာျဖစ္ၿပီး ဖယ္ကီရာ လီဗာပူးကိုေရာက္ၿပီဆိုတဲ့ သတင္းေတြဟာ ေန ့တိုင္းနီးပါး ေတြ ့ျမင္ၾကရတာပဲျဖစ္ပါတယ္။
ဒါပင္မယ့္လည္း လိုင္ယြန္ဥကၠဌ ဂ်င္းမိုက္ကယ္ေအာလက္စ္ ေျပာၾကားခဲ့တာကေတာ့
" ကၽြန္ေတာ္ အရင္ရက္ေတြက ေမာ္ရင္ဟို နဲ ့အတူတူရွိခဲ့ ၿပီး ကၽြန္ေတာ္တို ့ေတြ အခ်ိန္ေတာ္ေတာ္ၾကာ ေဆြးေႏြးခဲ့ၾကပါတယ္။" လို ့beIN Sports ကို ေျပာၾကားခဲ့ပါတယ္။
လီဗာပူး အသင္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၁၄၀၀၀၀ ျဖင့္ ၅ ႏွစ္စာ သေဘာတူညီမႈရေနၿပီ လို ့သတင္းေတြ ထြက္ေပၚေနတဲ့ ဖယ္ကီရာကို ဂ်ာဂန္ကေလာ့ က အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ေကာ္တင္ဟို ေနရာ ေရရွည္အစားထိုးလိုေနတာပဲျဖစ္ပါတယ္။
ဒါပင္မယ့္လည္း ယူနိုက္တက္နည္းၿပ ေမာ္ရင္ဟိုဟာ ျပင္သစ္ ကစားသမား PlayMaker တစ္ဦးျဖစ္တဲ့ ဖယ္ကီရာ ကို အသင္းရဲ့ လစ္လွပ္ေနတဲ့ နံပါတ္ ၁၀ ေနရာ မွာ ကစားေစဖို ့ရည္ရြယ္လာတာပဲျဖစ္ပါတယ္။
ဆက္လက္ၿပီး ဂ်င္းမိုက္ကယ္က
" အတြင္းစကား ေျပာရရင္ ကၽြန္ေတာ္ လီဗာပူးအသင္းနဲ႔ ေဆြးေႏြးမညႇိ ့ႏွိုင္းေတာ့ပါဘူး။ သူတို ့အသင္းဟာ ေဆြးေႏြး ညႇိ ့ႏွိုင္းတာ ကို အခ်ိန္သိပ္ယူလြန္းပါတယ္။ အခုအခ်ိန္မွာေတာ့ ဖယ္ကီရာ နဲ႔ ျပင္သစ္တို ့ရဲ့ ကမၻာ ့ဖလားစြမ္းေဆာင္ရည္ေတြကို ပဲ ေစာင့္ဆိုင္းေနပါတယ္။" လို ့ဆိုသြားပါတယ္။
မႏွစ္က လိုင္ယြန္အသင္းအတြက္ ၂၃ ဂိုးထိသြင္းယူေပးထားတဲ့ ဖယ္ကီရာ တစ္ေယာက္ လီဗာပူး ကိုပဲ ေရာက္သြားမလား ဒါမွမဟုတ္ ယူနိုက္တက္ နဲ႔ ပူးေပါင္းမလား ကစားသမား အေပၚမူတည္ေနၿပီျဖစ္ပါတယ္။
#MailOnline
#FridayFlavors
ဖယ်ကီရာ ကိုခေါ်ယူဖို ့မော်ရင်ဟိုနဲ့ အတူဆွေးနွေးနေတယ်လို ့ဆိုလိုက်တဲ့ လိုင်ယွန်ဥက္ကဌ
လိုင်ယွန်း အသင်းဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ် က အသင်းကစားသမား ဖယ်ကီရာကို ယူနိုက်တက်အသင်းထံရောင်းချဖို ့ နည်းပြမော်ရင်ဟို နဲ့ ဆွေးနွေးညှိ ့နှိုင်းမှု အကြာကြီးပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူး အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဖယ်ကီရာ ကို လီဗာပူး အသင်းက အပြောင်းအရွှေ ့ရာသီ စဖွင့်ထဲ က အကြိမ်ကြိမ် ညှိ ့နှိုင်းနေတာဖြစ်ပြီး ဖယ်ကီရာ လီဗာပူးကိုရောက်ပြီဆိုတဲ့ သတင်းတွေဟာ နေ ့တိုင်းနီးပါး တွေ ့မြင်ကြရတာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း လိုင်ယွန်ဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ် ပြောကြားခဲ့တာကတော့
" ကျွန်တော် အရင်ရက်တွေက မော်ရင်ဟို နဲ ့အတူတူရှိခဲ့ ပြီး ကျွန်တော်တို ့တွေ အချိန်တော်တော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။" လို ့beIN Sports ကို ပြောကြားခဲ့ပါတယ်။
လီဗာပူး အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဖြင့် ၅ နှစ်စာ သဘောတူညီမှုရနေပြီ လို ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဖယ်ကီရာကို ဂျာဂန်ကလော့ က အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကော်တင်ဟို နေရာ ရေရှည်အစားထိုးလိုနေတာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ ပြင်သစ် ကစားသမား PlayMaker တစ်ဦးဖြစ်တဲ့ ဖယ်ကီရာ ကို အသင်းရဲ့ လစ်လှပ်နေတဲ့ နံပါတ် ၁၀ နေရာ မှာ ကစားစေဖို ့ရည်ရွယ်လာတာပဲဖြစ်ပါတယ်။
ဆက်လက်ပြီး ဂျင်းမိုက်ကယ်က
" အတွင်းစကား ပြောရရင် ကျွန်တော် လီဗာပူးအသင်းနဲ့ ဆွေးနွေးမညှိ ့နှိုင်းတော့ပါဘူး။ သူတို ့အသင်းဟာ ဆွေးနွေး ညှိ ့နှိုင်းတာ ကို အချိန်သိပ်ယူလွန်းပါတယ်။ အခုအချိန်မှာတော့ ဖယ်ကီရာ နဲ့ ပြင်သစ်တို ့ရဲ့ ကမ္ဘာ ့ဖလားစွမ်းဆောင်ရည်တွေကို ပဲ စောင့်ဆိုင်းနေပါတယ်။" လို ့ဆိုသွားပါတယ်။
မနှစ်က လိုင်ယွန်အသင်းအတွက် ၂၃ ဂိုးထိသွင်းယူပေးထားတဲ့ ဖယ်ကီရာ တစ်ယောက် လီဗာပူး ကိုပဲ ရောက်သွားမလား ဒါမှမဟုတ် ယူနိုက်တက် နဲ့ ပူးပေါင်းမလား ကစားသမား အပေါ်မူတည်နေပြီဖြစ်ပါတယ်။
#MailOnline
#FridayFlavors
Post a Comment