မာဆယ္လိုရဲ႕ ဒဏ္ရာဟာေဟာ္တယ္ေမြ ့ရာေၾကာင့္လို ့ဘရာဇီးေဆးအဖြဲ႕ အတည္ျပဳ
ဗုဒၶဟူးေန ့ညက ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ဘရာဇီး ၂-၀ ဆာဘီးယား ပြဲမွာ ဘရာဇီး ဘယ္ေနာက္ခံလူ မာဆယ္လိုဟာ ႂကြက္သား အေၾကာဆြဲဒဏ္ရာရရွိခဲ့ ၿပီး ဖီလစ္ပီလူဝစ္နဲ႔ လူစားလဲခဲ့ရပါတယ္။
ဘရာဇီး အသင္းဟာ အုပ္စု ဗိုလ္ ျဖင့္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားခဲ့ၿပီး မကၠစီကို အသင္းနဲ႔ ေတြ ့ဆံုေနတာပဲျဖစ္ပါတယ္။
ဘရာဇီး ေနာက္ခံလူ မာဆယ္လို ဟာဒဏ္ရာျပႆနာေၾကာင့္ အဆိုပါပြဲမွာ အေစာပိုင္းထဲက ထြက္ခြာသြားခဲ့ၿပီး ဘရာဇီး ေဆးအဖြဲ႕ ကေတာ့ မာဆယ္လိုရဲ႕ ဒဏ္ရာ ဟာ သူအိပ္တဲ့ ေမြ ့ရာေၾကာင့္ ျဖစ္တယ္လို ့သိရပါတယ္။
မာဆယ္လိုဟာ ႂကြက္သား အေၾကာဆြဲတဲ့ ဒဏ္ရာ ခံစားခဲ့ရတာ ျဖစ္ၿပီး ဒီလိုဒဏ္ရာ မ်ိဳးဟာ ကစားသမားေတြၾကား မွာ တစ္ခါတစ္ေလျဖစ္တတ္ေၾကာင္းသိရပါတယ္။
ဘရာဇီးအသင္းေဆးဆရာဝန္ ႐ိုဒရီဂိုလက္စမာက
" ဒါဟာ ေမြ ့ရာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သူ ေမာ္စကို မွာ အိပ္ခဲ့တဲ့ ေမြ ့ရာ ဟာအရမ္း ေပ်ာ့ေပ်ာင္းလြန္းလို ့ ျဖစ္ခဲ့တာေနမွာပါ။အဲ့ လို အိပ္မယ္ဆို ေပါင္ မွာ ရွိတဲ့ ႂကြက္သားေတြဟာ အေၾကာဆြဲသလို ျဖစ္သြားတတ္ပါတယ္။ဘယ္လိုဆက္ျဖစ္လာမလဲေတာ့ ကၽြန္ေတာ့္တို ့ေစာင့္ၾကည့္ရပါမယ္။ ဒါပင့္မယ့္ အခုေလာေလာဆယ္ေတာ့ ေနာက္ပြဲမွာပါဖို ့အေျခအေနေကာင္းေနပါတယ္။" လို ့ေျပာၾကားသြားပါတယ္။
မာဆယ္လိုက သူ ့အေပၚ စိုးရိမ္ေနၾကတဲ့ ပရိတ္သတ္ေတြအတြက္ တြစ္တာအေကာင့္မွာ အခုလိုတင္ထားပါတယ္။
" မက္ေဆ့ခ်္ေတြအားလံုးအတြက္ေက်းဇူးတင္ပါတယ္။ မၾကာမီအခ်ိန္ အနည္းငယ္အတြင္း ကၽြန္ေတာ္ျပန္လာမွာပါ။ အရမ္းႀကီး မဆိုးရြားခဲ့လို ့ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ ႏိုင္ပြဲေတြအတြက္လည္း အရမ္းေပ်ာ္ပါတယ္။" လို ့ေရးသားခဲ့ေၾကာင္းသိရပါတယ္။
မာဆယ္လို ရဲ႕ ဘရာဇီး အသင္းဟာ လာမယ့္ ၂.၇.၂၀၁၈ မွာ ၁၆ သင္းရံႈးထြက္ပြဲစဥ္အျဖစ္ မကၠစီကို အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။
#Mailonline
#FridayFlavors
မာဆယ်လိုရဲ့ ဒဏ်ရာဟာဟော်တယ်မွေ ့ရာကြောင့်လို ့ဘရာဇီးဆေးအဖွဲ့ အတည်ပြု
ဗုဒ္ဓဟူးနေ ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရာဇီး ၂-၀ ဆာဘီးယား ပွဲမှာ ဘရာဇီး ဘယ်နောက်ခံလူ မာဆယ်လိုဟာ ကြွက်သား အကြောဆွဲဒဏ်ရာရရှိခဲ့ ပြီး ဖီလစ်ပီလူဝစ်နဲ့ လူစားလဲခဲ့ရပါတယ်။
ဘရာဇီး အသင်းဟာ အုပ်စု ဗိုလ် ဖြင့် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီး မက္ကစီကို အသင်းနဲ့ တွေ ့ဆုံနေတာပဲဖြစ်ပါတယ်။
ဘရာဇီး နောက်ခံလူ မာဆယ်လို ဟာဒဏ်ရာပြဿနာကြောင့် အဆိုပါပွဲမှာ အစောပိုင်းထဲက ထွက်ခွာသွားခဲ့ပြီး ဘရာဇီး ဆေးအဖွဲ့ ကတော့ မာဆယ်လိုရဲ့ ဒဏ်ရာ ဟာ သူအိပ်တဲ့ မွေ ့ရာကြောင့် ဖြစ်တယ်လို ့သိရပါတယ်။
မာဆယ်လိုဟာ ကြွက်သား အကြောဆွဲတဲ့ ဒဏ်ရာ ခံစားခဲ့ရတာ ဖြစ်ပြီး ဒီလိုဒဏ်ရာ မျိုးဟာ ကစားသမားတွေကြား မှာ တစ်ခါတစ်လေဖြစ်တတ်ကြောင်းသိရပါတယ်။
ဘရာဇီးအသင်းဆေးဆရာဝန် ရိုဒရီဂိုလက်စမာက
" ဒါဟာ မွေ ့ရာကြောင့် ဖြစ်နိုင်ပါတယ်။ သူ မော်စကို မှာ အိပ်ခဲ့တဲ့ မွေ ့ရာ ဟာအရမ်း ပျော့ပျောင်းလွန်းလို ့ ဖြစ်ခဲ့တာနေမှာပါ။အဲ့ လို အိပ်မယ်ဆို ပေါင် မှာ ရှိတဲ့ ကြွက်သားတွေဟာ အကြောဆွဲသလို ဖြစ်သွားတတ်ပါတယ်။ဘယ်လိုဆက်ဖြစ်လာမလဲတော့ ကျွန်တော့်တို ့စောင့်ကြည့်ရပါမယ်။ ဒါပင့်မယ့် အခုလောလောဆယ်တော့ နောက်ပွဲမှာပါဖို ့အခြေအနေကောင်းနေပါတယ်။" လို ့ပြောကြားသွားပါတယ်။
မာဆယ်လိုက သူ ့အပေါ် စိုးရိမ်နေကြတဲ့ ပရိတ်သတ်တွေအတွက် တွစ်တာအကောင့်မှာ အခုလိုတင်ထားပါတယ်။
" မက်ဆေ့ချ်တွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ မကြာမီအချိန် အနည်းငယ်အတွင်း ကျွန်တော်ပြန်လာမှာပါ။ အရမ်းကြီး မဆိုးရွားခဲ့လို ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နိုင်ပွဲတွေအတွက်လည်း အရမ်းပျော်ပါတယ်။" လို ့ရေးသားခဲ့ကြောင်းသိရပါတယ်။
မာဆယ်လို ရဲ့ ဘရာဇီး အသင်းဟာ လာမယ့် ၂.၇.၂၀၁၈ မှာ ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် မက္ကစီကို အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
#Mailonline
#FridayFlavors
Post a Comment