Goal.com က ထုတ္ျပန္တဲ့ ၂၀၁၈ ကမာၻ ့ဖလားအုပ္စုအဆင့္အေကာင္းဆံုးလူစာရင္း၁၁ေယာက္
ကမာၻ ့ဖလားၿပိဳင္ပြဲ အုုပ္စုပြဲစဥ္ေတြ အားလံုးၿပီးဆံုုးခဲ့ၿပီ ျဖစ္တဲ့ အတြက္ ၁၆ သင္း ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းေတြလည္း ေပၚထြက္ခဲ့ၿပီ ျဖစ္ပါတယ္။
နမည္ေက်ာ္ Goal.Com က အုပ္စုပြဲစဥ္မ်ားအၿပီး အေကာင္းဆံုး လူ၁၁ေယာက္အသင္းကို ေရြးခ်ယ္ထုတ္ျပန္ခဲ့ပါတယ္။
ေရာ္ဘင္အိုဆန္ (ဂိုး ဆြီဒင္)
ဆြီဒင္ အသင္းကို Group F ရဲ ့ အုပ္စုပထမ ျဖစ္ေစခဲ့တဲ့ ေနရာမွာ အိုဆန္ ရဲ႕ လက္စြမ္းျပကာကြယ္မႈေတြေၾကာင့္ဆိုရင္မမွားပါဘူး။ ဂ်ာမနီ အသင္းနဲ႔ ပြဲမွာခက္ခက္ခဲခဲ ကာကြယ္ျပမႈေတြနဲ႔ ေျခစြာတဲ့ မကၠစီကို တို ့ေတာင္ကိုရီးယားတို ့လို အသင္းမ်ိဳးေတြ ေတာင္ သြင္းဂိုး မရခဲ့တဲ့အထိ လက္စြမ္းျပခဲ့တဲ့သူဟာ ေရာ္ဘင္အိုဆန္ ပဲျဖစ္ပါတယ္။
ဒီေယဂိုဂိုဒင္ (ဥ႐ုေဂြး ေနာက္တန္း)
Group A မွာ ဥ႐ုေဂြးအသင္းဟာ ေပးဂိုး အနည္းဆံုးျဖင့္ ခံစစ္အေကာင္းဆံုးအသင္းအျဖစ္ရပ္တည္ႏိုင္တာ သံသယျဖစ္စရာမလိုပါဘူး။ဒီႏွစ္ရာသီ လာလီဂါ ရဲ႕ အေကာင္းဆံုးခံစစ္မွဴးတစ္ဦးျဖစ္ၿပီး တီကို အသင္းေဖာ္ ဂ်ိဳ႕စ္မာရီယာဂီမီနက္စ္နဲ႔ တြဲဖက္ကာ ႏိုင္ငံအသင္းအတြက္ ေျခစြမ္းျပကစားထားတာျဖစ္ၿပီး ၁၆ သင္းအဆင့္မွာေတြ ့ဆံု မယ့္ ေပၚတူဂီ နဲ႔တိုက္စစ္မႉး ေရာ္နယ္ဒို အတြက္ေတာ့ အက်ပ္႐ိုက္စရာျဖစ္ေနပါၿပီ။
မီနာ (ကိုလံဘီယာ ေနာက္တန္း)
ခံစစ္မွာ ေက်ာက္ေဆာင္သဖြယ္ ကစားႏိုင္ရံုမက ပိုလန္ နဲ႔ ဆီနီေဂါတို ့ပြဲမွာ တိုက္စစ္အတြက္ သြင္းဂိုး ၂ဂိုး သြင္းေပးႏိုင္တဲ့ မီနာဟာ Palmeirs အသင္းကေန ဘာစီလိုနာ အသင္းဆီေျပာင္းေရႊ ့လာခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းမွာ ေတာ့ပြဲထြက္ခြင့္သိပ္မရခဲ့ပါဘူး။ ဒါပင္မယ့္ သူ ့ရဲ႕ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ႏိုင္ငံအသင္းနဲ႔ အတူ ျပသေနတာျဖစ္ၿပီး Group H မွာ ကိုလံဘီယာကို အုပ္စုပထမ ျဖစ္ေစခဲ့တဲ့အဓိက ကစားသမား တစ္ဦးဆိုလည္း မမွားပါဘူး။
ဒိုမက္ဂိုဗီဒါ( ခ႐ိုေအးရွား ေနာက္တန္း)
ဘက္ဆစ္တပ္စ္ အသင္းရဲ႕ ေနာက္ခံလူ တစ္ေယာက္ျဖစ္ၿပီး ခ႐ိုေအးရွား အသင္းအတြက္ ၂ပြဲဆက္ Clean Sheet ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ေနာက္ခံလူတစ္ေယာက္ျဖစ္ပါတယ္။ အာဂ်င္တီးနား၊ ႏိုက္ဂ်ီးရီးယား တို ့နဲ႔ ပြဲေတြ မွာ ေပးဂိုးမရွိေအာင္ ဗီဒါက စြမ္းေဆာင္ေပးခဲ့ၿပီး တြဲဖက္ တိုက္စစ္မွဴး လိုဗရန္နဲ႔ အေကာင္းဆံုး နားလည္မႈရွိေနကာ လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ျဖတ္ေက်ာ္ရအခက္ဆံုး ေနာက္တန္းအတြဲေတြထဲမွာ ပါဝင္ေနပါတယ္။
ေကာ္တင္ဟို ( ညာေတာင္ပံ ဘရာဇီး)
လက္ရွိ ဘရာဇီး ေဘာလံုး အေက်ာ္အေမာ္လို ့ဆိုရင္ ေနမာကို ပဲ ၫႊန္းဆိုေနၾကတာ အမွန္ပါပဲ။ လူေတြအားလံုးက ဒဏ္ရာကေန သက္သာလာတဲ့ ေနမာရဲ႕ ေျခစြမ္း ကို ေစာင့္ၾကည့္ေနခ်ိန္မွာေတာ့ ေကာ္တင္ဟို ဟာ အေကာင္းဆံုးေျခစြမ္းျပမႈေတြ နဲ႔ အတူ ဘရာဇီး ကို အုပ္စုပထမျဖစ္ေအာင္ ဆြဲတင္ေပးခဲ့ပါတယ္။ Group E ရဲ႕ နမည္ႀကီး ဘရာဇီးအသင္းဟာ ေနမာေျခစြမ္း မျပႏိုင္တဲ့အခ်ိန္ေကာ္တင္ဟိုရဲ႕ ေတာက္ပလာတဲ့ ေျခစြမ္းအျပင္ သြင္းဂိုးေတြေၾကာင့္ အုပ္စု ပထမ ျဖစ္သြားခဲ့ပါတယ္။
ကန္တီ (ကြင္းလယ္ ျပင္သစ္)
ျပင္သစ္ အသင္းရဲ႕ ကြင္းလယ္မွာ ကန္တီဟာ အတက္အဆင္းမွန္မွန္နဲ႔ ရဲရဲရင့္ရင့္အဖ်က္ အားေကာင္းမႈေတြ ၊ ျပင္သစ္ အသင္းရဲ႕ ကြင္းလယ္ေမာင္းႏွင္အားတစ္ခု ျဖစ္ရံုမက ခ်ဲလ္ဆီး အသင္းရဲ႕ အားထားရတဲ့ ကြင္းလယ္အဖ်က္ ကစားသမားတစ္ေယာက္ျဖစ္လို ့ေနပါတယ္။ျပင္သစ္အသင္းကိုု ရလဒ္ေကာင္းေတြနဲ ့ျပန္လည္တည္ျငိမ္လာေအာင္ ကန္တီ ထိန္းေၾကာင္းခဲ့တဲ့ဆိုုရင္ မမွားပါဘူး။
လူကာမိုဒရစ္ (ကြင္းလယ္ ခ႐ိုေအးရွား)
ခ႐ိုေအးရွား အသင္းရဲ႕ ကြင္းလယ္ဂ်က္အင္ဂ်င္တစ္လံုး ျဖစ္ရံုမက ရီးရဲလ္ အသင္းရဲ႕ ေမာင္ႏွင္အားတစ္ခုျဖစ္ပါတယ္။ဂႏၲဝင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ ေတြနဲ႔ လွပတိက်တဲ့ ဂိုးကန္သြင္းခ်က္ေတြကို အာဂ်င္တီးနားနဲ႔ ပြဲမွာ ျပသခဲ့ၿပီး မိုဒရစ္သာ ဒီပံုစံအတိုင္း ဆက္ထိန္းထားႏိုင္ရင္ ခ႐ိုေအးရွား အသင္းဟာ လက္ရွိကမာၻ ့ဖလား ၿပိဳင္ပြဲရဲ႕ မေမွ်ာ္လင့္ထားတဲ့ ခ်န္ပီယံအသင္း (Dark Horse) ျဖစ္သြားႏိုင္ပါတယ္။
လိုဇာႏို ( ဘယ္ေတာင္ပံ မကၠစီကို)
မကၠစီကို ရဲ႕ စတားတစ္ေယာက္ျဖစ္လာတဲ့ လိုဇာႏိုဟာ ၿပိဳင္ဘက္ဂိုးဧရိယာမွာ ေၾကာက္စရာေကာင္းတဲ့ လူသတ္သမား တစ္ေယာက္လို ့အမ်ားကတင္စားသတ္မွတ္ထားၾကပါတယ္။ လိုဇာႏို ဟာ ဂ်ာမနီနဲ႔ ပြဲမွာ သူ ့ရဲ႕ အရည္အေသြးကို ျပသခဲ့ၿပီး ေတာင္ကိုရီးယား နဲ႔ ပြဲမွာလည္း အေကာင္းဆံုး ကစားျပခဲ့က သူ ့အသင္း မကၠစီကို ကို ၁၆ သင္းအဆင့္ထိ ဆြဲေခၚသြားခဲ့ပါတယ္။
အစၥကို ( ကြင္းလယ္တိုက္စစ္ စပိန္)
၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ရံႈးပြဲမရွိစံခ်ိန္ကို ရယူထားတဲ့ စပိန္အသင္းဟာ အစၥကိုရဲ႕ ေျခစြမ္းျပမႈေတြေၾကာင့္ဆိုရင္ မမွားပါဘူး။ လွပေသသပ္တဲ့ အလိမ္အေခါက္ေတြနဲ႔ ေမာ္႐ိုကို ပြဲက သြင္းဂိုး ေၾကာင့္ အစၥကို ဟာ လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲ ရဲ႕ ေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦးျဖစ္လာပါတယ္။
ေရာ္နယ္ဒို (ေနာက္ခ်န္တိုက္စစ္မႉး ေပၚတူဂီ)
ႏိုင္ငံအသင္းအတြက္ တာဝန္ အားလံုးကို ပခံုးထမ္းထားတဲ့ သူတစ္ေယာက္၊ ျငင္းခ်က္မရွိ ကမာၻ ့အေကာင္းဆံုး ေဘာလံုးသမား ေရာ္နယ္ဒို ဟာ ေပၚတူဂီ အသင္းအတြက္ သြင္းဂိုး ၄ဂိုးအထိ သြင္းယူ ေပးထားၿပီး ေျခစြမ္းေကာင္းမြန္တဲ့ စပိန္အသင္း နဲ႔ ပြဲမွာေတာင္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ အထိ ေျခစြမ္းျပ ကစားေနပါတယ္။ ေပၚတူဂီ အသင္းကို အုပ္စုတက္ေစတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။
ဟာရီကိန္း( တိုက္စစ္မႉး အဂၤလန္)
လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၅ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆံုးကစားသမားတစ္ေယာက္ဟာ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းပဲျဖစ္ပါတယ္။သူ ့ရဲ႕ အဆံုးသတ္ေသခ်ာမႈ၊ ဂိုးလာဘ္ ျမင္မႈေတြဟာ အဂၤလန္ ပရိတ္သတ္ ေတြ အတြက္ အသင္းေပၚ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးထားေစတဲ့ အဓိက အခ်က္ပဲျဖစ္ပါတယ္။
#Goal
#FridayFlavors
ကမ္ဘာ ့ဖလားပြိုင်ပွဲ အုုပ်စုပွဲစဉ်တွေ အားလုံးပြီးဆုုံးခဲ့ပြီ ဖြစ်တဲ့ အတွက် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေလည်း ပေါ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။
နမည်ကျော် Goal.Com က အုပ်စုပွဲစဉ်များအပြီး အကောင်းဆုံး လူ၁၁ယောက်အသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။
ရော်ဘင်အိုဆန် (ဂိုး ဆွီဒင်)
ဆွီဒင် အသင်းကို Group F ရဲ ့ အုပ်စုပထမ ဖြစ်စေခဲ့တဲ့ နေရာမှာ အိုဆန် ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့်ဆိုရင်မမှားပါဘူး။ ဂျာမနီ အသင်းနဲ့ ပွဲမှာခက်ခက်ခဲခဲ ကာကွယ်ပြမှုတွေနဲ့ ခြေစွာတဲ့ မက္ကစီကို တို ့တောင်ကိုရီးယားတို ့လို အသင်းမျိုးတွေ တောင် သွင်းဂိုး မရခဲ့တဲ့အထိ လက်စွမ်းပြခဲ့တဲ့သူဟာ ရော်ဘင်အိုဆန် ပဲဖြစ်ပါတယ်။
ဒီယေဂိုဂိုဒင် (ဥရုဂွေး နောက်တန်း)
Group A မှာ ဥရုဂွေးအသင်းဟာ ပေးဂိုး အနည်းဆုံးဖြင့် ခံစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နိုင်တာ သံသယဖြစ်စရာမလိုပါဘူး။ဒီနှစ်ရာသီ လာလီဂါ ရဲ့ အကောင်းဆုံးခံစစ်မှူးတစ်ဦးဖြစ်ပြီး တီကို အသင်းဖော် ဂျို့စ်မာရီယာဂီမီနက်စ်နဲ့ တွဲဖက်ကာ နိုင်ငံအသင်းအတွက် ခြေစွမ်းပြကစားထားတာဖြစ်ပြီး ၁၆ သင်းအဆင့်မှာတွေ ့ဆုံ မယ့် ပေါ်တူဂီ နဲ့တိုက်စစ်မှူး ရော်နယ်ဒို အတွက်တော့ အကျပ်ရိုက်စရာဖြစ်နေပါပြီ။
မီနာ (ကိုလံဘီယာ နောက်တန်း)
ခံစစ်မှာ ကျောက်ဆောင်သဖွယ် ကစားနိုင်ရုံမက ပိုလန် နဲ့ ဆီနီဂေါတို ့ပွဲမှာ တိုက်စစ်အတွက် သွင်းဂိုး ၂ဂိုး သွင်းပေးနိုင်တဲ့ မီနာဟာ Palmeirs အသင်းကနေ ဘာစီလိုနာ အသင်းဆီပြောင်းရွှေ ့လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ တော့ပွဲထွက်ခွင့်သိပ်မရခဲ့ပါဘူး။ ဒါပင်မယ့် သူ ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို နိုင်ငံအသင်းနဲ့ အတူ ပြသနေတာဖြစ်ပြီး Group H မှာ ကိုလံဘီယာကို အုပ်စုပထမ ဖြစ်စေခဲ့တဲ့အဓိက ကစားသမား တစ်ဦးဆိုလည်း မမှားပါဘူး။
ဒိုမက်ဂိုဗီဒါ( ခရိုအေးရှား နောက်တန်း)
ဘက်ဆစ်တပ်စ် အသင်းရဲ့ နောက်ခံလူ တစ်ယောက်ဖြစ်ပြီး ခရိုအေးရှား အသင်းအတွက် ၂ပွဲဆက် Clean Sheet ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ အာဂျင်တီးနား၊ နိုက်ဂျီးရီးယား တို ့နဲ့ ပွဲတွေ မှာ ပေးဂိုးမရှိအောင် ဗီဒါက စွမ်းဆောင်ပေးခဲ့ပြီး တွဲဖက် တိုက်စစ်မှူး လိုဗရန်နဲ့ အကောင်းဆုံး နားလည်မှုရှိနေကာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ဖြတ်ကျော်ရအခက်ဆုံး နောက်တန်းအတွဲတွေထဲမှာ ပါဝင်နေပါတယ်။
ကော်တင်ဟို ( ညာတောင်ပံ ဘရာဇီး)
လက်ရှိ ဘရာဇီး ဘောလုံး အကျော်အမော်လို ့ဆိုရင် နေမာကို ပဲ ညွှန်းဆိုနေကြတာ အမှန်ပါပဲ။ လူတွေအားလုံးက ဒဏ်ရာကနေ သက်သာလာတဲ့ နေမာရဲ့ ခြေစွမ်း ကို စောင့်ကြည့်နေချိန်မှာတော့ ကော်တင်ဟို ဟာ အကောင်းဆုံးခြေစွမ်းပြမှုတွေ နဲ့ အတူ ဘရာဇီး ကို အုပ်စုပထမဖြစ်အောင် ဆွဲတင်ပေးခဲ့ပါတယ်။ Group E ရဲ့ နမည်ကြီး ဘရာဇီးအသင်းဟာ နေမာခြေစွမ်း မပြနိုင်တဲ့အချိန်ကော်တင်ဟိုရဲ့ တောက်ပလာတဲ့ ခြေစွမ်းအပြင် သွင်းဂိုးတွေကြောင့် အုပ်စု ပထမ ဖြစ်သွားခဲ့ပါတယ်။
ကန်တီ (ကွင်းလယ် ပြင်သစ်)
ပြင်သစ် အသင်းရဲ့ ကွင်းလယ်မှာ ကန်တီဟာ အတက်အဆင်းမှန်မှန်နဲ့ ရဲရဲရင့်ရင့်အဖျက် အားကောင်းမှုတွေ ၊ ပြင်သစ် အသင်းရဲ့ ကွင်းလယ်မောင်းနှင်အားတစ်ခု ဖြစ်ရုံမက ချဲလ်ဆီး အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ဖြစ်လို ့နေပါတယ်။ပြင်သစ်အသင်းကိုု ရလဒ်ကောင်းတွေနဲ ့ပြန်လည်တည်ငြိမ်လာအောင် ကန်တီ ထိန်းကြောင်းခဲ့တဲ့ဆိုုရင် မမှားပါဘူး။
လူကာမိုဒရစ် (ကွင်းလယ် ခရိုအေးရှား)
ခရိုအေးရှား အသင်းရဲ့ ကွင်းလယ်ဂျက်အင်ဂျင်တစ်လုံး ဖြစ်ရုံမက ရီးရဲလ် အသင်းရဲ့ မောင်နှင်အားတစ်ခုဖြစ်ပါတယ်။ဂန္တဝင်မြောက်တဲ့ စွမ်းဆောင်ရည် တွေနဲ့ လှပတိကျတဲ့ ဂိုးကန်သွင်းချက်တွေကို အာဂျင်တီးနားနဲ့ ပွဲမှာ ပြသခဲ့ပြီး မိုဒရစ်သာ ဒီပုံစံအတိုင်း ဆက်ထိန်းထားနိုင်ရင် ခရိုအေးရှား အသင်းဟာ လက်ရှိကမ္ဘာ ့ဖလား ပြိုင်ပွဲရဲ့ မမျှော်လင့်ထားတဲ့ ချန်ပီယံအသင်း (Dark Horse) ဖြစ်သွားနိုင်ပါတယ်။
လိုဇာနို ( ဘယ်တောင်ပံ မက္ကစီကို)
မက္ကစီကို ရဲ့ စတားတစ်ယောက်ဖြစ်လာတဲ့ လိုဇာနိုဟာ ပြိုင်ဘက်ဂိုးဧရိယာမှာ ကြောက်စရာကောင်းတဲ့ လူသတ်သမား တစ်ယောက်လို ့အများကတင်စားသတ်မှတ်ထားကြပါတယ်။ လိုဇာနို ဟာ ဂျာမနီနဲ့ ပွဲမှာ သူ ့ရဲ့ အရည်အသွေးကို ပြသခဲ့ပြီး တောင်ကိုရီးယား နဲ့ ပွဲမှာလည်း အကောင်းဆုံး ကစားပြခဲ့က သူ ့အသင်း မက္ကစီကို ကို ၁၆ သင်းအဆင့်ထိ ဆွဲခေါ်သွားခဲ့ပါတယ်။
အစ္စကို ( ကွင်းလယ်တိုက်စစ် စပိန်)
၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ရယူထားတဲ့ စပိန်အသင်းဟာ အစ္စကိုရဲ့ ခြေစွမ်းပြမှုတွေကြောင့်ဆိုရင် မမှားပါဘူး။ လှပသေသပ်တဲ့ အလိမ်အခေါက်တွေနဲ့ မော်ရိုကို ပွဲက သွင်းဂိုး ကြောင့် အစ္စကို ဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲ ရဲ့ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးဖြစ်လာပါတယ်။
ရော်နယ်ဒို (နောက်ချန်တိုက်စစ်မှူး ပေါ်တူဂီ)
နိုင်ငံအသင်းအတွက် တာဝန် အားလုံးကို ပခုံးထမ်းထားတဲ့ သူတစ်ယောက်၊ ငြင်းချက်မရှိ ကမ္ဘာ ့အကောင်းဆုံး ဘောလုံးသမား ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်းအတွက် သွင်းဂိုး ၄ဂိုးအထိ သွင်းယူ ပေးထားပြီး ခြေစွမ်းကောင်းမွန်တဲ့ စပိန်အသင်း နဲ့ ပွဲမှာတောင် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြ ကစားနေပါတယ်။ ပေါ်တူဂီ အသင်းကို အုပ်စုတက်စေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ဟာရီကိန်း( တိုက်စစ်မှူး အင်္ဂလန်)
လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဟာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းပဲဖြစ်ပါတယ်။သူ ့ရဲ့ အဆုံးသတ်သေချာမှု၊ ဂိုးလာဘ် မြင်မှုတွေဟာ အင်္ဂလန် ပရိတ်သတ် တွေ အတွက် အသင်းပေါ် မျှော်လင့်ချက် ကြီးကြီးထားစေတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။
#Goal
#FridayFlavors
Post a Comment