နွစ္၈၀ ၾကာ အုပ္စုအဆင့္ကေန မထြက္ခဲ့ရတဲ့ ဂ်ာမနီ အသင္း စံခ်ိန္ေကာင္းပ်က္ၿပဲ ခဲ့ၿပီ။
Group F ရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ဂ်ာမနီ အသင္း နဲ႔ ေတာင္ကိုရီးယား တို ့ပြဲစဥ္မွာ ေတာ့ ေတာင္ကိုရီးယား အသင္းဟာ ဂ်ာမနီအသင္း ကိုုအခ်ိန္ပို သြင္းဂိုး ၂ဂိုးျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။
တကယ့္ကို မထင္ထားတဲ့ ရလဒ္တစ္ခု ျဖစ္ၿပီး ၂၀၁၀ ကမာၻ ့ဖလား ခ်န္ပီယံႀကီး ရဲ႕ အံၾသသင့္ဖြယ္ ရံႈးနိမ့္မႈ ျဖစ္ခဲ့ပါၿပီ။
၁၆ သင္း အဆင့္တက္ဖို ့ အနီးကပ္ဆံုး ၿပိဳင္ဘက္ျဖစ္တဲ့ မကၠစီကို အသင္းဟာ ၃-၀ ျဖင့္ အေရးနိမ့္ေနခဲ့ခ်ိန္မွာေတာင္ ေတာင္ကိုရီးယား ကိုု ၁-၀ အႏိုင္ရယံုျဖင့္ ဂိုးကြာျခားခ်က္ အသာ နဲ႔ ဂ်ာမနီ အသင္းဟာ ဒုတိယေနရာကေန ေသခ်ာေပါက္ ေနာက္တစ္ဆင့္တက္ႏိုင္မွာပါ။
ဒါပင္မယ့္ လည္း ေဘာလံုးဆိုတာ အလံုးႀကီးပါလို ့ဆိုတဲ့ အတိုင္းပါပဲ။ ဘာမဆိုျဖစ္သြားႏိုင္တယ္ဆိုတာ တကယ္ေသခ်ာေနပါတယ္။
ဘာမွ ေမ်ာ္လင့္ခ်က္မရွိေတာ့တဲ့ ေတာင္ကိုရီးယားလို အသင္းဟာ အားကစားစိတ္ဓာတ္ အျပည့္နဲ႔ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ အတြက္ ေရကုန္ေရခန္း ကန္သြားတာ ကို ခ်ီးက်ဴးရမွာ ျဖစ္ၿပီး ဂိုး ရႏိုင္တဲ့ အခြင့္အေရး ေတြကို ျဖဳန္းတီးခဲ့တဲ့ ဂ်ာမနီ အသင္းကိုေတာ့ အျပစ္တင္ရေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္ ၁၉၃၈ ခုႏွစ္ထဲက အခုအခ်ိန္ထိ ႏွစ္ေပါင္း ၈၀ ၾကာ ကမာၻ ့ဖလားၿပိဳင္ပြဲ အုပ္စု အဆင့္ကေန လွည့္မျပန္ရေသးတဲ့ ဂ်ာမနီ အသင္းဟာ အခုအခ်ိန္မွာ ေတာ့ စံခ်ိန္ေကာင္းကို ႐ိုက္ခ်ိဳးခံလိုက္ရၿပီျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၄ႏွစ္က ဘရာဇီး ကမာၻ ့ဖလားၿပိဳင္ပြဲမွာ အိမ္ရွင္ဘရာဇီး အသင္းကို ၇-၁ နဲ႔ အႏိုင္ရခဲ့ တဲ့ ဂ်ာမနီ ရဲ႕ လွ်မ္းလွ်မ္းေတာက္ ေျခစြမ္းေတြဟာ ေနာက္ထပ္ ၄ႏွစ္အၾကာအခု ေတာင္ကိုရီးယားနဲ႔ပြဲမွာ အေငြ ့ျပန္ေမ့ေလ်ာ ့သြားခဲ့ၿပီျဖစ္ပါတယ္။
ပြဲကစားခ်ိန္ ၉၂ မိနစ္မွာ သြင္းယူခဲ့ တဲ့ ကင္ေယာင္ဂြမ္း ရဲ ့ ဂိုးဟာ လူကၽြံအေနအထားမွာ ရွိေနပင္မယ့္ ဂ်န္ေပးပို ့လိုက္တဲ့ ေဘာလံုးဟာ ဂ်ာမနီေနာက္ခံလူ ဇူးလာ ရဲ႕ ေျခေထာက္နဲ ့ထိၿပီးမွ ကင္ေယာင္ဂြမ္းဆီေရာက္ရွိခဲ့တယ္ လို ့ဒိုင္လူႀကီးက VAR အကူအညီ မွ ေတြ ့ရိွခဲ့ၿပီး ဂိုးအျဖစ္သတ္မွတ္ေပးလိုက္ပါတယ္။
၉၈ မိနစ္မွာ ဆြန္ေယာင္မင္ သြင္းခဲ့တဲ့ သြင္းဂိုးဟာလည္း ဂ်ာမနီ တစ္သင္းလံုး ဂိုးသမား ႏူအာပါမက်န္ ေတာင္ကိုရီးယား ဂိုးဧရိယာ ထိပ္ထိ တက္ေရာက္ကာ ဖိအားေပးတိုက္စစ္ဆင္ေနတဲ့ အခ်ိန္မွာ ပဲ တန္ျပန္တိုက္စစ္ ကေန ကန္တင္ေပးလိုက္တဲ့ ေဘာလံုးကို ဆြန္ေယာင္မင္ က ဂိုးသမားႏူအာ မရွိေတာ့တဲ့ ဂိုးေပါက္ထဲကို သြင္းယူသြားခဲ့ပါတယ္။
ဂ်ာမနီ အသင္းဟာ ေသခ်ာေပါက္ဂိုးကန္သြင္းခြင့္ေတြရခဲ့ၿပီး ဂိုးနဲ႔ ၆ကိုက္ေလာက္ အကြာက အပိုင္ ေခါင္းတိုက္ခြင့္၂ၿကိမ္ ရခဲ့တဲ့ ေနာက္ခံလူ မတ္ဟမ္းမဲလ္ဟာ ဆိုးရြားစြာဂိုုးေပါက္ကိုု လြဲေခ်ာ္သြားခဲ့ပါတယ္။
သူဟာ ဘာလင္ကို ျပန္မယ့္ေလယာဥ္ပ်ံေပၚမွာ အိပ္မေပ်ာ္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္မွာ အေသအခ်ာပါပဲ။
ပြဲအၿပီး မွာေတာ့ မတ္ဟမ္းမဲလ္က
" ကၽြန္ေတာ္တို ့အတြက္ ဂ်ာမန္ေဘာလံုးေလာကအတြက္ ေရာ ဂ်ာမန္ပရိတ္သတ္ေတြ အတြက္ေရာ ေတာ္ေတာ္ေလးကို ခါးသီတဲ့ ညေနခင္းပါပဲ။ ကၽြန္ေတာ္တို ့အသင္း ဟာ ၂၀၁၇ ထဲက ကပ္ဆိုက္ေနတာပါ။" လို ့ပြဲအၿပီး အင္တာဗ်ဴး မွာ ေျပာၾကားသြားပါတယ္။
၂၀၂၂ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ေနေသးတဲ့ ဂ်ာမနီ နည္းျပ ဂ်ိဳအာခ်င္လိုကေတာ့
" ကၽြန္ေတာ္တို ့မွာ အစီအစဥ္မရွိခဲ့ဘူး။ အႏိုင္ေလးရဖို ့ထေျမာက္ေအာင္ေတာင္ မေဆာင္ရြက္ႏိုင္ခဲ့ဘူး။ကၽြန္ေတာ္ တို ့အခြင့္အေရး အမ်ားႀကီး ကို ျဖဳန္းတီးခဲ့တယ္။ကၽြန္ေတာ့္တို ့ေတြ ကိုယ့္ကိုယ္တိုုင္ေတာင္ သက္ေသာင့္သက္သာအေနအထား မရွိခဲ့ၾကပါဘူး။"
" ပုဂၢိဳလ္ေရး အရေျပာရရင္ ကၽြန္ေတာ့္ကို သိပ္စိတ္ပ်က္ေစတယ္ဗ်ာ။ ကၽြန္ေတာ္ တို ့မနက္ဖန္ မွာ ဒီအေၾကာင္းေဆြးေႏြးဖို ့အခ်ိန္ အနည္းငယ္ေတာ့ လိုပါလိမ့္မယ္။" လို ့ပြဲအၿပီးမွာေျပာၾကားသြားခဲ့ပါတယ္။
ေနာက္ဆံုးပြဲသိမ္းခရာမႈတ္တဲ့ အခ်ိန္မွာေတာ့ ကြင္းထဲမွာ ရွိတဲ့ ဂ်ာမနီ အသင္းသားေတြ ရဲ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို ျမင္ေတြ ့ခဲ့ရၿပီး တစ္ကမာၻ လံုးက ဂ်ာမနီ ပရိတ္သတ္ေတြ ေရာ ကြင္းထဲက ပရိတ္သတ္ေတြပါ ငိုေႂကြးခဲ့ၾကပါတယ္။
#MailOnline
#FridayFlavors
နှစ်၈၀ ကြာ အုပ်စုအဆင့်ကနေ မထွက်ခဲ့ရတဲ့ ဂျာမနီ အသင်းရဲ့ စံချိန်ပျက်ပြဲ ခဲ့ပြီ။
Group F ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျာမနီ အသင်း နဲ့ တောင်ကိုရီးယား တို ့ပွဲစဉ်မှာ တော့ တောင်ကိုရီးယား အသင်းဟာ ဂျာမနီအသင်း ကိုုအချိန်ပို သွင်းဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
တကယ့်ကို မထင်ထားတဲ့ ရလဒ်တစ်ခု ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ ့ဖလား ချန်ပီယံကြီး ရဲ့ အံသြသင့်ဖွယ် ရှုံးနိမ့်မှု ဖြစ်ခဲ့ပါပြီ။
၁၆ သင်း အဆင့်တက်ဖို ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ မက္ကစီကို အသင်းဟာ ၃-၀ ဖြင့် အရေးနိမ့်နေခဲ့ချိန်မှာတောင် တောင်ကိုရီးယား ကိုု ၁-၀ အနိုင်ရယုံဖြင့် ဂိုးကွာခြားချက် အသာ နဲ့ ဂျာမနီ အသင်းဟာ ဒုတိယနေရာကနေ သေချာပေါက် နောက်တစ်ဆင့်တက်နိုင်မှာပါ။
ဒါပင်မယ့် လည်း ဘောလုံးဆိုတာ အလုံးကြီးပါလို ့ဆိုတဲ့ အတိုင်းပါပဲ။ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ တကယ်သေချာနေပါတယ်။
ဘာမှ မျော်လင့်ချက်မရှိတော့တဲ့ တောင်ကိုရီးယားလို အသင်းဟာ အားကစားစိတ်ဓာတ် အပြည့်နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခန်း ကန်သွားတာ ကို ချီးကျူးရမှာ ဖြစ်ပြီး ဂိုး ရနိုင်တဲ့ အခွင့်အရေး တွေကို ဖြုန်းတီးခဲ့တဲ့ ဂျာမနီ အသင်းကိုတော့ အပြစ်တင်ရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၃၈ ခုနှစ်ထဲက အခုအချိန်ထိ နှစ်ပေါင်း ၈၀ ကြာ ကမ္ဘာ ့ဖလားပြိုင်ပွဲ အုပ်စု အဆင့်ကနေ လှည့်မပြန်ရသေးတဲ့ ဂျာမနီ အသင်းဟာ အခုအချိန်မှာ တော့ စံချိန်ကောင်းကို ရိုက်ချိုးခံလိုက်ရပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄နှစ်က ဘရာဇီး ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီး အသင်းကို ၇-၁ နဲ့ အနိုင်ရခဲ့ တဲ့ ဂျာမနီ ရဲ့ လျှမ်းလျှမ်းတောက် ခြေစွမ်းတွေဟာ နောက်ထပ် ၄နှစ်အကြာအခု တောင်ကိုရီးယားနဲ့ပွဲမှာ အငွေ ့ပြန်မေ့လျော ့သွားခဲ့ပြီဖြစ်ပါတယ်။
ပွဲကစားချိန် ၉၂ မိနစ်မှာ သွင်းယူခဲ့ တဲ့ ကင်ယောင်ဂွမ်း ရဲ ့ ဂိုးဟာ လူကျွံအနေအထားမှာ ရှိနေပင်မယ့် ဂျန်ပေးပို ့လိုက်တဲ့ ဘောလုံးဟာ ဂျာမနီနောက်ခံလူ ဇူးလာ ရဲ့ ခြေထောက်နဲ ့ထိပြီးမှ ကင်ယောင်ဂွမ်းဆီရောက်ရှိခဲ့တယ် လို ့ဒိုင်လူကြီးက VAR အကူအညီ မှ တွေ ့ရှိခဲ့ပြီး ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။
၉၈ မိနစ်မှာ ဆွန်ယောင်မင် သွင်းခဲ့တဲ့ သွင်းဂိုးဟာလည်း ဂျာမနီ တစ်သင်းလုံး ဂိုးသမား နူအာပါမကျန် တောင်ကိုရီးယား ဂိုးဧရိယာ ထိပ်ထိ တက်ရောက်ကာ ဖိအားပေးတိုက်စစ်ဆင်နေတဲ့ အချိန်မှာ ပဲ တန်ပြန်တိုက်စစ် ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆွန်ယောင်မင် က ဂိုးသမားနူအာ မရှိတော့တဲ့ ဂိုးပေါက်ထဲကို သွင်းယူသွားခဲ့ပါတယ်။
ဂျာမနီ အသင်းဟာ သေချာပေါက်ဂိုးကန်သွင်းခွင့်တွေရခဲ့ပြီး ဂိုးနဲ့ ၆ကိုက်လောက် အကွာက အပိုင် ခေါင်းတိုက်ခွင့်၂ကြိမ် ရခဲ့တဲ့ နောက်ခံလူ မတ်ဟမ်းမဲလ်ဟာ ဆိုးရွားစွာဂိုုးပေါက်ကိုု လွဲချော်သွားခဲ့ပါတယ်။
သူဟာ ဘာလင်ကို ပြန်မယ့်လေယာဉ်ပျံပေါ်မှာ အိပ်မပျော်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။
ပွဲအပြီး မှာတော့ မတ်ဟမ်းမဲလ်က
" ကျွန်တော်တို ့အတွက် ဂျာမန်ဘောလုံးလောကအတွက် ရော ဂျာမန်ပရိတ်သတ်တွေ အတွက်ရော တော်တော်လေးကို ခါးသီတဲ့ ညနေခင်းပါပဲ။ ကျွန်တော်တို ့အသင်း ဟာ ၂၀၁၇ ထဲက ကပ်ဆိုက်နေတာပါ။" လို ့ပွဲအပြီး အင်တာဗျူး မှာ ပြောကြားသွားပါတယ်။
၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်းကျန်နေသေးတဲ့ ဂျာမနီ နည်းပြ ဂျိုအာချင်လိုကတော့
" ကျွန်တော်တို ့မှာ အစီအစဉ်မရှိခဲ့ဘူး။ အနိုင်လေးရဖို ့ထမြောက်အောင်တောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ကျွန်တော် တို ့အခွင့်အရေး အများကြီး ကို ဖြုန်းတီးခဲ့တယ်။ကျွန်တော့်တို ့တွေ ကိုယ့်ကိုယ်တိုုင်တောင် သက်သောင့်သက်သာအနေအထား မရှိခဲ့ကြပါဘူး။"
" ပုဂ္ဂိုလ်ရေး အရပြောရရင် ကျွန်တော့်ကို သိပ်စိတ်ပျက်စေတယ်ဗျာ။ ကျွန်တော် တို ့မနက်ဖန် မှာ ဒီအကြောင်းဆွေးနွေးဖို ့အချိန် အနည်းငယ်တော့ လိုပါလိမ့်မယ်။" လို ့ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံးပွဲသိမ်းခရာမှုတ်တဲ့ အချိန်မှာတော့ ကွင်းထဲမှာ ရှိတဲ့ ဂျာမနီ အသင်းသားတွေ ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို မြင်တွေ ့ခဲ့ရပြီး တစ်ကမ္ဘာ လုံးက ဂျာမနီ ပရိတ်သတ်တွေ ရော ကွင်းထဲက ပရိတ်သတ်တွေပါ ငိုကြွေးခဲ့ကြပါတယ်။
#MailOnline
#FridayFlavors
Post a Comment