Header Ads
#FridayFlavors
ဝီရှိုင်းယားအာဆင်နယ်အသင်းကနေ ထွက်ခွာမှုနဲ့ ပတ်သတ်ပြီးစိတ်မကောင်းဖြစ်နေတဲ့ ဂီရော့
ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗာ ဂီရော ့ဟာ သူအာဆင်နယ်မှာ ကစားခဲ့စဉ် အသင်းဖော်ဖြစ်ခဲ့တဲ့ ဝီးရှိုင်းယားတစ်ယောက် အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ်လို ့သတင်းကြားခဲ့ရပြီးနောက် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
" ဒါဟာတော်တော်လေး ရေပန်းစားနေတဲ့ သတင်းပါ။ ကျွန်တော်ဒီသတင်းကို ကြားခဲ့ရပြီးနောက် အရမ်းဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဘာလို ့လဲဆိုတော့ ဂျက်ဟာ ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ။"
" ဒါဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ သူ အသင်းကောင်းတစ်သင်းမှာ အကောင်းဆုံးအနေနဲ့ ပြန်လာနိုင်မယ်လို ့ကျွန်တော်ယုံကြည်ပါတယ်။ သူ အကောင်းဆုံးတွေ ရပါစေလို ့ကျွန်တော်ဆုတောင်းပေးပါတယ်။ဘာလို ့လဲဆိုတော့ သူ ့ကို ကျွန်တော်အမြဲတမ်း အသိမှတ်ပြု ချီးကျူးနေဆဲပါ။သူရော၊ သူ ့မိသားစုရော ပြန်လာနိုင်မှာပါ။ မန်နေဂျာ အသစ် ဟာ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ သူဟာ အသင်းအတွက် ရော ကစားသမားတွေ အတွက်ပါ တာဝန်ရှိတဲ့ သူတစ်ယောက်မို ့လို ့ပါ။" လို ့ပြောကြားသွားခဲ့ပါတယ်။
#FridayFlavors
No comments
Powered by Blogger.