ခ်ဲလ္ဆီးအသင္းအတြက္ဆက္လက္တိုက္ပြဲဝင္သြားမယ္လို ့ဆိုလိုက္တဲ့ ေမာ္ရာတာ
ခ်ဲလ္ဆီအသင္းရဲ႕ စပိန္တိုက္စစ္မႉး ေမာ္ရာတာဟာ သူ ့ရဲ႕ ခ်ဲလ္ဆီးအသင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ ပထမရာသီကို ထားခဲ့ၿပီး အသင္းအတြက္ ဆက္လက္တိုက္ပြဲဝင္သြားမယ္လို ့ ဆိုလိုက္ပါတယ္။
ေမာ္ရာတာဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန ေပါင္သန္း ၆၀ ျဖင့္ ၿပီးခဲ့တဲ့ရာသီက ေျပာင္းေရႊ ့လာခဲ့တာျဖစ္ၿပီး ရာသီအစမွာ ေတာ့ ခ်ဲလ္ဆီး အသင္းအတြက္ေျခစြမ္းျပ ဂိုးေတြ သြင္းယူေပးႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိပ္ မွာ ၁၁ဂိုး အထိ သြင္းယူ ထားႏိုင္ခဲ့ေသာ္လည္း ဒဏ္ရာျပႆနာ ၾကံဳေတြ ့ခဲ့ရၿပီး ျပန္လည္သက္သာလာခ်ိန္မွာ ေတာ့ အသင္းမွာ ေျခစြမ္းျပ ဂိုးသြင္းဖို ့ေတာ္ေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။
နည္းျပကြန္တီ အားကိုးတႀကီး ေခၚယူထားတဲ့ ေမာ္ရာတာဟာ ေျခစြမ္းမျပႏိုင္တဲ့ အတြက္ သူ ့ေနရာ အစားထိုးဖို ့ ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္တိုက္စစ္မႉး ဂီေရာ ့ကို ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ ့ကာလမွာ ေခၚယူအားျဖည့္ခဲ့ပါတယ္။ ဒါ့အျပင္ ေမာ္ရာတာလည္း အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ မပါဝင္ေတာ့ပါဘူး။
ဒါပင္မယ့္လည္း ေမာ္ရာတာ ဟာ လာမယ့္ရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ဆက္လက္တိုက္ပြဲဝင္သြားဖို ့ သူ ့ရဲ႕ အင္စတာဂရမ္အေကာင့္မွာ အခုလို တင္သြားခဲ့ပါတယ္။
"ရာသီအသစ္စဖို ့အရမ္းကိုစိတ္လႈပ္ရွားေနပါတယ္။" " အတိတ္ကာလ ဟာ အရမ္းကိုခက္ခဲလြန္းခဲ့ပါတယ္။ ဒါပင္မယ့္အေကာင္းဆံုး တဖန္ တိုက္ပြဲဝင္သြားဖို ့ ရာသီအသစ္ေတြရွိပါေသးတယ္။" လို ့ဆိုသြားပါတယ္။
ၿပီးခဲ့တဲ့ ရာသီက ေမာ္ရာတာ ရဲ႕ ကစားပံုဆိုးရြားမႈေတြကို ျမင္ေတြ ့ခဲ့ရေသာ္လည္း အခုအခ်ိန္မွာေတာ့ ေမာ္ရာတာဟာ အားလပ္ရက္ မွာ အျပင္းအထန္ေလ့က်င့္ေနပါတယ္။
ၾကံခိုင္မႈ ဦးစားေပးတဲ့ ပရီးမီးယားလိပ္ၿပိဳင္ပြဲ မွာ အသားက်ဖို ့ေမာ္ရာတာဟာ သူ ့ရဲ႕ အေဖာ္ ကမ္ပယ္လို နဲ႔အတူ Kick Boxing ေလ့က်င့္ေနေၾကာင္းသိရပါတယ္။
#MailOnline
#FridayFlavors
ချဲလ်ဆီးအသင်းအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို ့ဆိုလိုက်တဲ့ မော်ရာတာ
ချဲလ်ဆီအသင်းရဲ့ စပိန်တိုက်စစ်မှူး မော်ရာတာဟာ သူ ့ရဲ့ ချဲလ်ဆီးအသင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ ပထမရာသီကို ထားခဲ့ပြီး အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို ့ ဆိုလိုက်ပါတယ်။
မော်ရာတာဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင်သန်း ၆၀ ဖြင့် ပြီးခဲ့တဲ့ရာသီက ပြောင်းရွှေ ့လာခဲ့တာဖြစ်ပြီး ရာသီအစမှာ တော့ ချဲလ်ဆီး အသင်းအတွက်ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိပ် မှာ ၁၁ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာ ကြုံတွေ ့ခဲ့ရပြီး ပြန်လည်သက်သာလာချိန်မှာ တော့ အသင်းမှာ ခြေစွမ်းပြ ဂိုးသွင်းဖို ့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။
နည်းပြကွန်တီ အားကိုးတကြီး ခေါ်ယူထားတဲ့ မော်ရာတာဟာ ခြေစွမ်းမပြနိုင်တဲ့ အတွက် သူ ့နေရာ အစားထိုးဖို ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဂီရော ့ကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ ့ကာလမှာ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါ့အပြင် မော်ရာတာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်တော့ပါဘူး။
ဒါပင်မယ့်လည်း မော်ရာတာ ဟာ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို ့ သူ ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အခုလို တင်သွားခဲ့ပါတယ်။
"ရာသီအသစ်စဖို ့အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။" " အတိတ်ကာလ ဟာ အရမ်းကိုခက်ခဲလွန်းခဲ့ပါတယ်။ ဒါပင်မယ့်အကောင်းဆုံး တဖန် တိုက်ပွဲဝင်သွားဖို ့ ရာသီအသစ်တွေရှိပါသေးတယ်။" လို ့ဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ရာသီက မော်ရာတာ ရဲ့ ကစားပုံဆိုးရွားမှုတွေကို မြင်တွေ ့ခဲ့ရသော်လည်း အခုအချိန်မှာတော့ မော်ရာတာဟာ အားလပ်ရက် မှာ အပြင်းအထန်လေ့ကျင့်နေပါတယ်။
ကြံခိုင်မှု ဦးစားပေးတဲ့ ပရီးမီးယားလိပ်ပြိုင်ပွဲ မှာ အသားကျဖို ့မော်ရာတာဟာ သူ ့ရဲ့ အဖော် ကမ်ပယ်လို နဲ့အတူ Kick Boxing လေ့ကျင့်နေကြောင်းသိရပါတယ်။
#MailOnline
#FridayFlavors
Post a Comment