ေမာ္ရင္ဟို ဟာ ယူႏိုက္အတြက္ အထူးစပရွယ္ရာသီသစ္ကို ေပးဖို ့ရွိေနပါတယ္။ -အီဗရာမိုဗစ္
မန္ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္းႀကီး ဇလာတန္အီဗရာမိုဗစ္က ယူႏိုက္တက္နည္းျပေမာ္ရင္ဟိုဟာ လာမယ့္ရာသီမွာ အထူးစပရွယ္ ရာသီအျဖစ္ ယူႏိုက္တက္အတြက္ လုပ္ေဆာင္ေပးလိမ့္မယ္လို ့ ခန္ ့မွန္း ေျပာဆိုခဲ့ပါတယ္။
ဇလာတန္ အီဗရာမိုဗစ္ က ေမာ္ရင္ဟို မွာ ယူႏိုက္တက္ အတြက္စပယ္ရွယ္အရာတစ္ခု ရွိေနေၾကာင္းနဲ႔ ဒီရာသီမွာ အမ်ားမထင္ထားတဲ့ ႀကီးမားတဲ့ အေျပာင္းအေရႊ ့ကို လည္း အသင္းအတြက္ လုပ္ေဆာင္သြားလိမ့္မယ္လို ့ခန္ ့မွန္းေျပာဆို ခဲ့ပါတယ္။
အီဗရာမိုဗစ္ဟာ ၿပီးခဲ့တဲ့ မတ္လ က ယူႏိုက္တက္ကို စြန္ ့ခြာၿပီး LA Glaxy အသင္းထံေျပာင္းေရႊ ့လာခဲ့တာပဲျဖစ္ပါတယ္။ US ကို ေျခစမ္းပြဲအတြက္ေရာက္ရွိေနတဲ့ အသင္းေဟာင္းယူႏိုက္တက္ ဆီအဂၤါေန ့နံနက္အေစာပိုင္းက ေခတၱ ခဏလာေရာက္ပူးေပါင္းခဲ့တယ္လို ့သိရပါတယ္။
ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ကေမာ္ရင္ဟို အသင္းအတြက္ ႀကီးမားတဲ့ အေျပာင္းအေရႊ ့ေခၚယူဖို ့ႀကိဳးပမ္းေနၿပီး အဲလက္စ္ဆန္ဒ႐ို၊ဝီလီယံ၊မက္ဂြားယား နဲ႔ ပီဂ်န္နစ္တို ့ကို ခ်ိတ္ဆက္လ်က္ရွိေနေၾကာင္း အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။
"ဟိုင္း ပါ လူဒိုင္း လူဒိုုင္း 😛 ယူႏိုက္တက္ရဲ႕ ထရိန္နင္ ကို ဘယ္သူျပန္ေရာက္လာလဲ ခန္ ့မွန္းၾကည့္ပါဦး။" အီဗရာမိုဗစ္ ဟာ အဆိုပါဗီဒီယို ကို အင္စတာဂရမ္ေပၚ တင္ခဲ့ပါတယ္။
" အရည္အေသြး ျပည့္ဝတဲ့ သူေတြကို အမ်ားႀကီးေတြ ့ခဲ့ရပါတယ္။ဒါပင္မယ့္ ကၽြန္ေတာ့္ေလာက္ေတာ့ မျပည့္ဝဘူးဗ်။ ဒါေတာ့ အဆင္ေျပပါတယ္။ဒီေကာင္ေလးေတြနဲ႔ ျပန္ေတြ ့ရတာ အရမ္းကိုေပ်ာ္ပါတယ္။"
"ရာသီအသစ္အတြက္ အဆင္သင့္လုပ္ထားၾကပါ။ ဘာလို ့လဲဆိုေတာ့ ပိုမိုေကာင္းမြန္တဲ့ အထူးစပရွယ္ အရာတစ္ခု ျဖစ္လာေတာ့မွာပါ။နည္းျပကလည္း ထူးျခားေကာင္းမြန္တဲ့ အရာတစ္ခုကို လုပ္ေဆာင္ေနၿမဲပါ။"
"ကၽြန္ေတာ္တို ့ဒါကိုေတာ့ လွ်ိဳ ့ဝွက္ခ်က္အေနနဲ႔ ခဏ ထားထားမယ္ေနာ္။ရာသီသစ္မွာ ေပ်ာ္ရႊင္ပါေစ။အေကာင္းဆံုးနဲ႔ ေပ်ာ္ရႊင္မႈေတြ ရရွိႏိုင္ပါေစလို ့ကၽြန္ေတာ္ဆုေတာင္းေပးလိုက္ပါတယ္။"
(Unicode)
မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဇလာတန်အီဗရာမိုဗစ်က ယူနိုက်တက်နည်းပြမော်ရင်ဟိုဟာ လာမယ့်ရာသီမှာ အထူးစပရှယ် ရာသီအဖြစ် ယူနိုက်တက်အတွက် လုပ်ဆောင်ပေးလိမ့်မယ်လို ့ ခန် ့မှန်း ပြောဆိုခဲ့ပါတယ်။
ဇလာတန် အီဗရာမိုဗစ် က မော်ရင်ဟို မှာ ယူနိုက်တက် အတွက်စပယ်ရှယ်အရာတစ်ခု ရှိနေကြောင်းနဲ့ ဒီရာသီမှာ အများမထင်ထားတဲ့ ကြီးမားတဲ့ အပြောင်းအရွှေ ့ကို လည်း အသင်းအတွက် လုပ်ဆောင်သွားလိမ့်မယ်လို ့ခန် ့မှန်းပြောဆို ခဲ့ပါတယ်။
အီဗရာမိုဗစ်ဟာ ပြီးခဲ့တဲ့ မတ်လ က ယူနိုက်တက်ကို စွန် ့ခွာပြီး LA Glaxy အသင်းထံပြောင်းရွှေ ့လာခဲ့တာပဲဖြစ်ပါတယ်။ US ကို ခြေစမ်းပွဲအတွက်ရောက်ရှိနေတဲ့ အသင်းဟောင်းယူနိုက်တက် ဆီအင်္ဂါနေ ့နံနက်အစောပိုင်းက ခေတ္တ ခဏလာရောက်ပူးပေါင်းခဲ့တယ်လို ့သိရပါတယ်။
ယူနိုက်တက်ကစားသမားဟောင်းကြီး ကမော်ရင်ဟို အသင်းအတွက် ကြီးမားတဲ့ အပြောင်းအရွှေ ့ခေါ်ယူဖို ့ကြိုးပမ်းနေပြီး အဲလက်စ်ဆန်ဒရို၊ဝီလီယံ၊မက်ဂွားယား နဲ့ ပီဂျန်နစ်တို ့ကို ချိတ်ဆက်လျက်ရှိနေကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
"ဟိုင်း ပါ လူဒိုင်း လူဒိုုင်း 😛 ယူနိုက်တက်ရဲ့ ထရိန်နင် ကို ဘယ်သူပြန်ရောက်လာလဲ ခန် ့မှန်းကြည့်ပါဦး။" အီဗရာမိုဗစ် ဟာ အဆိုပါဗီဒီယို ကို အင်စတာဂရမ်ပေါ် တင်ခဲ့ပါတယ်။
" အရည်အသွေး ပြည့်ဝတဲ့ သူတွေကို အများကြီးတွေ ့ခဲ့ရပါတယ်။ဒါပင်မယ့် ကျွန်တော့်လောက်တော့ မပြည့်ဝဘူးဗျ။ ဒါတော့ အဆင်ပြေပါတယ်။ဒီကောင်လေးတွေနဲ့ ပြန်တွေ ့ရတာ အရမ်းကိုပျော်ပါတယ်။"
"ရာသီအသစ်အတွက် အဆင်သင့်လုပ်ထားကြပါ။ ဘာလို ့လဲဆိုတော့ ပိုမိုကောင်းမွန်တဲ့ အထူးစပရှယ် အရာတစ်ခု ဖြစ်လာတော့မှာပါ။နည်းပြကလည်း ထူးခြားကောင်းမွန်တဲ့ အရာတစ်ခုကို လုပ်ဆောင်နေမြဲပါ။"
"ကျွန်တော်တို ့ဒါကိုတော့ လျှို ့ဝှက်ချက်အနေနဲ့ ခဏ ထားထားမယ်နော်။ရာသီသစ်မှာ ပျော်ရွှင်ပါစေ။အကောင်းဆုံးနဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေလို ့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။"
Post a Comment