ကစားသမားေဟာင္းတစ္ေယာက္ကို ျပန္ေခၚယူဖို ့နည္းျပအူႏိုင္းအမ္မရီကိုေတာင္းဆိုေနၾကတဲ့ အာဆင္နယ္ပရိတ္သတ္မ်ား
နည္းျပသစ္အူႏိုင္းအမ္မရီဟာ အာဆင္နယ္အသစ္ကို အသစ္တစ္ဖန္ ျပန္လည္တည္ေဆာက္ေနၿပီး အာဆင္နယ္ပရိတ္သတ္ေတြကေတာ့ အသင္းအတြက္ ကစားသမားတစ္ေယာက္ကို အလိုရွိေနျပန္ပါတယ္။
အာဆင္နယ္ပရိတ္သတ္ေတြဟာ သူတို ့ရဲ႕ ဂႏၲဝင္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါး အသင္းကေန ထြက္ခြာခဲ့ၿပီးေနာက္ သူတို ့ရဲ႕ တြစ္တာစာမ်က္ႏွာ ေပၚမွာ အသင္းဆီျပန္လာေစခ်င္တဲ့ ကစားသမားတစ္ေယာက္ေခၚယူေပးဖို ့ေတာင္းဆိုေနပါတယ္။
သူကေတာ့ အာဆင္နယ္ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ သူတို ့ရဲ႕ တိုက္စစ္မွဴးေဟာင္းႀကီးအိုလီဗာ ဂီ႐ူးပဲျဖစ္ပါတယ္။
အဆိုပါ ျပင္သစ္သားႀကီးဟာ အာဆင္နယ္အသင္းကေန ခ်ဲလ္ဆီးအသင္းဆီၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ ့ကာလ ကေရာက္ရွိသြားခဲ့တာျဖစ္ၿပီး အာဆင္နယ္ပရိတ္သတ္ေတြက အခုအခ်ိန္မွာ သူ ့ကို အိမ္ျပန္လာဖို ့ေတာင္းဆိုေနတာပဲျဖစ္ပါတယ္။
အီမရိတ္စ္ မွာ ဂန္းနားေတြအတြက္ ၆ ႏွစ္ၾကာကစားခဲ့တဲ့ ဂီ႐ူးဟာ စတန္းဖို ့ဘရစ္ခ်္မွာေတာ့ ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီရဲ႕ အႀကိဳက္ကစားသမားျဖစ္ၿပီး ခ်ဲလ္ဆီးနည္းျပသစ္ဆာရီအတြက္ လည္းဆက္လက္ အႀကိဳက္ေတြ ့ေနဦးမွာပါ။
ဂီ႐ူးကစားဟန္ဟာ အီတလီ ေဘာလံုးတိုက္စစ္ကစားဟန္နဲ႔ဆင္တူၿပီး ေျခလွမ္းေလးေလးျဖင့္ ေဘာလံုးသယ္တဲ့ အေျခခံနည္းစနစ္ပံုစံကို ပိုင္ဆိုင္ထားပါတယ္။
အသက္ ၃၂ ႏွစ္အရြယ္ေရာက္ေတာ့မယ့္ ဂီ႐ူးကို အက္တလက္တီကို မက္ဒရစ္အသင္းက အငွားျဖင့္ေခၚယူ ဖို ့ခ်ိတ္ဆက္ေဆြးေႏြးေနၿပီး အာဆင္နယ္ပရိတ္သတ္ေတြကေတာ့ သူ ့ကို ေဒါ့မြန္ဆီမေရာက္ခင္ အာဆင္နယ္ဆီျပန္လာေစဖို ့တြစ္တာေပၚမွာေတာင္းဆိုေနၾကပါတယ္။
အာဆင္နယ္ အသင္းဟာ ဂီ႐ူးကို ခ်ဲလ္ဆီးအသင္းထံ ဘာေၾကာင့္ေရာင္းခ်ခဲ့ရတာလဲဆိုရင္ ေဒါ့မြန္တိုုက္စစ္မွဴး အူဘာမီးယန္း ကို ေခၚယူလိုတာေၾကာင့္ျဖစ္ၿပီး ေဒါ့မြန္အသင္းက လည္း ခ်ဲလ္ဆီး တိုက္စစ္မွဴး ဘတ္႐ူဝါရီ ကို အငွားျပန္ေခၚခဲ့ပါတယ္။
ဒါေၾကာင့္ ခ်ဲလ္ဆီး အသင္းကလည္း အာဆင္နယ္တိုက္စစ္မွဴး ဂီ႐ူးကို အစားထိုးျပန္လည္ေခၚယူခဲ့ၿပီး ဒါဟာ အသင္း၃ သင္းၾကား ၃ပြင့္ဆိုင္ ကစားသမားလဲလွယ္မႈျဖစ္ခဲ့ပါတယ္။
(Unicode)
နည်းပြသစ်အူနိုင်းအမ်မရီဟာ အာဆင်နယ်အသစ်ကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နေပြီး အာဆင်နယ်ပရိတ်သတ်တွေကတော့ အသင်းအတွက် ကစားသမားတစ်ယောက်ကို အလိုရှိနေပြန်ပါတယ်။
အာဆင်နယ်ပရိတ်သတ်တွေဟာ သူတို ့ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် သူတို ့ရဲ့ တွစ်တာစာမျက်နှာ ပေါ်မှာ အသင်းဆီပြန်လာစေချင်တဲ့ ကစားသမားတစ်ယောက်ခေါ်ယူပေးဖို ့တောင်းဆိုနေပါတယ်။
သူကတော့ အာဆင်နယ်ပရိတ်သတ်တွေရဲ့ အချစ်တော် သူတို ့ရဲ့ တိုက်စစ်မှူးဟောင်းကြီးအိုလီဗာ ဂီရူးပဲဖြစ်ပါတယ်။
အဆိုပါ ပြင်သစ်သားကြီးဟာ အာဆင်နယ်အသင်းကနေ ချဲလ်ဆီးအသင်းဆီပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ ့ကာလ ကရောက်ရှိသွားခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိတ်သတ်တွေက အခုအချိန်မှာ သူ ့ကို အိမ်ပြန်လာဖို ့တောင်းဆိုနေတာပဲဖြစ်ပါတယ်။
အီမရိတ်စ် မှာ ဂန်းနားတွေအတွက် ၆ နှစ်ကြာကစားခဲ့တဲ့ ဂီရူးဟာ စတန်းဖို ့ဘရစ်ချ်မှာတော့ ချဲလ်ဆီးနည်းပြဟောင်းကွန်တီရဲ့ အကြိုက်ကစားသမားဖြစ်ပြီး ချဲလ်ဆီးနည်းပြသစ်ဆာရီအတွက် လည်းဆက်လက် အကြိုက်တွေ ့နေဦးမှာပါ။
ဂီရူးကစားဟန်ဟာ အီတလီ ဘောလုံးတိုက်စစ်ကစားဟန်နဲ့ဆင်တူပြီး ခြေလှမ်းလေးလေးဖြင့် ဘောလုံးသယ်တဲ့ အခြေခံနည်းစနစ်ပုံစံကို ပိုင်ဆိုင်ထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရောက်တော့မယ့် ဂီရူးကို အက်တလက်တီကို မက်ဒရစ်အသင်းက အငှားဖြင့်ခေါ်ယူ ဖို ့ချိတ်ဆက်ဆွေးနွေးနေပြီး အာဆင်နယ်ပရိတ်သတ်တွေကတော့ သူ ့ကို ဒေါ့မွန်ဆီမရောက်ခင် အာဆင်နယ်ဆီပြန်လာစေဖို ့တွစ်တာပေါ်မှာတောင်းဆိုနေကြပါတယ်။
အာဆင်နယ် အသင်းဟာ ဂီရူးကို ချဲလ်ဆီးအသင်းထံ ဘာကြောင့်ရောင်းချခဲ့ရတာလဲဆိုရင် ဒေါ့မွန်တိုုက်စစ်မှူး အူဘာမီးယန်း ကို ခေါ်ယူလိုတာကြောင့်ဖြစ်ပြီး ဒေါ့မွန်အသင်းက လည်း ချဲလ်ဆီး တိုက်စစ်မှူး ဘတ်ရူဝါရီ ကို အငှားပြန်ခေါ်ခဲ့ပါတယ်။
ဒါကြောင့် ချဲလ်ဆီး အသင်းကလည်း အာဆင်နယ်တိုက်စစ်မှူး ဂီရူးကို အစားထိုးပြန်လည်ခေါ်ယူခဲ့ပြီး ဒါဟာ အသင်း၃ သင်းကြား ၃ပွင့်ဆိုင် ကစားသမားလဲလှယ်မှုဖြစ်ခဲ့ပါတယ်။
Post a Comment